– – – Seolhyun ဘာဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပြီး ဒါကို ကာယကံရှင်ကိုယ်တိုင် …
tvN ဇာတ်လမ်းတွဲ The Murderer’s Shopping List ထွက်လာပြီးနောက် online community တစ်ခုဖြစ်တဲ့ Nate Pann မှာ Seolhyun ရုပ်ပြောင်းသွားတာ မှတ်တောင် မမှတ်မိဘူးလို့ ကိုရီးယား Netizen တွေက မှတ်ချက်တွေ ရေးသားနေကြပါတယ်။
Seolhyun က အဲဒီ Nate Pann က Post ကို Instagram Story မှာ ‘What happened to Seolhyun?’ (Seolhyun ဘာဖြစ်တာလဲ?) ဆိုပြီး ပြန်တင်ခဲ့တာပါ။
ဆက်ပြီးတော့ Seolhyun က ပရိသတ်တွေကို “ဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ သိချင်ရင်တော့ … The Murderer’s Shopping List မှာ စောင့်ကြည့်ပါ”လို့ ရေးသားခဲ့ပါတယ်။ Seolhyun အနေနဲ့ အခွင့်ရတုန်း သူ့ရဲ့ ဇာတ်လမ်းတွဲကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
‘The Murderer’s Shopping List,’ ဇာတ်လမ်းတွဲမှာ Lee Kwang Soo နဲ့ Seolhyun တို့က ခေါင်းဆောင်အဖြစ် ပါဝင်ထားပြီး လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပွားတတ်တဲ့ မှုခင်းအကြောင်းအရာတွေ စုံစမ်းဖော်ထုတ်မှုကို ဟာသဆန်ဆန် ရိုက်ကူးထားတယ်လို့ သိရပါတယ်။
အဲဒီဇာတ်လမ်းတွဲ Seolhyun က ဇာတ်ကောင်နဲ့ လိုက်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ကာ သရုပ်ဆောင်ထားတာကြောင့် ဇာတ်လမ်းတွဲ စတင်ထုတ်လွှင့်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေတာပါ။
Netizens က “Seolhyun ကို ကြိုက်တယ်” “ဇာတ်လမ်းတွဲက အရမ်းရယ်ရတယ်” “ဇာတ်လမ်းတွဲကို အရမ်းကြိုက်တယ်” “Seolhyun အရမ်းလှတယ်။ The Murderer’s Shopping List မှာ သရုပ်ဆောင်တာလည်း အရမ်းကောင်းတယ်” “သူ သရုပ်ဆောင်တာ အရမ်းကောင်းတယ်” “သူ့ရဲ့ တုံ့ပြန်မှုလေးက ချစ်စရာ” စတဲ့ မှတ်ချက်ပြုတွေ ရေးသားခဲ့ကြပါတယ်။
Source: AKP
-Zawgyi
■ Lee Kwang Soo နဲ႔ ဇာတ္လမ္းတဲြမွာ ႐ုပ္မမွတ္မိဘူးလုိ႔ ေျပာေနၾကတဲ့အေပၚ Seolhyun ဘယ္လုိတုံ႔ျပန္ထားလဲ
– – – Seolhyun ဘာျဖစ္တာလဲဆုိတဲ့ ေမးခြန္းေတြ ထြက္ေပၚေနၿပီး ဒါကုိ ကာယကံရွင္ကုိယ္တုိင္ …
tvN ဇာတ္လမ္းတဲြ The Murderer’s Shopping List ထြက္လာၿပီးေနာက္ online community တစ္ခုျဖစ္တဲ့ Nate Pann မွာ Seolhyun ႐ုပ္ေျပာင္းသြားတာ မွတ္ေတာင္ မမွတ္မိဘူးလုိ႔ ကုိရီးယား Netizen ေတြက မွတ္ခ်က္ေတြ ေရးသားေနၾကပါတယ္။
Seolhyun က အဲဒီ Nate Pann က Post ကုိ Instagram Story မွာ ‘What happened to Seolhyun?’ (Seolhyun ဘာျဖစ္တာလဲ?) ဆုိၿပီး ျပန္တင္ခဲ့တာပါ။
ဆက္ၿပီးေတာ့ Seolhyun က ပရိသတ္ေတြကုိ “ဘာလုိ႔ ဒီလုိေတြ ျဖစ္ေနတာလဲ သိခ်င္ရင္ေတာ့ … The Murderer’s Shopping List မွာ ေစာင့္ၾကည့္ပါ”လုိ႔ ေရးသားခဲ့ပါတယ္။ Seolhyun အေနနဲ႔ အခြင့္ရတုန္း သူ႔ရဲ႕ ဇာတ္လမ္းတဲြကုိ ေၾကညာခဲ့တာ ျဖစ္ပါတယ္။
‘The Murderer’s Shopping List,’ ဇာတ္လမ္းတဲြမွာ Lee Kwang Soo နဲ႔ Seolhyun တုိ႔က ေခါင္းေဆာင္အျဖစ္ ပါဝင္ထားၿပီး လူမႈပတ္ဝန္းက်င္မွာ ျဖစ္ပြားတတ္တဲ့ မႈခင္းအေၾကာင္းအရာေတြ စုံစမ္းေဖာ္ထုတ္မႈကုိ ဟာသဆန္ဆန္ ႐ုိက္ကူးထားတယ္လုိ႔ သိရပါတယ္။
အဲဒီဇာတ္လမ္းတဲြ Seolhyun က ဇာတ္ေကာင္နဲ႔ လိုက္ေအာင္ ျပင္ဆင္မႈေတြ ျပဳလုပ္ကာ သ႐ုပ္ေဆာင္ထားတာေၾကာင့္ ဇာတ္လမ္းတဲြ စတင္ထုတ္လႊင့္ကတည္းက ပရိသတ္ေတြရဲ႕ အာ႐ုံစုိက္မႈကုိ ရရွိေနတာပါ။
Netizens က “Seolhyun ကုိ ႀကိဳက္တယ္” “ဇာတ္လမ္းတဲြက အရမ္းရယ္ရတယ္” “ဇာတ္လမ္းတဲြကုိ အရမ္းႀကိဳက္တယ္” “Seolhyun အရမ္းလွတယ္။ The Murderer’s Shopping List မွာ သ႐ုပ္ေဆာင္တာလည္း အရမ္းေကာင္းတယ္” “သူ သ႐ုပ္ေဆာင္တာ အရမ္းေကာင္းတယ္” “သူ႔ရဲ႕ တုံ႔ျပန္မႈေလးက ခ်စ္စရာ” စတဲ့ မွတ္ခ်က္ျပဳေတြ ေရးသားခဲ့ၾကပါတယ္။
Source: AKP