– – – သူတို့ရဲ့ ပြောင်မြောက်တဲ့ Visual တွေကြောင့် အခုလို Nickname ရထားတာဖြစ်ပြီး Wonyoung, Yuna, Yoon တို့ရဲ့ နာမည်ပြောင်တွေက ဘာများဖြစ်မလဲ …
STAYC Yoon
Yoon ကိုတော့ “SIMS” လို့ သူ့ပရိသတ်တွေက ခေါ်ပါတယ်။ ဒီနာမည်ပြောင် Yoon မိသားစု နာမည်နဲ့ “Shim” ပါသလို၊ Graphic နဲ့ဆွဲထားသလိုလှတာကြောင့် computer game တစ်ခုဖြစ်တဲ့ SIMS ဆိုပြီး ခေါ်တာပါ။
Nmixx Sullyoon
Sullyoon ကိုတော့ “fairy” (နတ်သမီး) လို့ ခေါ်ပါတယ်။ Sullyoon ပွဲမထွက်ခင်ကတည်းက သူ့ရဲ့ Visual နဲ့ ပတ်သက်ပြီး နာမည်ကျော်ခဲ့ကာ သူ့ရဲ့ အပြစ်ကင်းတဲ့ Vibe နဲ့ aura တွေကြောင့် “fairy” လို့ ခေါ်တာပါ။
ITZY Yuna
ITZY ရဲ့အငယ်ဆုံးလေး Yuna ရဲ့ နာမည်ပြောင်တစ်ခု “body queen” ဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယအချိုးအဆစ်ကြောင့် အဲဒီလိုခေါ်ပါတယ်။ ပြီးတော့ Yuna ကို “Queenka” လို့လည်း ခေါ်ပါတယ်။ “Queen Bee”လို့ အဓိပ္ပာယ်ရပြီး ဖက်ရှင်ကျပြီး ကျောင်းမှာ ကျော်ကြားတဲ့ မိန်းကလေး ဖြစ်လို့ပါတဲ့။
aespa Karina
aespa အဖွဲ့ခေါင်းဆောင် Karina ကိုတော့ “CG” လို့ ခေါ်ပါတယ်။ “computer graphics” ရဲ့ အတိုကောက် ဖြစ်ပါတယ်။ ပရိသတ်တွေက Karina ရဲ့ Visual ဟာ ကွန်ပြူတာနဲ့ ရေးဆွဲထားသလို Vibe မျိုးဖြစ်တာကြောင့် အခုလို ခေါ်ဆိုတာ ဖြစ်ပါတယ်။
IVE Jang Wonyoung
IVE အဖွဲ့ဝင် Jang Wonyoung ကိုတော့ “princess” လို့ ခေါ်ပါတယ်။ Wonyoung ရဲ့ ကျက်သရေရှိမှုနဲ့ အထက်တန်းကျတဲ့ Visual ကြောင့် အခုလို ခေါ်တာဖြစ်ပြီး နတ်သမီးပုံပြင်တွေထဲက မင်းသမီးလေးလို လှတယ်လို့ ဆိုပါတယ်။
Source: KBZ