K pop

■ Billboard Music Awards မှာ Destiny’s Child ရဲ့ (၁၇) နှစ်ကြာ စံချိန်ကို ချိုးလိုက်တဲ့ BTS

– – – ၁၇ နှစ်ကြာ တည်တံ့နေတဲ့ Destiny’s Child အဖွဲ့ရဲ့ စံချိန်ကို BTS ဘယ်လို ချိုးခဲ့တယ်ဆိုတာကို ပုံနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ဒီနေ့က နံနက်ပိုင်းက အမေရိကန်မှာ ကျင်းပတဲ့ Billboard Music Awards မှာ နာမည်ကျော် BTS အဖွဲ့က ဆု (၃) ခု ရရှိခဲ့ပါတယ်။ ဆန်ခါတင် (၆) ခု ဝင်ခဲ့တဲ့ BTS အဖွဲ့ဟာ ဒီနှစ်မှာ ပွဲတက်ခြင်းမရှိပေမဲ့ ဆု (၃) ဆုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

BTS အဖွဲ့ဟာ ဒီနှစ် Billboard Music Awards မှာ Top Duo/Group, Top Song Sales Artist, Top Selling Song စတဲ့ ဆု (၃) ဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး အခု ရရှိတဲ့ ဆု (၃) ဆုကို ထည့်ပေါင်းလိုက်မယ်ဆိုရင် BTS အဖွဲ့အနေနဲ့ Billboard Music Awards ဆု (၁၂) ဆုအထိ ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် BTS အဖွဲ့ Billboard Music Awards သမိုင်းတစ်လျှောက် ဆုအများဆုံးရအဖွဲ့အဖြစ် Destiny’s Child အဖွဲ့ကို ကျော်ပြီး ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Destiny’s Child အဖွဲ့ဟာ Billboard Music Awards မှာ ဆု (၁၁) ဆုအထိ ရရှိထားပြီး သမိုင်းတစ်လျှောက် ဆုအများဆုံးရ အဖွဲ့အဖြစ် စံချိန်တင်ထားတာ (၁၇) နှစ်ကြာခဲ့ပြီဖြစ်ပြီး အခု BTS အဖွဲ့က သူတို့ရဲ့ စံချိန်ကို (၁) ဆုအသာ ရိုက်ချိုးကာ စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

Source: WMA

 

-Zawgyi

■ Billboard Music Awards မွာ Destiny’s Child ရဲ႕ (၁၇) ႏွစ္ၾကာ စံခ်ိန္ကုိ ခ်ဳိးလုိက္တဲ့ BTS

– – – ၁၇ ႏွစ္ၾကာ တည္တံ့ေနတဲ့ Destiny’s Child အဖဲြ႕ရဲ႕ စံခ်ိန္ကို BTS ဘယ္လုိ ခ်ဳိးခဲ့တယ္ဆုိတာကုိ ပုံႏွိပ္ၿပီး ဖတ္႐ႈႏုိင္ပါတယ္။

ဒီေန႔က နံနက္ပုိင္းက အေမရိကန္မွာ က်င္းပတဲ့ Billboard Music Awards မွာ နာမည္ေက်ာ္ BTS အဖဲြ႕က ဆု (၃) ခု ရရွိခဲ့ပါတယ္။ ဆန္ခါတင္ (၆) ခု ၀င္ခဲ့တဲ့ BTS အဖဲြ႕ဟာ ဒီႏွစ္မွာ ပဲြတက္ျခင္းမရွိေပမဲ့ ဆု (၃) ဆုကုိ ရယူႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

BTS အဖဲြ႕ဟာ ဒီႏွစ္ Billboard Music Awards မွာ Top Duo/Group, Top Song Sales Artist, Top Selling Song စတဲ့ ဆု (၃) ဆုကုိ ရယူႏုိင္ခဲ့တာျဖစ္ၿပီး အခု ရရွိတဲ့ ဆု (၃) ဆုကုိ ထည့္ေပါင္းလုိက္မယ္ဆုိရင္ BTS အဖဲြ႕အေနနဲ႔ Billboard Music Awards ဆု (၁၂) ဆုအထိ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ BTS အဖဲြ႕ Billboard Music Awards သမုိင္းတစ္ေလွ်ာက္ ဆုအမ်ားဆုံးရအဖဲြ႕အျဖစ္ Destiny’s Child အဖဲြ႕ကုိ ေက်ာ္ၿပီး ရပ္တည္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

Destiny’s Child အဖဲြ႕ဟာ Billboard Music Awards မွာ ဆု (၁၁) ဆုအထိ ရရွိထားၿပီး သမုိင္းတစ္ေလွ်ာက္ ဆုအမ်ားဆုံးရ အဖဲြ႕အျဖစ္ စံခ်ိန္တင္ထားတာ (၁၇) ႏွစ္ၾကာခဲ့ၿပီျဖစ္ၿပီး အခု BTS အဖဲြ႕က သူတုိ႔ရဲ႕ စံခ်ိန္ကုိ (၁) ဆုအသာ ႐ုိက္ခ်ဳိးကာ စံခ်ိန္သစ္ တင္ခဲ့တာ ျဖစ္ပါတယ္။

Source: WMA

You cannot copy content of this page