K pop

■ Comeback လုပ်မယ့် ရက်စွဲကို Girls’ Generation ကြေညာ

– – – ဧပြီမှာ BIGBANG ကို ရရှိခဲ့ပြီး နောက် ၄ လအကြာမှာ Girls’ Generation ကို အဖွဲ့ဝင် အပြည့်အစုံနဲ့ …

K-Pop ရဲ့ Legend အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls’ Generation ဟာ ၂၀၀၈ ဩဂုတ်မှာ ‘Into The New World’ ဆိုတဲ့ သီချင်းနဲ့ Debut လုပ်ခဲ့ပြီး အခု အဖွဲ့ပွဲထွက် ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Comeback ပြုလုပ်မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

Girls’ Generation အဖွဲ့အနေနဲ့ သူတို့ရဲ့ ၂၀၁၇ ဩဂုတ်လမှာ ထုတ်ဝေခဲ့တဲ့ ၆ ခုမြောက် full album ‘Holiday Night’ ပြီးနောက် ၅ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ဦးနဲ့ Comeback ပြုလုပ်မှာလည်း ဖြစ်ပြီး ပရိသတ်တွေကတော့ အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။

Girls’ Generation အဖွဲ့ဟာ ပွဲခွက်ပြီးကတည်းက “Genie”, “Genie”, “Run Devil Run”, “Lion Heart”, “Kissing You” တို့အပါအဝင် Hit သီချင်းများစွာကို ထုတ်ဝေခဲ့ပြီး K-Pop ဒုတိယမျိုးဆက်မှာ BIGBANG, 2NE1 စတဲ့ အဖွဲ့တွေနဲ့အတူ K-Pop ကို ကမ္ဘာက သိအောင် မိတ်ဆက်နိုင်ခဲ့တဲ့ ဂန္ထဝင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

Girls’ Generation အဖွဲ့အနေနဲ့ ပွဲထွက် ၁၅ နှစ်ပြည့် Album ကို ဩဂုတ်မှာ ထုတ်ဝေမှာဖြစ်ပြီး ရက်စွဲကိုတော့ ထပ်မံအတည်ပြုမှာ ဖြစ်ပါတယ်။

Source: SM Entertainment

 

 

-Zawgyi

 








You cannot copy content of this page