SPORTS

■ တတ်ယောင်ကား ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့ ရွေးချယ်တဲ့ ဒီရာသီ ပရီးမီးယားလိဂ်အသင်း

Sky Sports ရုပ်သံမှာ ဘောလုံးဝေဖန်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့ဟာ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ကြတာပါ။

သူတို့နှစ်ဦးဟာ ဒီရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို ရွေးချယ်ရာမှာ ကစားသမား (၇) ဦးအထိ တူညီခဲ့ပြီး လက်ကျန်လေးဦးမှာ သူတို့နှစ်ဦးရဲ့ အမြင်ဟာ ကွဲလွဲခဲ့တာကို တွေ့ရပါတယ်။

ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့ဟာ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ လီဗာပူးလ်အသင်းက အယ်လစ်ဆန် (ဂိုး)၊ ဗန်ဒိုက် (နောက်)၊ မိုဆာလာ (ရှေ့)၊ မန်စီးတီးအသင်းက ဒီဘရိုင်း (လယ်)၊ ဘာနာဒိုဆေးလ်ဗား (လယ်)၊ စပါးအသင်းက ဟာရီကိန်း (ရှေ့)နဲ့ ဆွန်ဟောင်မင် (ရှေ့) ကို ရွေးချယ်ရာမှာ တူညီခဲ့တာပါ။

ဒါပေမဲ့ လက်ကျန်နေရာမှာတော့ သူတို့နှစ်ယောက်ရဲ့ အမြင်ဟာ ကွဲလွဲခဲ့ပြီး ကာရေဂါက လက်ကျန်နေရာမှာ အာနိုးလ် (လီဗာပူးလ်၊ နောက်)၊ မာတစ် (လီဗာပူးလ်၊ နောက်)၊ ကန်ဆယ်လို (မန်စီးတီး၊ နောက်)နဲ့ ဒက်ကလန်ရိုက်စ် (ဝက်စ်ဟမ်း၊ လယ်) တို့ကို ရွေးချယ်ခဲ့ပါတယ်။

ဂယ်ရီနဗီးလ်ကတော့ လက်ကျန် (၄) နေရာအတွက် ကိုင်ဝေါ်လ်ကာ (မန်စီးတီး၊ နောက်)၊ ရူဘင်ဒီယက်စ် (မန်စီးတီး၊ နောက်)၊ ရောဘတ်ဆန် (လီဗာပူးလ်၊ နောက်)နဲ့ ရိုဒရီ (မန်စီးတီး၊ လယ်) တို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် (၈) ဦးစာရင်း ထုတ်ပြန်ထားရာမှာတော့ အာနိုးလ်(လီဗာပူးလ်)၊ မိုဆာလာ (လီဗာပူးလ်)၊ ဒီဘရိုင်း (မန်စီးတီး)၊ ကန်ဆယ်လို (မန်စီးတီး)၊ ဆွန်ဟောင်မင် (စပါး)၊ ဘိုဝင် (ဝက်စ်ဟမ်း)၊ ဆာကာ (အာဆင်နယ်)နဲ့ ဝက်စ်ပရောက် (ဆောက်သမ်တန်) တို့ ပါဝင်နေပြီး ဆာလာနဲ့ ဒီဘရိုင်းတို့က ရေပန်းအစားဆုံးဖြစ်နေတာပါ။

 

-Zawgyi

■ တတ္ေယာင္ကား ဂယ္ရီနဗီးလ္နဲ႔ ကာေရဂါတုိ႔ ေရြးခ်ယ္တဲ့ ဒီရာသီ ပရီးမီးယားလိဂ္အသင္း

Sky Sports ႐ုပ္သံမွာ ေဘာလုံးေ၀ဖန္သူေတြအျဖစ္ ေဆာင္ရြက္ေနတဲ့ မန္ယူႏုိ္က္တက္ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္နဲ႔ ကာေရဂါတုိ႔ဟာ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္ အေကာင္းဆုံးအသင္းကုိ ေရြးခ်ယ္ခဲ့ၾကတာပါ။

သူတို႔ႏွစ္ဦးဟာ ဒီရာသီ ပရီးမီးယားလိဂ္အေကာင္းဆုံးအသင္းကုိ ေရြးခ်ယ္ရာမွာ ကစားသမား (၇) ဦးအထိ တူညီခဲ့ၿပီး လက္က်န္ေလးဦးမွာ သူတုိ႔ႏွစ္ဦးရဲ႕ အျမင္ဟာ ကဲြလဲြခဲ့တာကုိ ေတြ႕ရပါတယ္။

ဂယ္ရီနဗီးလ္နဲ႔ ကာေရဂါတုိ႔ဟာ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္အေကာင္းဆုံးအသင္းမွာ လီဗာပူးလ္အသင္းက အယ္လစ္ဆန္ (ဂုိး)၊ ဗန္ဒုိက္ (ေနာက္)၊ မုိဆာလာ (ေရွ႕)၊ မန္စီးတီးအသင္းက ဒီဘ႐ုိင္း (လယ္)၊ ဘာနာဒုိေဆးလ္ဗား (လယ္)၊ စပါးအသင္းက ဟာရီကိန္း (ေရွ႕)နဲ႔ ဆြန္ေဟာင္မင္ (ေရွ႕) ကုိ ေရြးခ်ယ္ရာမွာ တူညီခဲ့တာပါ။

ဒါေပမဲ့ လက္က်န္ေနရာမွာေတာ့ သူတုိ႔ႏွစ္ေယာက္ရဲ႕ အျမင္ဟာ ကဲြလဲြခဲ့ၿပီး ကာေရဂါက လက္က်န္ေနရာမွာ အာႏုိးလ္ (လီဗာပူးလ္၊ ေနာက္)၊ မာတစ္ (လီဗာပူးလ္၊ ေနာက္)၊ ကန္ဆယ္လုိ (မန္စီးတီး၊ ေနာက္)နဲ႔ ဒက္ကလန္႐ုိက္စ္ (၀က္စ္ဟမ္း၊ လယ္) တုိ႔ကုိ ေရြးခ်ယ္ခဲ့ပါတယ္။

ဂယ္ရီနဗီးလ္ကေတာ့ လက္က်န္ (၄) ေနရာအတြက္ ကုိင္ေ၀ၚလ္ကာ (မန္စီးတီး၊ ေနာက္)၊ ႐ူဘင္ဒီယက္စ္ (မန္စီးတီး၊ ေနာက္)၊ ေရာဘတ္ဆန္ (လီဗာပူးလ္၊ ေနာက္)နဲ႔ ႐ုိဒရီ (မန္စီးတီး၊ လယ္) တုိ႔ကုိ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္ အေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္ (၈) ဦးစာရင္း ထုတ္ျပန္ထားရာမွာေတာ့ အာႏုိးလ္(လီဗာပူးလ္)၊ မုိဆာလာ (လီဗာပူးလ္)၊ ဒီဘ႐ုိင္း (မန္စီးတီး)၊ ကန္ဆယ္လုိ (မန္စီးတီး)၊ ဆြန္ေဟာင္မင္ (စပါး)၊ ဘုိ၀င္ (၀က္စ္ဟမ္း)၊ ဆာကာ (အာဆင္နယ္)နဲ႔ ၀က္စ္ပေရာက္ (ေဆာက္သမ္တန္) တုိ႔ ပါ၀င္ေနၿပီး ဆာလာနဲ႔ ဒီဘ႐ုိင္းတုိ႔က ေရပန္းအစားဆုံးျဖစ္ေနတာပါ။

You cannot copy content of this page