Celebrity

■ သူ့အတွက် Hate Comment တွေကို မောင်ဖြစ်သူ တစ်ညလုံးဖျက်ခဲ့ရတယ်ဆိုပြီး ငိုခဲ့တဲ့ မင်းသမီး

– – – သူ့ရဲ့ မောင်ဖြစ်သူ MBLAQ အဖွဲ့ဟောင်း Mir ဟာ အစ်မကို ရိုင်းစိုင်းစွာပြောဆိုထားတဲ့ Hate Comment တွေကို …

KBS ရုပ်သံရဲ့ ‘Diet’ အစီအစဉ်မှာ မင်းသမီး Ko Eun-ah ဟာ ပါဝင်ပြီး လူမှုကွန်ရက် ပေါ်ချိန်ကစလို့ ခေတ်စားနေတဲ့ malicious comments တွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအစဉ်မှာ Ko Eun-ah ဟာ သရုပ်ဆောင်စလုပ်ခါစမှာ ရုပ်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ခံရတာတွေကို ပြောပြခဲ့တာပါ။

Ko Eun-ah က “ကျွန်မ သရုပ်ဆောင်လောကကို စဝင်တော့ အထက်တန်းကျောင်းသူပဲ ရှိသေးတာပါ။ ငယ်သေးတာကြောင့် ဘယ်လို နေထိုင်ရမယ်ဆိုတာကိုလည်း အဲဒီတုန်းက ကောင်းကောင်း မသိပါဘူး။ ဒါပေမဲ့ အဲဒီအချိန်းက ကျွန်မဟာ ရုပ်ရည်နဲ့ပတ်သက်ပြီး negative comments ရခဲ့ပါတယ်။ အဲဒါက ကျွန်မကို စိတ်ဖီးစီးနေပါတယ်

အဲဒီလို မှတ်ချက်တွေကြောင့် ကျွန်မ Diet လုပ်ခဲ့ပြီး အတော်လေးပြင်းထန်တာကို ရွေးခဲ့မိတယ်။ ဒါကြောင့် ကျွန်မ တော်တော်လေး ပိန်ကျသွားပြီး ၇ နှစ်၊ ၈ နှစ် ကလေးတွေ ဝတ်တဲ့ အဝတ်တွေကိုတောင် ဝတ်လို့ရတဲ့အထိ ပိန်ကျသွားခဲ့တယ်”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ Ko Eun-ah က “အဲဒီနောက်မှာ ၂ နှစ်လောက် နားလိုက်ပြီး Mir အတူ ကျွန်မတို့ You Tube Channel စလုပ်တယ်။ ကျွန်မတို့ You Tube Channel လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ လူတွေက ကျွန်မရဲ့ ရုပ်ရည်နဲ့ပတ်သက်ပြီး hate comments တွေ ပေးပါရော။

ကျွန်မ အရင်တုန်း ၄၂ ကီလိုပဲ ရှိပြီး You Tube Channel စလုပ်ချိန်မှာ ၆၅ ကီလို ရှိခဲ့တာပါ။ ကျွန်မနဲ့ ပတ်သက်ပြီး မှတ်ချက်တွေ မပေးစေချင်ပေမဲ့ မရပါဘူး။ သူတို့ရဲ့စကားတွေက ကျွန်မကို နာကျင်စေပါတယ်။ မတွေးဘဲ နေလို့လည်း မရဘူး”လို့ ဆိုပါတယ်။

“Comment တွေက တော်တော်လေးကို ပြင်းထန်တာပါ။ ဒါပေမဲ့ ကျွန်မတို့ You Tube Channel မိသားစု Channel ဖြစ်လို့ မပါလို့ မရပြန်ဘူး။ အဲဒီမှာ Mir က ဗီဒီယိုတွေ တင်ပြီး တစ်ညလုံး ကျွန်မရဲ့ Hate Comment တွေကို ထိုင်ဖျက်တော့ပါပဲ။ သူက ကျွန်မကို မနာကျင်စေချင်ဘူးလေ။ သူ အဲဒီလို လုပ်နေတာကို မြင်ရတာ ကျွန်မရင်တွေ ကျိုးရပါတယ်”လို့ Ko Eun-ah ပြောဆိုခဲ့ပြီး အဲဒီလို ပြောချိန်မှာ မျက်ရည်တွေ ကျနေခဲ့တာပါ။

Source: SBS News

You cannot copy content of this page