– – – အခုပျံ့နှံ့နေတဲ့ သတင်းတွေဟာ Jimin နာမည်ကို အသုံးချတာ ဖြစ်တယ်ဆိုပြီး ARMY တွေ ဒေါသပေါက်ကွဲနေကြပါတယ်။
အခုအချိန်ထိ အဖြေမပေါ်သေးဘဲ BTS အဖွဲ့ရဲ့စစ်မှုထမ်းကင်းလွတ်ခွင့်ကိစ္စဟာ Jimin ရဲ့ တိုက်ခန်းသတင်းကြောင့် ပလပ်ခံလိုက်ရပြီး ကိုရီးယားအွန်လိုင်းကွန်မြူနတီတစ်ခုဖြစ်တဲ့ Pann ဖော်ပြနေကြပါတယ်။
BTS အဖွဲ့ဝင် Jimin ဟာ ဧပြီလအစောပိုင်းက ကျန်းမာရေးအာမခံ ဆောင်ဖို့ ပျက်ကွက်လို့ သူ့ရဲ့ ဇိမ်ခံတိုက်ခန်းကို အာဏာပိုင်တွေမှာ ယာယီထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။ အဲဒီသတင်းထွက်ပြီးနောက်မှာ HYBE Label က အဲဒီကိစ္စမှာ Jimin အမှားမရှိကြောင်း၊ သူတို့ရဲ့ ချွတ်ယွင်းချက်ကြောင်း ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် HYBE Label က အဲဒီအမှုကို ဖြေရှင်းပြီပြီးဖြစ်ကြောင်း၊ အခုလို သူတို့ရဲ့ ညံ့ဖျင်းမှုကြောင့် သူတို့ရဲ့ အနုပညာရှင် အခုလိုဖြစ်ခဲ့တဲ့အတွက် စိုးရိမ်ခဲ့ကြတဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်း ချက်ချင်း ထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ တောင်ကိုရီးယား Netizen အချို့ကတော့ အဲဒီကိစ္စမှာ ကာယကံရှင်ဖြစ်တဲ့ Jimin နှုတ်ဆိတ်နေခြင်းကို ဝေဖန်ခဲ့ပြီး သူ့အနေနဲ့ ကျန်းမာရေးအာမခံ ဆောင်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်သင့်တယ်လို့ ဆိုခဲ့ကြတယ်။ Jimin ရဲ့ အဲဒီပြဿနာကြောင့် BTS အဖွဲ့ရဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်အရေးကို ကိုရီးယားပြည်သူတွေ စိတ်ပျက်နေကြောင်းလည်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဒါကြောင့် BTS အဖွဲ့ရဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်ဟာ Jimin နဲ့ ပတ်သက်ပြီး ကိုရီးယားပြည်သူတွေရဲ့ အမြင်မကြည်မှုကြောင့် အာဏာပိုင်တွေအနေနဲ့ ရှေ့ဆက်တိုးမှာ မဟုတ်ဘဲ ပလပ်လိုက်ဖို့ သေချာနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
အဲဒီလိုသတင်းတွေ ထွက်လာချိန်မှာ ARMY တွေက Jimin ကို ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြပြီး BTS အဖွဲ့ရဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်နဲ့ ပတ်သက်လို့ Jimin သပ်သပ်နာမည်ဖျက်ခြင်းသာ ဖြစ်တယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြသလို၊ ကျန်းမာရေးအာမခံကိစ္စအတွက် Jimin အနေနဲ့ တောင်းပန်စရာမလိုကြောင်း ပြောကြားခဲ့ကြတာပါ။
