Celebrity

■ Kim Tae Ri ကို ကြည့်ပြီး ပါးစပ်မစီနိုင်လောက်အောင် သဘောကျနေတဲ့ Song Joong Ki

– – – Twenty Five Twenty One မင်းသမီးက နာမည်ကျော် မင်းသား Song Joong Ki ကို ပါးစပ်မစီနိုင်အောင် ဘယ်လိုများ ဖမ်းစားခဲ့ပါလိမ့်။

ကိုရီးယားထိပ်တန်းမင်းသား Song Joong Ki ဟာ သိပ်မကြာခင်က သူ့ရဲ့ Instagram မှာ သူရဲ့ဓာတ်ပုံ ၂ ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေမှာ ဖုန်းကိုကြည့်ပြီး ပါးစပ်မစီနိုင်အောင် သဘောတွေ ကျနေတဲ့ Song Joong Ki ရဲ့ ပုံရိပ်တွေကို မြင်ရမှာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေကြောင့် ပရိသတ်တွေက Song Joong Ki အနေနဲ့ ဘာကိုများ ကြည့်ပြီး ဒီလောက်ထိတောင် သဘောတွေ ကျနေရတာလဲဆိုပြီး သိချင်ခဲ့ကြတာပါ။ အဲဒီမေးခွန်းရဲ့ အဖြေကို Song Joong Ki ကိုယ်တိုင်ပဲ သူ့ပို့စ်မှာ caption ရေးပြီး အဖြေထားတာပါ။

Song Joong Ki က သူ့ရဲ့ပို့စ်မှာ “ကျေးဇူးပြုပြီး ‘Is There Here’ ကို ချစ်ပေးကြပါ။ #CheersSpaceSweepers” လို့ Caption ရေးထားတာကြောင့် Song Joong Ki ကြည့်ပြီး သဘောကျနေတဲ့ ဗီဒီယိုဟာ Kim Tae Ri’s vlog ဖြစ်ကြောင်း netizens တွေ နားလည်ခဲ့ကြပါတယ်။

Song Joong Ki နဲ့ Kim Tae Ri တို့ဟာ ၂၀၂၁ မှာ ထုတ်ဝေခဲတဲ့ သိပ္ပံဇာတ်ကား Space Sweepers မှာ အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်ခဲ့သူတွေဖြစ်ပြီး အဲဒီကတည်းက သူတို့နှစ်ဦးအကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာပါ။

အခု Kim Tae Ri’s vlog ကို ကြည့်ပြီး သဘောကျတဲ့ Song Joong Ki ရဲ့ ပို့စ်အောက်မှာ ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို သဘောကျကြောင်းနဲ့ အနာဂတ်မှာ သူတို့နှစ်ဦးရဲ့ တွဲရိုက်တဲ့ ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေကို ကြည့်ရှုလိုကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: @hi_songjoongki/Instagram

 

-Zawgyi

■ Kim Tae Ri ကုိ ၾကည့္ၿပီး ပါးစပ္မစီႏုိင္ေလာက္ေအာင္ သေဘာက်ေနတဲ့ Song Joong Ki

– – – Twenty Five Twenty One မင္းသမီးက နာမည္ေက်ာ္ မင္းသား Song Joong Ki ကုိ ပါးစပ္မစီႏုိင္ေအာင္ ဘယ္လုိမ်ား ဖမ္းစားခဲ့ပါလိမ့္။

ကုိရီးယားထိပ္တန္းမင္းသား Song Joong Ki ဟာ သိပ္မၾကာခင္က သူ႕ရဲ႕ Instagram မွာ သူရဲ႕ဓာတ္ပုံ ၂ ပုံကုိ တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီဓာတ္ပုံေတြမွာ ဖုန္းကိုၾကည့္ၿပီး ပါးစပ္မစီႏုိင္ေအာင္ သေဘာေတြ က်ေနတဲ့ Song Joong Ki ရဲ႕ ပုံရိပ္ေတြကုိ ျမင္ရမွာ ျဖစ္ပါတယ္။

အဲဒီဓာတ္ပုံေတြေၾကာင့္ ပရိသတ္ေတြက Song Joong Ki အေနနဲ႔ ဘာကုိမ်ား ၾကည့္ၿပီး ဒီေလာက္ထိေတာင္ သေဘာေတြ က်ေနရတာလဲဆုိၿပီး သိခ်င္ခဲ့ၾကတာပါ။ အဲဒီေမးခြန္းရဲ႕ အေျဖကုိ Song Joong Ki ကုိယ္တုိင္ပဲ သူ႔ပုိ႔စ္မွာ caption ေရးၿပီး အေျဖထားတာပါ။

Song Joong Ki က သူ႕ရဲ႕ပုိ႔စ္မွာ “ေက်းဇူးျပဳၿပီး ‘Is There Here’ ကုိ ခ်စ္ေပးၾကပါ။ #CheersSpaceSweepers” လုိ႔ Caption ေရးထားတာေၾကာင့္ Song Joong Ki ၾကည့္ၿပီး သေဘာက်ေနတဲ့ ဗီဒီယုိဟာ Kim Tae Ri’s vlog ျဖစ္ေၾကာင္း netizens ေတြ နားလည္ခဲ့ၾကပါတယ္။

Song Joong Ki နဲ႔ Kim Tae Ri တုိ႔ဟာ ၂၀၂၁ မွာ ထုတ္ေ၀ခဲတဲ့ သိပၸံဇာတ္ကား Space Sweepers မွာ အဓိကသ႐ုပ္ေဆာင္ေတြအျဖစ္ ပါ၀င္ခဲ့သူေတြျဖစ္ၿပီး အဲဒီကတည္းက သူတုိ႔ႏွစ္ဦးအၾကား ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိခဲ့တာပါ။

အခု Kim Tae Ri’s vlog ကုိ ၾကည့္ၿပီး သေဘာက်တဲ့ Song Joong Ki ရဲ႕ ပို႔စ္ေအာက္မွာ ပရိသတ္ေတြက သူတုိ႔ႏွစ္ဦးရဲ႕ ရင္းႏွီီးတဲ့ ဆက္ဆံေရးကုိ သေဘာက်ေၾကာင္းနဲ႔ အနာဂတ္မွာ သူတုိ႔ႏွစ္ဦးရဲ႕ တဲြ႐ုိက္တဲ့ ဇာတ္ကားေတြ၊ ဇာတ္လမ္းတဲြေတြကုိ ၾကည့္႐ႈလုိေၾကာင္း မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

Source: @hi_songjoongki/Instagram

You cannot copy content of this page