SPORTS

■ မိုဆာလာ၊ ဗန်ဒိုက်တို့ ဒဏ်ရာရနေချိန်မှာ ဇီဝကကို ပြန်ခေါ်လိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ကလော့ပ်က အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မိုဆာလာ၊ ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ ဒဏ်ရာရနေချိန်မှာ ဆေးပညာရှင် Christopher Rohrbeck ကို အသင်းသို့ အမြန်ပြန်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရတဲ့ FA ဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဗန်ဒိုက်နဲ့ တိုက်စစ်ကစားသမား မိုဆာလာတို့ အသေးစားဒဏ်ရာတွေ ရရှိခဲ့တာပါ။

ဒါ့ပြင် ဖာဘင်ညိုလည်း အက်စတွန်ဗီလာကို နိုင်တဲ့ပွဲမှာ ရရှိတဲ့ ဒဏ်ရာကြောင့် အနားယူနေပြီး ပွဲဆက်တွေ များနေလို့ အဓိကကစားသမား တော်တော်များများ မောပန်းနွမ်းနယ်မှု၊ ကြွက်သား နာကျင်မှုတွေကို ရင်ဆိုင်နေရတာပါ။ ဒါကြောင့် အသင်းကစားသမားတွေကို ကူညီဖို့ ကလော့ပ်က ဆေးပညာရှင် Christopher Rohrbeck ကို ပြန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

Christopher Rohrbeck ဟာ လီဗာပူးလ်အသင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်ကြာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အဲဒီနောက်မှာတော့ မွေးရပ်မြေ ဂျာမနီကို ပြန်သွားခဲ့တာပါ။ အခု ကလော့ပ်က သူ့ကို ပြန်ခေါ်ခဲ့တာ ဖြစ်ပြီး ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ သမိုင်းဝင်ဖလား ၄ လုံးရယူဖို့ မျှော်လင့်နေပြီး လက်ရှိမှာ လိဂ်(ကာရာဘောင်) ဖလားနဲ့ FA ဖလားတို့ကို ရယူထားပြီး ဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ လက်ကျန်ဖလား ၂ လုံးဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အတွက် တိုက်ပွဲဝင်နေတာပါ။

လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ၂ ပွဲ ကစားရမှာဖြစ်ပြီး ဒီနေ့ည ဆောက်သမ်တန်ကို နိုင်ဖို့ လိုသလို၊ ရာသီပိတ်မှာ ဝုလ်ဗ်ကိုလည်း အနိုင်ရဖို့ လိုအပ်နေတာပါ။ တကယ်လို့ လီဗာပူးလ်အနေနဲ့ ၂ ပွဲစလုံးကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ရာသီပိတ်ပွဲမှာ မန်စီးတီးက အက်စတွန်ဗီလာကို သရေ သို့မဟုတ် ရှုံးဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဟာ လီဗာပူးလ်အတွက် ဖြစ်နိုင်ခြေနည်းပါးပြီး ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်ဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ လီဗာပူးလ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ၂၀၁၇-၁၈ ရာသီက ရှုံးနိမ့်ခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ ပြန်လည်တွေ့ဆုံနေပြီး မေလ (၂၈) ရက်၊ ပါရီမြို့မှာ ကစားရမှာ ဖြစ်ပါတယ်။

 

-Zawgyi

■ မုိဆာလာ၊ ဗန္ဒုိက္တုိ႔ ဒဏ္ရာရေနခ်ိန္မွာ ဇီ၀ကကုိ ျပန္ေခၚလုိက္တဲ့ ကေလာ့ပ္

လီဗာပူးလ္နည္းျပ ကေလာ့ပ္က အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ မုိဆာလာ၊ ဗန္ဒုိက္နဲ႔ ဖာဘင္ညိဳတုိ႔ ဒဏ္ရာရေနခ်ိန္မွာ ေဆးပညာရွင္ Christopher Rohrbeck ကုိ အသင္းသုိ႔ အျမန္ျပန္ေခၚခဲ့တယ္လုိ႔ သိရပါတယ္။

