K pop

■ LE SSERAFIM Sakura ရဲ့ ရင်နင့်ဖြစ်ရပ်

– – – ကျွန်မအသက် (၁) နဲ့ အဖေနဲ့ အမေ ကွာရှင်းကြတယ်။ အဖေ့ကို ကျွန်မကောင်းကောင်း မမှတ်မိဘူး။ တစ်နေ့မှာတော့ လူတစ်ယောက်က ကျွန်မလက်ကို ကိုင်ပြီး …

JTBC ရဲ့ နာမည်ကျော် entertainment show “Knowing Bros” မှာ LE SSERAFIM အဖွဲ့ဝင်တွေဖြစ်တဲ့ Sakura နဲ့ Kim Chae-won, Billie အဖွဲ့ဝင်တွေဖြစ်တဲ့ Moon Soo-ah နဲ့ Tsuki, Celeb Five အဖွဲ့ဝင် Kim Shin-young တို့ ဧည့်သည်အဖြစ် ပါဝင်ခဲ့ကြပါတယ်။

သူတို့ပါဝင်တဲ့ အပိုင်းမှာ Knowing Bros တင်ဆက်သူတွေက အမှတ်ရဆုံး ပရိသတ်တွေနဲ့ ဆုံတွေ့မှုကို မေးမြန်းခဲ့တာပါ။ အဲဒီမှာ LE SSERAFIM အဖွဲ့ဝင် Sakura က သူရဲ့ ရင်နင့်စရာဖြစ်ရပ်အကြောင်းကို အခုလို ပြောပြခဲ့တာပါ။

Sakura က “ကျွန်မ အသက် (၁) နှစ်မှာပဲ အဖေနဲ့ အမေ ကွာရှင်းခဲ့ကြတာပါ။ အဲဒီကတည်းက အဖေ့ကို ကျွန်မ တစ်ခါမှ မမြင်ခဲ့ရဘူး။ ဓာတ်ပုံလေးတောင် မမြင်ခဲ့ရတာပါ။ ဒါကြောင့် အဖေ့မျက်နှာ ဘယ်လိုရှိတယ်ဆိုတာကိုလည်း ကျွန်မ မသိပါဘူး။ ကျွန်မ Idol အဖြစ် ပွဲထွက်ပြီးတော့ တစ်နေ့ ကျွန်မရဲ့ မွေးရပ်မြေမှာ ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ ပရိသတ်တွေကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

အဲဒီမှာ လူကြီးတစ်ယောက်က ငါ အမြဲတမ်း မင်းကို အားပေးနေတယ်လို့ ပြောပါတယ်။ ပြီးတော့ ကျွန်မတို့ လက်ဆွဲနှုတ်ဆက်ချိန်မှာ သူက ငါ မင်းအဖေပဲလို့ ကျွန်မကို ပြောပြီး အခု ဒီကိုလာတာလည်း ကျွန်မကို အားပေးဖို့ လာတာလို့ ဆိုပါတယ်။ ကျွန်မက အဖေ့မျက်နှာကို မမြင်ဖူးတာကြောင့် ဟုတ်၊ မဟုတ် သေချာမသိပါဘူး။ ဒါပေမဲ့ အဲဒီဖြစ်ရပ်က တကယ်ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ နားလည်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်ပြီးတော့ Sakura က “နောက်တစ်ယောက်ကတော့ ကျွန်မအဘွားပါ။ သူက နင် မမှတ်မိဘူးလားဆိုပြီး ကျွန်မကို ပြောတယ်။ ဒါက လိမ်တာလည်း ဖြစ်နိုင်တာပါပဲ။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီလူကြီးဟာ ကျွန်မရဲ့ အဖေအရင်းလို့ ခံစားရပါတယ်။ သူ့ကို သတိအရဆုံးပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက်မှာရော Sakura အနေနဲ့ သူ့အဖေပါလို့ ပြောခဲ့တဲ့ လူကြီးနဲ့ ထပ်တွေ့သေးသလားလို့ အစီအစဉ်တင်ဆက်သူတွေက မေးမြန်းခဲ့ရာမှာတော့ Sakura က အဲဒီနောက်ပိုင်း လုံးဝထပ်မတွေ့တော့ပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ Sakura ဟာ အဲဒီအကြောင်းကို ပြောပြချိန်မှာ ဝမ်းနည်းနေပုံပေါ်ပြီး လွမ်းလွမ်းဆွေးဆွေးလေးနဲ့ ပြောပြခဲ့တာပါ။

Source: KBZ

 

-Zawgyi

■ LE SSERAFIM Sakura ရဲ႕ ရင္နင့္ျဖစ္ရပ္

– – – ကၽြန္မအသက္ (၁) နဲ႔ အေဖနဲ႔ အေမ ကြာရွင္းၾကတယ္။ အေဖ့ကုိ ကၽြန္မေကာင္းေကာင္း မမွတ္မိဘူး။ တစ္ေန႔မွာေတာ့ လူတစ္ေယာက္က ကၽြန္မလက္ကုိ ကုိင္ၿပီး …

