SPORTS

■ ဝေဖန်သန်တဲ့ မန်ယူကစားသမားဟောင်းတွေကို နည်းပြသစ် တန်ဟက်ဂ် စိန်ခေါ်

မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟက်ဂ်ကတော့ ဝေဖန်သန်တဲ့ ယူနိုက်တက်ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ဖို့အသင့်ရှိနေပြီး ဝေဖန်ချင်သလောက် ဝေဖန်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကိုင်တွယ်စဉ်မှာ မန်ယူအသင်းကို အောင်မြင်မှုတွေ ရယူပေးခဲ့ကြတဲ့ ဂယ်ရီနဗီးလ်၊ ရွိုင်းကင်း၊ ပေါလ်စခိုးလ်နဲ့ ရီယိုဖာဒီနန်တို့ဟာ လက်ရှိမှာ ဘောလုံးဝေဖန်သူတွေအတွက် လုပ်ကိုင်နေကြပြီး မန်ယူအသင်း ရလဒ်တွေဆိုးတဲ့ ပျစ်ပျစ်နစ်နစ် ဝေဖန်လေ့ရှိပါတယ်။

တန်ဟက်ဂ်က မန်ယူအသင်းကို ကိုင်တွယ်ရတာဟာ ဒတ်ချ်လိဂ်က အေဂျက်စ်အသင်းကို ကိုင်တွယ်ရတာနဲ့ မတူဘူးဆိုတာကို ကောင်းစွာနားလည်ကြောင်းနဲ့ အသင်းကစားသမားဟောင်းတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

တန်ဟက်ဂ်က “ဝေဖန်မှုတွေ ပြင်းထန်ကောင်း ပြင်းထန်နိုင်ပါတယ်။ ယူနိုက်တက် အေဂျက်စ်နဲ့ စာရင် အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ အသင်းဖြစ်ပြီး၊ အင်္ဂလန်ကလည်း နယ်သာလန်ထက် ပိုကြီးသလို၊ ပရီးမီးယားလိဂ်ကလည်း ဒတ်ချ်လိဂ်ထက် အဆမတန် ကျော်ကြားပါတယ်။ ဒီတော့ ဒီအသင်းမှာ အဆင်မပြေရင် ဝေဖန်ခံရတာမျိုး အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဝေဖန်မှုတွေကို ကျွန်တော် ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်”လို့ ဆိုပါတယ်။

ပြီးတော့ တန်ဟက်ဂ်က မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ လက်ခံခဲ့တာဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး အသင်းမှာ ပြုပြင်ရမယ့် အချက်တွေ များစွာရှိကြောင်း၊ သူ့အနေနဲ့ စိန်ခေါ်မှုတွေကို ကြိုက်လို့ မန်ယူနည်းပြရာထူးကို လက်ခံခဲ့တာဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဧပြီလက ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် (၃) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ခန့်အပ်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး တန်ဟက်ဂ်ဟာ အားလပ်ရက်မယူဘဲ မန်ယူအသင်းကို ပြုပြင်မှုတွေ ပြုလုပ်ဖို့ အလျင်အမြန် အသင်းနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

 

-Zawgyi

■ ေ၀ဖန္သန္တဲ့ မန္ယူကစားသမားေဟာင္းေတြကုိ နည္းျပသစ္ တန္ဟက္ဂ္ စိန္ေခၚ

မန္ခ်က္စတာယူႏုိက္တက္နည္းျပသစ္ တန္ဟက္ဂ္ကေတာ့ ေ၀ဖန္သန္တဲ့ ယူႏုိက္တက္ကစားသမားေဟာင္းေတြရဲ႕ ေ၀ဖန္မႈေတြကုိ ရင္ဆုိင္ဖုိ႔အသင့္ရွိေနၿပီး ေ၀ဖန္ခ်င္သေလာက္ ေ၀ဖန္ႏုိင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂႏၳ၀င္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ကုိင္တြယ္စဥ္မွာ မန္ယူအသင္းကုိ ေအာင္ျမင္မႈေတြ ရယူေပးခဲ့ၾကတဲ့ ဂယ္ရီနဗီးလ္၊ ရြိဳင္းကင္း၊ ေပါလ္စခုိးလ္နဲ႔ ရီယုိဖာဒီနန္တုိ႔ဟာ လက္ရွိမွာ ေဘာလုံးေ၀ဖန္သူေတြအတြက္ လုပ္ကုိင္ေနၾကၿပီး မန္ယူအသင္း ရလဒ္ေတြဆုိးတဲ့ ပ်စ္ပ်စ္နစ္နစ္ ေ၀ဖန္ေလ့ရွိပါတယ္။

