SPORTS

■ လက်ရှိ ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံး အသင်း

ဗြိတိန်အခြေစိုက်အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ SPORTbible က လက်ရှိ ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးအသင်းတွေကို ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ စစ်တမ်းကောက်ယူခဲ့ပါတယ်။

အဲဒီစစ်တမ်းမှာ ဘောလုံးပရိသတ်ပေါင်း (28,602) ဦး ပါဝင်မဲပေးခဲ့ကြပြီး လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးအသင်းအဖြစ် ထိပ်ဆုံးက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မေလအစောပိုင်းမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ချယ်လ်ဆီးနည်းပြ တူချယ်လ်တို့က လီဗာပူးလ်အသင်းဟာ အင်္ဂလန်မှာ တစ်တိုင်းပြည်တဲ့ ချစ်တဲ့ကလပ်အသင်းဖြစ်ပြီး မီဒီယာတွေတောင် လီဗာပူးလ်အသင်းကို ချစ်ကြတယ်လို့ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ အခုစစ်တမ်းမှာောတ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ လူမုန်းအများဆုံးအဖြစ် (41.6) ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနောက်မှာတော့ အင်္ဂလန်ဒါဘီအဖြစ် တင်စားကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက (35.1) ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။

တတိယနေရာမှာတော့ ချယ်လ်ဆီးအသင်းက (14.3) ရာခိုင်နှုန်းနဲ့ ရပ်တည်နေပြီး စတုတ္ထနေရာမှာတော့ အာဆင်နယ်အသင်းက (9) ရာခိုင်နှုန်းနဲ့ ရပ်တည်နေတာပါ။ လီဗာပူးလ်အသင်းဟာ အခုရာသီမှာ ပြည်တွင်း ရှုံးထွက်ဖလား (၂) လုံးစလုံးကို ရယူထားသလို၊ နောက်ပိုင်းနှစ်တွေမှာ ဖလားတွေအားလုံးရရှိထားကြောင့် ပြိုင်ဘက်ပရိသတ်တွေ မနာလိုဖြစ်ပြီး မုန်းတာ သိပ်မဆန်းဘူးလို့ SPORTbible က ဖော်ပြခဲ့ပါတယ်။

 

-Zawgyi

■ လက္ရွိ ပရီးမီးယားလိဂ္မွာ လူမုန္းအမ်ားဆုံး အသင္း

ၿဗိတိန္အေျခစုိက္အားကစား၀က္ဘ္ဆုိက္တစ္ခုျဖစ္တဲ့ SPORTbible က လက္ရွိ ပရီးမီးယားလိဂ္မွာ လူမုန္းအမ်ားဆုံးအသင္းေတြကုိ ပရိသတ္ေတြရဲ႕ မဲေပးေရြးခ်ယ္မႈနဲ႔ စစ္တမ္းေကာက္ယူခဲ့ပါတယ္။

အဲဒီစစ္တမ္းမွာ ေဘာလုံးပရိသတ္ေပါင္း (28,602) ဦး ပါ၀င္မဲေပးခဲ့ၾကၿပီး လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္မွာ လူမုန္းအမ်ားဆုံးအသင္းအျဖစ္ ထိပ္ဆုံးက ေရြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ေမလအေစာပို္င္းမွာ မန္စီးတီးနည္းျပ ဂြါဒီယုိလာနဲ႔ ခ်ယ္လ္ဆီးနည္းျပ တူခ်ယ္လ္တုိ႔က လီဗာပူးလ္အသင္းဟာ အဂၤလန္မွာ တစ္တုိင္းျပည္တဲ့ ခ်စ္တဲ့ကလပ္အသင္းျဖစ္ၿပီး မီဒီယာေတြေတာင္ လီဗာပူးလ္အသင္းကုိ ခ်စ္ၾကတယ္လုိ႔ ေျပာဆုိခဲ့တာပါ။

ဒါေပမဲ့ အခုစစ္တမ္းမွာောတ့ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္မွာ လူမုန္းအမ်ားဆုံးအျဖစ္ (41.6) ရာခုိင္ႏႈန္းနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းေနာက္မွာေတာ့ အဂၤလန္ဒါဘီအျဖစ္ တင္စားၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းက (35.1) ရာခုိင္ႏႈန္းနဲ႔ ရပ္တည္ေနပါတယ္။

တတိယေနရာမွာေတာ့ ခ်ယ္လ္ဆီးအသင္းက (14.3) ရာခုိင္ႏႈန္းနဲ႔ ရပ္တည္ေနၿပီး စတုတၳေနရာမွာေတာ့ အာဆင္နယ္အသင္းက (9) ရာခုိင္ႏႈန္းနဲ႔ ရပ္တည္ေနတာပါ။ လီဗာပူးလ္အသင္းဟာ အခုရာသီမွာ ျပည္တြင္း ႐ႈံးထြက္ဖလား (၂) လုံးစလုံးကို ရယူထားသလုိ၊ ေနာက္ပိုင္းႏွစ္ေတြမွာ ဖလားေတြအားလုံးရရွိထားေၾကာင့္ ၿပိဳင္ဘက္ပရိသတ္ေတြ မနာလုိျဖစ္ၿပီး မုန္းတာ သိပ္မဆန္းဘူးလုိ႔ SPORTbible က ေဖာ္ျပခဲ့ပါတယ္။

You cannot copy content of this page