ခ်ယ္လ္ဆီးကုိ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ရတဲ့ FA ဖလား ဗုိလ္လုပဲြမွာ လီဗာပူးလ္အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ေနာက္ခံလူ ဗန္ဒုိက္နဲ႔ တုိက္စစ္ကစားသမား မုိဆာလာတုိ႔ အေသးစားဒဏ္ရာေတြ ရရွိခဲ့တာပါ။

ဒါ့ျပင္ ဖာဘင္ညဳိလည္း အက္စတြန္ဗီလာကုိ ႏုိင္တဲ့ပဲြမွာ ရရွိတဲ့ ဒဏ္ရာေၾကာင့္ အနားယူေနၿပီး ပဲြဆက္ေတြ မ်ားေနလုိ႔ အဓိကကစားသမား ေတာ္ေတာ္မ်ားမ်ား ေမာပန္းႏြမ္းနယ္မႈ၊ ၾကြက္သား နာက်င္မႈေတြကုိ ရင္ဆုိင္ေနရတာပါ။ ဒါေၾကာင့္ အသင္းကစားသမားေတြကုိ ကူညီဖုိ႔ ကေလာ့ပ္က ေဆးပညာရွင္ Christopher Rohrbeck ကုိ ျပန္ေခၚခဲ့တာ ျဖစ္ပါတယ္။

Christopher Rohrbeck ဟာ လီဗာပူးလ္အသင္းမွာ ၂၀၁၇ ခုႏွစ္ကေန ၂၀၂၀ ျပည့္ႏွစ္အထိ သုံးႏွစ္ၾကာ အလုပ္လုပ္ခဲ့သူျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ေမြးရပ္ေျမ ဂ်ာမနီကုိ ျပန္သြားခဲ့တာပါ။ အခု ကေလာ့ပ္က သူ႕ကုိ ျပန္ေခၚခဲ့တာ ျဖစ္ၿပီး ကစားသမားေတြရဲ႕ ဒဏ္ရာျပႆနာကုိ ေျဖရွင္းႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဒီရာသီမွာ သမုိင္း၀င္ဖလား ၄ လုံးရယူဖုိ႔ ေမွ်ာ္လင့္ေနၿပီး လက္ရွိမွာ လိဂ္(ကာရာေဘာင္) ဖလားနဲ႔ FA ဖလားတုိ႔ကုိ ရယူထားၿပီး ျဖစ္ပါတယ္။ လီဗာပူးလ္အေနနဲ႔ လက္က်န္ဖလား ၂ လုံးျဖစ္တဲ့ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္အတြက္ တုိက္ပဲြ၀င္ေနတာပါ။

လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ၂ ပဲြ ကစားရမွာျဖစ္ၿပီး ဒီေန႔ည ေဆာက္သမ္တန္ကုိ ႏုိင္ဖုိ႔ လုိသလုိ၊ ရာသီပိတ္မွာ ၀ုလ္ဗ္ကုိလည္း အႏုိင္ရဖုိ႔ လုိအပ္ေနတာပါ။ တကယ္လုိ႔ လီဗာပူးလ္အေနနဲ႔ ၂ ပဲြစလုံးကုိ အႏုိင္ရခဲ့မယ္ဆုိရင္ေတာ့ ရာသီပိတ္ပဲြမွာ မန္စီးတီးက အက္စတြန္ဗီလာကုိ သေရ သုိ႔မဟုတ္ ႐ႈံးဖုိ႔ လုိအပ္ေနေသးတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဟာ လီဗာပူးလ္အတြက္ ျဖစ္ႏုိင္ေျခနည္းပါးၿပီး ခ်န္ပီယံလိဂ္ကုိပဲ အာ႐ုံစုိက္ဖုိ႔ တုိက္တြန္းမႈေတြလည္း ရွိေနပါတယ္။ လီဗာပူးလ္ဟာ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြမွာ ၂၀၁၇-၁၈ ရာသီက ႐ႈံးနိမ့္ခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔ ျပန္လည္ေတြ႕ဆုံေနၿပီး ေမလ (၂၈) ရက္၊ ပါရီၿမိဳ႕မွာ ကစားရမွာ ျဖစ္ပါတယ္။

You cannot copy content of this page