K pop

■ လေဆိပ်ဖက်ရှင်နဲ့ Hot Topic ဖြစ်သွားတဲ့ နာမည်ကျော် Idol

– – – ကျောပြင်ကို အတိုင်းသားမြင်ရသလို၊ ရှေ့ပိုင်းကလည်း See-through ဖြစ်တာကြောင့် Netizen တွေအကြား Hot Topic ဖြစ်ပြီး Viral ဖြစ်နေတဲ့ နာမည်ကျော်ကတော့ …

လက်ရှိ K-Pop လောကမှာ လေဆိပ်ဖက်ရှင်ကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ထဲ ပါဝင်နေပြီး (G)I-DLE အဖွဲ့ရဲ့ အင်ချွန်းလေဆိပ်က ဖက်ရှင်ကတော့ ကိုရီးယားအင်တာနက်အသုံးပြုသူတွေ အကြား Viral ဖြစ်နေတာပါ။

ဂျာမနီကို ထွက်ခွာဖို့ အင်ချွန်းလေဆိပ်ကို (G)I-DLE အဖွဲ့ ရောက်လာရာမှာ အဖွဲ့ခေါင်းဆောင် Jeon So-yeon ရဲ့ ဖက်ရှင်က သတင်းထောက်တွေကိုသာမက ပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့ပြီး အွန်လိုင်းမှာ အတော်လေးကို ဂယက်ထခဲ့တာပါ။

ပုံမှာ မြင်တဲ့အတိုင်း Jeon So-yeon ဟာ နောက်ကျောကို အတိုင်းသား မြင်နိုင်တဲ့ See-through ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် နောက်ကနေကြည့်ရင် Bra ကို အတိုင်းသား မြင်နိုင်သလို၊ ရှေ့ကလည်း See-through ဖြစ်တာကြောင့် Bra ကို မြင်ရတာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ် မွေးဖွားတဲ့ Jeon So-yeon ဟာ (G)I-DLE အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဂီတပါရမီနဲ့ ပတ်သက်လို့ ဝေဖန်သူတွေ၊ ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။ အခု Jeon So-yeon ရဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ရဲတင်းလွန်းတယ်လို့ ဝေဖန်သူတွေရှိသလို၊ ဝတ်ရဲတာကို ချီးကျူးနေတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။

Source: KBZ

 

-Zawgyi







Source: KBZ

You cannot copy content of this page