K pop

■ IU၊ CL တို့နဲ့ collaboration လုပ်ချင်တယ်ဆိုတဲ့ SISTAR အဖွဲ့ဝင်ဟောင်း

– – – K-Pop ရဲ့ ထိတ်ထိတ်ကြဲအမျိုးသမီးတွေဖြစ်တဲ့ IU၊ CL တို့နဲ့ collaboration လုပ်ချင်နေတဲ့ SISTAR အဖွဲ့ဝင်ဟောင်းကတော့ …

၂၀၁၇ မှာ ဖျက်သိမ်းခဲ့တဲ့ SISTAR အဖွဲ့ဟာ ၂၀၁၀ ကျော်ကာလတွေမှာ ပရိသတ်တွေရဲ့ နှလုံးသား အထူးသဖြင့် ပုရိသတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ပြီး ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ (၇) နှစ်ကြာ ရပ်တည်ခဲ့တာပါ။

အဲဒီ SISTAR အဖွဲ့မှာ ပါရမီအရှိဆုံး၊ အသံအကောင်းဆုံးအဖြစ် သတ်မှတ်ခံရသူကတော့ Hyolyn ဖြစ်ပြီး အဖွဲ့နဲ့ လမ်းခွဲပြီးနောက် တစ်ကိုယ်တော်အဖြစ် ရပ်တည်ရာမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Hyolyn က သူ့အနေနဲ့ K-Pop လောကမှာ collaboration လုပ်ချင်တဲ့ အမျိုးသမီး (၂) ဦးရှိပြီး အနာဂတ်မှာ သူတို့နဲ့ collaboration လုပ်ဖို့ မျှော်လင့်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

Hyolyn က “ကျွန်မ လက်တွဲ အလုပ်ချင်တဲ့သူတစ်ယောက် ရှိပါတယ်။ ကျွန်မအနေနဲ့ IU နဲ့ collaboration လုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ IU ဘယ်လိုဆက်သွယ်ရမလဲ မသိပါဘူး။ သူနဲ့ အဆက်အသွယ်လည်း မရှိဘူးဆိုတော့လေ။

ဒါပေမဲ့ IU ဆီကို လူမှုကွန်ရက်တွေကနေ တိုက်ရိုက်မက်ဆေ့ချ် ပို့လို့ရမယ်လို့တော့ ကျွန်မ ထင်တယ်။ ပြီးတော့ CL နဲ့ အလုပ်တွဲလုပ်ရမယ်ဆိုရင်လည်း အရမ်းကောင်းမယ်လို့ ထင်ပါတယ်။ CL နဲ့ အဆက်အသွယ်ရှိပါတယ်။

ဒါပေမဲ့ ကျွန်မတို့က ကိုယ့်အလုပ်ကို အလုပ်များနေတော့ အချိန်ဇယားညှိဖို့ မလွယ်ပါဘူး။ တကယ်လို့ အခွင့်ရမယ်ဆိုရင် သူနဲ့ အလုပ်တွဲလုပ်ချင်ပါတယ်”လို့ ဆိုခဲ့တာပါ။

Source: KBZ

 

-Zawgyi

■ IU၊ CL တုိ႔နဲ႔ collaboration လုပ္ခ်င္တယ္ဆုိတဲ့ SISTAR အဖဲြ႕၀င္ေဟာင္း

– – – K-Pop ရဲ႕ ထိတ္ထိတ္ႀကဲအမ်ဳိးသမီးေတြျဖစ္တဲ့ IU၊ CL တုိ႔နဲ႔ collaboration လုပ္ခ်င္ေနတဲ့ SISTAR အဖဲြ႕၀င္ေဟာင္းကေတာ့ …

၂၀၁၇ မွာ ဖ်က္သိမ္းခဲ့တဲ့ SISTAR အဖဲြ႕ဟာ ၂၀၁၀ ေက်ာ္ကာလေတြမွာ ပရိသတ္ေတြရဲ႕ ႏွလုံးသား အထူးသျဖင့္ ပုရိသေတြရဲ႕ အသည္းႏွလုံးကုိ ဖမ္းစားႏုိင္ခဲ့ၿပီး ေက်ာ္ၾကားတဲ့ အဖဲြ႕တစ္ဖဲြ႕ (၇) ႏွစ္ၾကာ ရပ္တည္ခဲ့တာပါ။

အဲဒီ SISTAR အဖဲြ႕မွာ ပါရမီအရွိဆုံး၊ အသံအေကာင္းဆုံးအျဖစ္ သတ္မွတ္ခံရသူကေတာ့ Hyolyn ျဖစ္ၿပီး အဖဲြ႕နဲ႔ လမ္းခဲြၿပီးေနာက္ တစ္ကုိယ္ေတာ္အျဖစ္ ရပ္တည္ရာမွာလည္း ပရိသတ္ေတြရဲ႕ အားေပးမႈကုိ ရရွိခဲ့တာ ျဖစ္ပါတယ္။

Hyolyn က သူ႕အေနနဲ႔ K-Pop ေလာကမွာ collaboration လုပ္ခ်င္တဲ့ အမ်ဳိးသမီး (၂) ဦးရွိၿပီး အနာဂတ္မွာ သူတုိ႔နဲ႔ collaboration လုပ္ဖုိ႔ ေမွ်ာ္လင့္ေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟခဲ့ပါတယ္။

Hyolyn က “ကၽြန္မ လက္တဲြ အလုပ္ခ်င္တဲ့သူတစ္ေယာက္ ရွိပါတယ္။ ကၽြန္မအေနနဲ႔ IU နဲ႔ collaboration လုပ္ခြင့္ရဖုိ႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ကၽြန္မအေနနဲ႔ IU ဘယ္လုိဆက္သြယ္ရမလဲ မသိပါဘူး။ သူနဲ႔ အဆက္အသြယ္လည္း မရွိဘူးဆုိေတာ့ေလ။

ဒါေပမဲ့ IU ဆီကုိ လူမႈကြန္ရက္ေတြကေန တုိက္႐ုိက္မက္ေဆ့ခ်္ ပို႔လုိ႔ရမယ္လုိ႔ေတာ့ ကၽြန္မ ထင္တယ္။ ၿပီးေတာ့ CL နဲ႔ အလုပ္တဲြလုပ္ရမယ္ဆုိရင္လည္း အရမ္းေကာင္းမယ္လုိ႔ ထင္ပါတယ္။ CL နဲ႔ အဆက္အသြယ္ရွိပါတယ္။ ဒါေပမဲ့ ကၽြန္မတုိ႔က ကုိယ့္အလုပ္ကုိ အလုပ္မ်ားေနေတာ့ အခ်ိန္ဇယားညႇိဖုိ႔ မလြယ္ပါဘူး။ တကယ္လုိ႔ အခြင့္ရမယ္ဆုိရင္ သူနဲ႔ အလုပ္တဲြလုပ္ခ်င္ပါတယ္”လုိ႔ ဆုိခဲ့တာပါ။

Source: KBZ

You cannot copy content of this page