Celebrity
■ အဆဲကလေးနဲ့ ပွဲစည်ခဲ့တဲ့ မင်းသမီး Han Ye Seul အလန်းစားပို့စ်
– – – Instagram က Han Ye Seul ရဲ့ အလန်းစားပို့စ်တစ်ခုကတော့ f***ing တွေနဲ့ ဆူညံနေပါတယ်။ မင်းသမီးကိုယ်တိုင်ကပါ ဒါကို သုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းသမီး Han Ye Seul ဟာ သူမရဲ့ Instagram မှာ အလန်းစားပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။ Mirror Selfie ဖြစ်တဲ့ အဲဒီဓာတ်ပုံမှာ Han Ye Seul ရဲ့ မျက်နှာရော၊ ခန္ဓာကိုယ်အလှ ပေါ်လွင်ခဲ့ပြီး ခရမ်းရောင်နှုတ်ခမ်းနီကို ဆိုးထားလို့ Han Ye Seul က So purple ဆိုတဲ့ Caption နဲ့ တင်ခဲ့တာပါ။
အဲဒီဓာတ်ပုံကို ပရိသတ်တွေက နှစ်သက်သဘောကျခဲ့ကြပြီး “လှလိုက်တာ”၊ “ကမ္ဘာပေါ်မှာ ရှိတဲ့ နှှုတ်ခမ်းတွေအားလုံးကို ဆိုးကြည့်ပါလား”၊ “အစ်မရဲ့ မျက်နှာက ဖုန်းထက်တောင် သေးနေတယ်”ဆိုပြီး Comment တွေ ပေးခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီထဲမှာ Han Ye Seul ကို Reply ပြန်နိုင်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့ Comment တစ်ခု ရှိနေပါတယ်။ အဲဒီ Comment ကတော့ “ဒါ ရိုင်းတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဖော်ပြနိုင်တာ ဒါက အကောင်းဆုံးပါပဲ။ You’re so f***ing prettyyy. F*** မင်းက လူလား။ ပန်းချီဆွဲကားလား။ အနုပညာလက်ရာတစ်ခုလား။ ဒါမှမဟုတ် နတ်သမီးလား You’re so f***ing prettyyy”ဆိုပြီး ဖြစ်ပါတယ်။
အဲဒီ Comment ကို မင်းသမီး Han Ye Seul က “အခုလို ပြောပေးတဲ့အတွက် မင်းကို f***ing thankful ပါ”ဆိုပြီး အဆဲကလေး ပြန် Reply ပြန်ခဲ့တာပါ။
Ref: Koreaboo
-Zawgyi
အဲဒီဓာတ်ပုံကို ပရိသတ်တွေက နှစ်သက်သဘောကျခဲ့ကြပြီး “လှလိုက်တာ”၊ “ကမ္ဘာပေါ်မှာ ရှိတဲ့ နှုတ်ခမ်းတွေအားလုံးကို ဆိုးကြည့်ပါလား”၊ “အစ်မရဲ့ မျက်နှာက ဖုန်းထက်တောင် သေးနေတယ်”ဆိုပြီး Comment တွေ ပေးခဲ့ကြပါတယ်။
Ref: Koreaboo
You cannot copy content of this page