JTBC ရဲ႕ နာမည္ေက်ာ္ entertainment show “Knowing Bros” မွာ LE SSERAFIM အဖဲြ႕၀င္ေတြျဖစ္တဲ့ Sakura နဲ႔ Kim Chae-won, Billie အဖဲြ႕၀င္ေတြျဖစ္တဲ့ Moon Soo-ah နဲ႔ Tsuki, Celeb Five အဖဲြ႕၀င္ Kim Shin-young တုိ႔ ဧည့္သည္အျဖစ္ ပါ၀င္ခဲ့ၾကပါတယ္။

သူတုိ႔ပါ၀င္တဲ့ အပုိင္းမွာ Knowing Bros တင္ဆက္သူေတြက အမွတ္ရဆုံး ပရိသတ္ေတြနဲ႔ ဆုံေတြ႕မႈကုိ ေမးျမန္းခဲ့တာပါ။ အဲဒီမွာ LE SSERAFIM အဖဲြ႕၀င္ Sakura က သူရဲ႕ ရင္နင့္စရာျဖစ္ရပ္အေၾကာင္းကုိ အခုလုိ ေျပာျပခဲ့တာပါ။

Sakura က “ကၽြန္မ အသက္ (၁) ႏွစ္မွာပဲ အေဖနဲ႔ အေမ ကြာရွင္းခဲ့ၾကတာပါ။ အဲဒီကတည္းက အေဖ့ကုိ ကၽြန္မ တစ္ခါမွ မျမင္ခဲ့ရဘူး။ ဓာတ္ပုံေလးေတာင္ မျမင္ခဲ့ရတာပါ။ ဒါေၾကာင့္ အေဖ့မ်က္ႏွာ ဘယ္လုိရွိတယ္ဆုိတာကုိလည္း ကၽြန္မ မသိပါဘူး။ ကၽြန္မ Idol အျဖစ္ ပဲြထြက္ၿပီးေတာ့ တစ္ေန႔ ကၽြန္မရဲ႕ ေမြးရပ္ေျမမွာ ပရိသတ္ေတြ႕ဆုံပဲြ ျပဳလုပ္ခဲ့ၿပီး တက္ေရာက္လာတဲ့ ပရိသတ္ေတြကို လက္ဆဲြႏႈတ္ဆက္ခဲ့ပါတယ္။

အဲဒီမွာ လူႀကီးတစ္ေယာက္က ငါ အၿမဲတမ္း မင္းကုိ အားေပးေနတယ္လုိ႔ ေျပာပါတယ္။ ၿပီးေတာ့ ကၽြန္မတုိ႔ လက္ဆဲြႏႈတ္ဆက္ခ်ိန္မွာ သူက ငါ မင္းအေဖပဲလုိ႔ ကၽြန္မကုိ ေျပာၿပီး အခု ဒီကုိလာတာလည္း ကၽြန္မကုိ အားေပးဖုိ႔ လာတာလုိ႔ ဆုိပါတယ္။ ကၽြန္မက အေဖ့မ်က္ႏွာကုိ မျမင္ဖူးတာေၾကာင့္ ဟုတ္၊ မဟုတ္ ေသခ်ာမသိပါဘူး။ ဒါေပမဲ့ အဲဒီျဖစ္ရပ္က တကယ္ျဖစ္လာႏုိင္တယ္ဆုိတာကုိေတာ့ နားလည္ထားပါတယ္”လုိ႔ ဆုိခဲ့ပါတယ္။

ဆက္ၿပီးေတာ့ Sakura က “ေနာက္တစ္ေယာက္ကေတာ့ ကၽြန္မအဘြားပါ။ သူက နင္ မမွတ္မိဘူးလားဆုိၿပီး ကၽြန္မကုိ ေျပာတယ္။ ဒါက လိမ္တာလည္း ျဖစ္ႏုိင္တာပါပဲ။ ဒါေပမဲ့ ကၽြန္မကေတာ့ အဲဒီလူႀကီးဟာ ကၽြန္မရဲ႕ အေဖအရင္းလုိ႔ ခံစားရပါတယ္။ သူ႕ကုိ သတိအရဆုံးပါပဲ” လုိ႔ ေျပာဆုိခဲ့ပါတယ္။

အဲဒီေနာက္မွာေရာ Sakura အေနနဲ႔ သူ႕အေဖပါလုိ႔ ေျပာခဲ့တဲ့ လူႀကီးနဲ႔ ထပ္ေတြ႕ေသးသလားလုိ႔ အစီအစဥ္တင္ဆက္သူေတြက ေမးျမန္းခဲ့ရာမွာေတာ့ Sakura က အဲဒီေနာက္ပုိင္း လုံး၀ထပ္မေတြ႕ေတာ့ပါဘူးလုိ႔ ျပန္ေျဖခဲ့ပါတယ္။ Sakura ဟာ အဲဒီအေၾကာင္းကို ေျပာျပခ်ိန္မွာ ၀မ္းနည္းေနပုံေပၚၿပီး လြမ္းလြမ္းေဆြးေဆြးေလးနဲ႔ ေျပာျပခဲ့တာပါ။

Source: KBZ

You cannot copy content of this page