K pop

■ EXO D.O. ရက်ရက်ရောရော ပိုက်ဆံသုံးလေ့ရှိတဲ့ အရာ

– – – D.O. က ပိုက်ဆံတွေ အများကြီး သုံးသူမဟုတ်သလို လိုအပ်တာလောက်ပဲ ဝယ်တတ်သူပါ။ ဒါပေမဲ့ ဒီတစ်ခုနဲ့ ပတ်သက်ရင်တော့ …

EXO အဖွဲ့ဝင် D.O. ဟာ You Tube Channel တစ်ခုနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး အဲဒီအင်တာဗျူးမှာ သူ့အနေနဲ့ Idol မဖြစ်ခဲ့ဘူးဆိုရင် စားဖိုမှူးဖြစ်နိုင်ကြောင်းနဲ့ ခရီးသွားတဲ့အခါ သူလုပ်တတ်တာတွေကိုလည်း ပြောပြခဲ့ပါတယ်။

အဲဒီမှာ You Tube Channel ရဲ့ အင်တာဗျူးသမားက D.O. အနေနဲ့ ခရီးတွေ ဘာတွေ သွားတဲ့ အခါ ငွေသုံးကြမ်းသလား။ ငွေတွေကို ဘယ်လိုအသုံးပြုသလဲဆိုပြီး မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို D.O. က “ကျွန်တော် ငွေသုံးကြမ်းတဲ့၊ ပိုက်ဆံတွေ အများကြီး အသုံးပြုတတ်တဲ့ သူမျိုး မဟုတ်ပါဘူး။ အဲဒီလိုပဲ ပြောနိုင်မယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ခရီးသွားတဲ့အခါ တကယ်လိုအပ်တယ်လို့ ထင်တာတွေကို ဝယ်လေ့ရှိပါတယ်။

ဒါပေမဲ့ ကျွန်တော် ကြိုက်တဲ့ အစားအသောက်နဲ့ ပတ်သက်ရင်တော့ ကျွန်တော့်အနေနဲ့ ငွေသုံးတာကို မရပ်နိုင်ပါဘူး။ အစားအသောက်နဲ့ ပတ်သတ်ရင်တော့ ကျွန်တော်ဟာ အရမ်းကို ရက်ရောသူပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် D.O. က သူ့အနေနဲ့ ကောင်းကောင်း စားနိုင်ကြောင်းနဲ့ သူ့အတွက် စားစရာ ပြင်ပေးတဲ့သူတွေ၊ အစားအသောက်ကောင်းတွေ ရောင်းချတဲ့သူတွေကိုလည်း အရမ်းကျေးဇူးတင်ကြောင်း ပြောကြားခဲ့သေးတာပါ။

Source: SBS News

 

-Zawgyi

■ EXO D.O. ရက္ရက္ေရာေရာ ပုိက္ဆံသုံးေလ့ရွိတဲ့ အရာ

— – – D.O. က ပုိက္ဆံေတြ အမ်ားႀကီး သုံးသူမဟုတ္သလုိ လုိအပ္တာေလာက္ပဲ ၀ယ္တတ္သူပါ။ ဒါေပမဲ့ ဒီတစ္ခုနဲ႔ ပတ္သက္ရင္ေတာ့ …

EXO အဖဲြ႕၀င္ D.O. ဟာ You Tube Channel တစ္ခုနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့ၿပီး အဲဒီအင္တာဗ်ဴးမွာ သူ႕အေနနဲ႔ Idol မျဖစ္ခဲ့ဘူးဆုိရင္ စားဖုိမွဴးျဖစ္ႏုိင္ေၾကာင္းနဲ႔ ခရီးသြားတဲ့အခါ သူလုပ္တတ္တာေတြကုိလည္း ေျပာျပခဲ့ပါတယ္။

အဲဒီမွာ You Tube Channel ရဲ႕ အင္တာဗ်ဴးသမားက D.O. အေနနဲ႔ ခရီးေတြ ဘာေတြ သြားတဲ့ အခါ ေငြသုံးၾကမ္းသလား။ ေငြေတြကုိ ဘယ္လုိအသုံးျပဳသလဲဆုိၿပီး ေမးျမန္းခဲ့တာပါ။

အဲဒီေမးခြန္းကုိ D.O. က “ကၽြန္ေတာ္ ေငြသုံးၾကမ္းတဲ့၊ ပုိက္ဆံေတြ အမ်ားႀကီး အသုံးျပဳတတ္တဲ့ သူမ်ဳိး မဟုတ္ပါဘူး။ အဲဒီလုိပဲ ေျပာႏုိင္မယ္ ထင္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္အေနနဲ႔ ခရီးသြားတဲ့အခါ တကယ္လိုအပ္တယ္လုိ႔ ထင္တာေတြကုိ ၀ယ္ေလ့ရွိပါတယ္။

ဒါေပမဲ့ ကၽြန္ေတာ္ ႀကိဳက္တဲ့ အစားအေသာက္နဲ႔ ပတ္သက္ရင္ေတာ့ ကၽြန္ေတာ့္အေနနဲ႔ ေငြသုံးတာကုိ မရပ္ႏုိင္ပါဘူး။ အစားအေသာက္နဲ႔ ပတ္သတ္ရင္ေတာ့ ကၽြန္ေတာ္ဟာ အရမ္းကုိ ရက္ေရာသူပါ”လုိ႔ ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

ဒါ့ျပင္ D.O. က သူ႕အေနနဲ႔ ေကာင္းေကာင္း စားႏုိင္ေၾကာင္းနဲ႔ သူ႕အတြက္ စားစရာ ျပင္ေပးတဲ့သူေတြ၊ အစားအေသာက္ေကာင္းေတြ ေရာင္းခ်တဲ့သူေတြကုိလည္း အရမ္းေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ေသးတာပါ။

Source: SBS News

You cannot copy content of this page