Source: Pann & Naver
-Zawgyi
■ Jimin ေၾကာင့္ BTS ရဲ႕စစ္မႈထမ္းကင္းလြတ္ခြင့္ ပလပ္ခံရလုိက္ၿပီလုိ႔ သတင္းထြက္
– – – အခုပ်ံ႕ႏွံ႔ေနတဲ့ သတင္းေတြဟာ Jimin နာမည္ကုိ အသုံးခ်တာ ျဖစ္တယ္ဆုိၿပီး ARMY ေတြ ေဒါသေပါက္ကဲြေနၾကပါတယ္။
အခုအခ်ိန္ထိ အေျဖမေပၚေသးဘဲ BTS အဖဲြ႕ရဲ႕စစ္မႈထမ္းကင္းလြတ္ခြင့္ကိစၥဟာ Jimin ရဲ႕ တုိက္ခန္းသတင္းေၾကာင့္ ပလပ္ခံလုိက္ရၿပီး ကုိရီးယားအြန္လုိင္းကြန္ျမဴနတီတစ္ခုျဖစ္တဲ့ Pann ေဖာ္ျပေနၾကပါတယ္။
BTS အဖဲြ႕၀င္ Jimin ဟာ ဧၿပီလအေစာပုိင္းက က်န္းမာေရးအာမခံ ေဆာင္ဖုိ႔ ပ်က္ကြက္လုိ႔ သူ႕ရဲ႕ ဇိမ္ခံတုိက္ခန္းကုိ အာဏာပုိင္ေတြမွာ ယာယီထိန္းသိမ္းခဲ့ေၾကာင္း သိရပါတယ္။ အဲဒီသတင္းထြက္ၿပီးေနာက္မွာ HYBE Label က အဲဒီကိစၥမွာ Jimin အမွားမရွိေၾကာင္း၊ သူတုိ႔ရဲ႕ ခၽြတ္ယြင္းခ်က္ေၾကာင္း ျဖစ္တယ္လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။
ဒါ့ျပင္ HYBE Label က အဲဒီအမႈကုိ ေျဖရွင္းၿပီၿပီးျဖစ္ေၾကာင္း၊ အခုလုိ သူတုိ႔ရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ သူတုိ႔ရဲ႕ အႏုပညာရွင္ အခုလုိျဖစ္ခဲ့တဲ့အတြက္ စုိးရိမ္ခဲ့ၾကတဲ့ ပရိသတ္ေတြကို ေတာင္းပန္ေၾကာင္း ခ်က္ခ်င္း ထုတ္ျပန္ခဲ့တာပါ။
ဒါေပမဲ့ ေတာင္ကုိရီးယား Netizen အခ်ဳိ႕ကေတာ့ အဲဒီကိစၥမွာ ကာယကံရွင္ျဖစ္တဲ့ Jimin ႏႈတ္ဆိတ္ေနျခင္းကို ေ၀ဖန္ခဲ့ၿပီး သူ႕အေနနဲ႔ က်န္းမာေရးအာမခံ ေဆာင္ဖုိ႔ ပ်က္ကြက္ခဲ့တာနဲ႔ ပတ္သက္လုိ႔ ကုိယ္တုိင္ကုိယ္က် ေတာင္းပန္သင့္တယ္လုိ႔ ဆုိခဲ့ၾကတယ္။ Jimin ရဲ႕ အဲဒီျပႆနာေၾကာင့္ BTS အဖဲြ႕ရဲ႕ စစ္မႈထမ္းကင္းလြတ္ခြင့္အေရးကို ကုိရီးယားျပည္သူေတြ စိတ္ပ်က္ေနေၾကာင္းလည္း မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ဒါေၾကာင့္ BTS အဖဲြ႕ရဲ႕ စစ္မႈထမ္းကင္းလြတ္ခြင့္ဟာ Jimin နဲ႔ ပတ္သက္ၿပီး ကုိရီးယားျပည္သူေတြရဲ႕ အျမင္မၾကည္မႈေၾကာင့္ အာဏာပုိင္ေတြအေနနဲ႔ ေရွ႕ဆက္တုိးမွာ မဟုတ္ဘဲ ပလပ္လုိက္ဖုိ႔ ေသခ်ာေနေၾကာင္း သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။
အဲဒီလုိသတင္းေတြ ထြက္လာခ်ိန္မွာ ARMY ေတြက Jimin ကုိ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ၾကၿပီး BTS အဖဲြ႕ရဲ႕ စစ္မႈထမ္းကင္းလြတ္ခြင့္နဲ႔ ပတ္သက္လုိ႔ Jimin သပ္သပ္နာမည္ဖ်က္ျခင္းသာ ျဖစ္တယ္လုိ႔ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကသလုိ၊ က်န္းမာေရးအာမခံကိစၥအတြက္ Jimin အေနနဲ႔ ေတာင္းပန္စရာမလုိေၾကာင္း ေျပာၾကားခဲ့ၾကတာပါ။
Source: Pann & Naver