တန္ဟက္ဂ္က မန္ယူအသင္းကုိ ကိုင္တြယ္ရတာဟာ ဒတ္ခ်္လိဂ္က ေအဂ်က္စ္အသင္းကုိ ကုိင္တြယ္ရတာနဲ႔ မတူဘူးဆုိတာကုိ ေကာင္းစြာနားလည္ေၾကာင္းနဲ႔ အသင္းကစားသမားေဟာင္းေတြရဲ႕ ျပင္းထန္တဲ့ ေ၀ဖန္မႈေတြကုိ ရင္ဆုိင္ဖုိ႔ အသင့္ရွိေနတယ္လုိ႔ ၀န္ခံခဲ့ပါတယ္။

တန္ဟက္ဂ္က “ေ၀ဖန္မႈေတြ ျပင္းထန္ေကာင္း ျပင္းထန္ႏုိင္ပါတယ္။ ယူႏုိက္တက္ ေအဂ်က္စ္နဲ႔ စာရင္ အရမ္းကို ႀကီးက်ယ္ခမ္းနားတဲ့ အသင္းျဖစ္ၿပီး၊ အဂၤလန္ကလည္း နယ္သာလန္ထက္ ပုိႀကီးသလုိ၊ ပရီးမီးယားလိဂ္ကလည္း ဒတ္္ခ်္လိဂ္ထက္ အဆမတန္ ေက်ာ္ၾကားပါတယ္။ ဒီေတာ့ ဒီအသင္းမွာ အဆင္မေျပရင္ ေ၀ဖန္ခံရတာမ်ဳိး အဆန္းမဟုတ္ပါဘူး။ ဒါေပမဲ့ ေ၀ဖန္မႈေတြကုိ ကၽြန္ေတာ္ ေကာင္းေကာင္း ကုိင္တြယ္ႏုိင္ပါတယ္”လုိ႔ ဆုိပါတယ္။

ၿပီးေတာ့ တန္ဟက္ဂ္က မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ ကုိင္တြယ္ဖုိ႔ လက္ခံခဲ့တာဟာ ႀကီးမားတဲ့ စိန္ေခၚမႈျဖစ္ၿပီး အသင္းမွာ ျပဳျပင္ရမယ့္ အခ်က္ေတြ မ်ားစြာရွိေၾကာင္း၊ သူ႕အေနနဲ႔ စိန္ေခၚမႈေတြကို ႀကိဳက္လုိ႔ မန္ယူနည္းျပရာထူးကုိ လက္ခံခဲ့တာျဖစ္ေၾကာင္းလည္း ဆုိခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ဧၿပီလက ဒတ္ခ်္လူမ်ဳိးနည္းျပ တန္ဟက္ဂ္ကုိ အသင္းနည္းျပအျဖစ္ (၃) ႏွစ္ သက္တမ္းရွိ စာခ်ဳပ္တစ္ရပ္နဲ႔ ခန္႔အပ္ေၾကာင္း ေၾကညာခဲ့တာျဖစ္ၿပီး တန္ဟက္ဂ္ဟာ အားလပ္ရက္မယူဘဲ မန္ယူအသင္းကုိ ျပဳျပင္မႈေတြ ျပဳလုပ္ဖုိ႔ အလ်င္အျမန္ အသင္းနဲ႔ ပူးေပါင္းခဲ့တာ ျဖစ္ပါတယ္။

You cannot copy content of this page