ဂျူဗင်တပ်စ်အသင်းက ဒီရာသီကုန်မှာ ထွက်ခွာတော့မယ်လို့ အတည်ပြုထားတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒိုင်ဘာလာ ပြောင်းချင်နေတဲ့ အသင်းနှစ်သင်းရှိကြောင်း အတိတ်က ဝန်ခံမှုတွေအရ သိရပါတယ်။
အခုရာသီကုန်မှာ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာမယ်လို့ ကြေညာထားတဲ့ အသက် (၂၈) နှစ်အရွယ် ဒိုင်ဘာလာကို ခေါ်ယူဖို့ အာဆင်နယ်၊ ချယ်လ်ဆီး၊ စပါးနဲ့ မန်ယူအသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အရင်တုန်းက ဒိုင်ဘာလာရဲ့ ဖွင့်ဟဝန်ခံချက်အရ အဲဒီအသင်းတွေအနေနဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဒိုင်ဘာလာက “ကျွန်တော် ဂိမ်းစ်ကစားတဲ့ အခါတိုင်း ဘာစီလိုနာ သို့မဟုတ် မန်စီးတီးအသင်းကို ရွေးလေ့ရှိပါတယ်။ အနာဂတ်မှာ အဲဒီအသင်းနှစ်သင်းထဲက တစ်သင်းမှာ ကျွန်တော် ကစားခွင့်ရချင်ပါတယ်”လို့ ဆိုထားတာပါ။
ဂျူဗင်တပ်စ်အသင်းအတွက် (၂၆၉) ပွဲမှာ (၁၁၅) ဂိုးသွင်းထားတဲ့ ဒိုင်ဘားလားဟာ အရင်တုန်းက ဘာစီလိုနာအသင်းနဲ့ သတင်းတွေ ထွက်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားဆိုတဲ့ သတင်းမျိုးတွေတော့ မထွက်သေးပါဘူး။
-Zawgyi
■ မန္ယူနဲ႔ အာဆင္နယ္ပစ္မွတ္ ဒိုင္ဘာလာ ေျပာင္းခ်င္တဲ့ ႏွစ္သင္းပဲ ရွိတယ္
ဂ်ဴဗင္တပ္စ္အသင္းက ဒီရာသီကုန္မွာ ထြက္ခြာေတာ့မယ္လုိ႔ အတည္ျပဳထားတဲ့ အာဂ်င္တီးနားတုိက္စစ္ကစားသမား ဒုိင္ဘာလာ ေျပာင္းခ်င္ေနတဲ့ အသင္းႏွစ္သင္းရွိေၾကာင္း အတိတ္က ၀န္ခံမႈေတြအရ သိရပါတယ္။
အခုရာသီကုန္မွာ ဂ်ဴဗင္တပ္စ္အသင္းက ထြက္ခြာမယ္လုိ႔ ေၾကညာထားတဲ့ အသက္ (၂၈) ႏွစ္အရြယ္ ဒုိင္ဘာလာကုိ ေခၚယူဖုိ႔ အာဆင္နယ္၊ ခ်ယ္လ္ဆီး၊ စပါးနဲ႔ မန္ယူအသင္းေတြက စိတ္၀င္စားေနၾကတယ္လုိ႔ သိရပါတယ္။
ဒါေပမဲ့ အရင္တုန္းက ဒုိင္ဘာလာရဲ႕ ဖြင့္ဟ၀န္ခံခ်က္အရ အဲဒီအသင္းေတြအေနနဲ႔ အာဂ်င္တီးနားလက္ေရြးစင္တုိက္စစ္မွဴးကုိ ေခၚယူဖုိ႔ မျဖစ္ႏုိင္ဘူးလုိ႔ Mirror သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
ဒုိင္ဘာလာက “ကၽြန္ေတာ္ ဂိမ္းစ္ကစားတဲ့ အခါတုိင္း ဘာစီလုိနာ သုိ႔မဟုတ္ မန္စီးတီးအသင္းကုိ ေရြးေလ့ရွိပါတယ္။ အနာဂတ္မွာ အဲဒီအသင္းႏွစ္သင္းထဲက တစ္သင္းမွာ ကၽြန္ေတာ္ ကစားခြင့္ရခ်င္ပါတယ္”လုိ႔ ဆုိထားတာပါ။
ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၂၆၉) ပဲြမွာ (၁၁၅) ဂုိးသြင္းထားတဲ့ ဒုိင္ဘားလားဟာ အရင္တုန္းက ဘာစီလုိနာအသင္းနဲ႔ သတင္းေတြ ထြက္ခဲ့ဖူးသူျဖစ္ၿပီး လက္ရွိမွာေတာ့ မန္စီးတီးနဲ႔ ဘာစီလုိနာအသင္းတုိ႔က သူ႕ကုိ ေခၚယူဖုိ႔ စိတ္၀င္စားဆုိတဲ့ သတင္းမ်ဳိးေတြေတာ့ မထြက္ေသးပါဘူး။