SPORTS

■ အလကားရရင် ခေါ်ချင်တာပေါ့လို့ ကလော့ပ် ဝန်ခံခဲ့တဲ့ ထိပ်တန်းတိုက်စစ်မှူး

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က PSG တိုက်စစ်ကစားသမား ဘာပေကို အလကားရရင် လိုချင်ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

အသက် ၂၃ နှစ် နာမည်ကျော် ပြင်သစ်တိုက်စစ်ကစားသမားဟာ ဒီရာသီကုန်မှာ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အာနဂတ်ကို ဇွန်လ ပြင်သစ်အသင်းနဲ့ မပူးပေါင်းခင် ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဘာပေကို ခေါ်ယူဖို့ စပိန်ထိပ်သီး ရီးယဲလ်အသင်း ထိပ်ဆုံးက ရေပန်းစားနေပြီး သဘောတူညီမှု ရပြီးပြီလို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ ပြင်သစ်မီဒီယာတွေက ဘာပေကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းလည်း ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြတာပါ။

ဘာပေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းကို ကလော့ပ်က “ကျွန်တော်တို့ ကိုင်လီယန်ဘာပေကို စိတ်ဝင်စားတာပေါ့ဗျာ။ မျက်လုံးကန်းနေတာမှ မဟုတ်တာ။ ဘာပေနဲ့ လီဗာပူးလ် အဆက်အသွယ်ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော် ဖြေစရာမရှိပါဘူး။ ကျွန်တော်တို့ သူ့ကို သဘောကျပါတယ်။ သူ့လိုကစားသမားကို မလိုချင်ဘူးဆိုရင်တော့ ခင်ဗျားတို့ကို ခင်ဗျားတို့ မေးခွန်းပြန်မေးသင့်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာတော့ မပါပါဘူး”လို့ ဆိုခဲ့ပါတယ်။

စပိန်လာတဲ့ သတင်းတွေကတော့ ရီးယဲလ်အသင်းအနေနဲ့ မေလ (၂၈) ရက်နေ့ ပါရီမှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ဘာပေကို ခေါ်ယူကြောင်း တရားဝင် ထုတ်ပြန်ကြေညာမယ်လို့ ဖော်ပြနေကြပါတယ်။

 

-Zawgyi

■ အလကားရရင္ ေခၚခ်င္တာေပါ့လုိ႔ ကေလာ့ပ္ ၀န္ခံခဲ့တဲ့ ထိပ္တန္းတုိက္စစ္မွဴး

လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္က PSG တုိက္စစ္ကစားသမား ဘာေပကုိ အလကားရရင္ လုိခ်င္ပါတယ္လုိ႔ ၀န္ခံခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္ နာမည္ေက်ာ္ ျပင္သစ္တုိက္စစ္ကစားသမားဟာ ဒီရာသီကုန္မွာ PSG အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အာနဂတ္ကုိ ဇြန္လ ျပင္သစ္အသင္းနဲ႔ မပူးေပါင္းခင္ ေၾကညာသြားမယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

လက္ရွိမွာ ဘာေပကုိ ေခၚယူဖုိ႔ စပိန္ထိပ္သီး ရီးယဲလ္အသင္း ထိပ္ဆုံးက ေရပန္းစားေနၿပီး သေဘာတူညီမႈ ရၿပီးၿပီလုိ႔လည္း သတင္းေတြ ထြက္ေနပါတယ္။ ဒါေပမဲ့ ျပင္သစ္မီဒီယာေတြက ဘာေပကုိ ေခၚယူဖုိ႔ လီဗာပူးလ္အသင္းလည္း ျပင္ဆင္ေနတယ္လုိ႔ ေဖာ္ျပေနၾကတာပါ။

ဘာေပနဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ ေမးခြန္းကုိ ကေလာ့ပ္က “ကၽြန္ေတာ္တုိ႔ ကုိင္လီယန္ဘာေပကုိ စိတ္၀င္စားတာေပါ့ဗ်ာ။ မ်က္လုံးကန္းေနတာမွ မဟုတ္တာ။ ဘာေပနဲ႔ လီဗာပူးလ္ အဆက္အသြယ္ရွိသလားဆုိတဲ့ ေမးခြန္းကုိေတာ့ ကၽြန္ေတာ္ ေျဖစရာမရွိပါဘူး။ ကၽြန္ေတာ္တုိ႔ သူ႕ကုိ သေဘာက်ပါတယ္။ သူ႕လုိကစားသမားကုိ မလုိခ်င္ဘူးဆုိရင္ေတာ့ ခင္ဗ်ားတုိ႔ကုိ ခင္ဗ်ားတုိ႔ ေမးခြန္းျပန္ေမးသင့္တယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ သူ႕ကုိ ေခၚယူဖုိ႔ ႀကိဳးစားေနတဲ့ အသင္းေတြထဲမွာေတာ့ မပါပါဘူး”လုိ႔ ဆုိခဲ့ပါတယ္။

စပိန္လာတဲ့ သတင္းေတြကေတာ့ ရီးယဲလ္အသင္းအေနနဲ႔ ေမလ (၂၈) ရက္ေန႔ ပါရီမွာ ကစားမယ့္ လီဗာပူးလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြအၿပီးမွာ ဘာေပကုိ ေခၚယူေၾကာင္း တရား၀င္ ထုတ္ျပန္ေၾကညာမယ္လုိ႔ ေဖာ္ျပေနၾကပါတယ္။

You cannot copy content of this page