– – – Jisoo ရဲ့ ထူးဆန်းမှုကြီးကို ရှာတွေ့သွားတဲ့အခါ ပရိသတ်တွေ ခွီရုံကလွဲလို့ ဘာများတတ်နိုင်ဦးမှာလဲ ….
BLACKPINK အဖွဲ့ဝင် Jisoo တစ်ယောက် Instagram မှာ ပုံတင်ပြီးဆိုတာနဲ့ တစ်ခုခုထူးတော့မယ်ဆိုတာကို BLINK တွေက ပြောစရာမလိုဘဲ သိပြီးသားပါ။
Jisoo ဟာ Instagram မှာ အမြဲလိုလို ပရိသတ်တွေ အသက်ရှုမှားစေမယ့်ပုံတွေ၊ Selca တွေ တင်လေ့ရှိပါတယ်။ အဲဒီလို ပုံတွေ တင်တဲ့အခါ Jisoo လုပ်တာတစ်ခုကိုလည်း ပရိသတ်တွေ သိကြပါတယ်။
BLACKPINK အဖွဲ့မှာ Lisa က အဖွဲ့ဝင်တွေကို ဝါသနာအလျှောက် ဓာတ်ပုံရိုက်ပေးလေ့ရှိပြီး သူမရိုက်ပေးတဲ့ ဓာတ်ပုံတွေကို တင်တဲ့အခါ သူမနာမည်ကို Tag တွဲဖို့ စည်းကမ်းသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဒီစည်းကမ်းကို BLACKPINK အဖွဲ့ဝင်တွေ လိုက်နာကြပြီး Jisoo ကတော့ Lisa ရဲ့ စည်းကမ်းကို Lisa ရိုက်ပေးတဲ့ ပုံတွေမှာ လိုက်နာတာ မဟုတ်ပါဘူး။
တလောက Jisoo ဟာ သူမကိုယ်တိုင်ရိုက်ထားတဲ့ Selca တစ်ပုံကို Instagram တင်ခဲ့ပြီး ပရိသတ်တွေရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ်။ဒါပေမဲ့ အရည်ပျော်လို့ မပြီးခင်မှာပဲ BLINK တွေဟာ ခွီစရာတစ်ခုကို ရှာတွေ့သွားတာပါ။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။
Lisa ကို တသွေမတိမ်းလိုက်နာတဲ့ Jisoo ဟာ သူမကိုယ်တိုင်ရိုက်ထားတဲ့ သူမရဲ့ ဓာတ်ပုံမှာ Jisoo ဆိုပြီး သူမနာမည် Tag တွဲထားတာဖြစ်ပါတယ်။ အဲဒါကို မြင်ပြီးနောက်မှာတော့ BLINK တွေဟာ ခွီခဲ့ကြတာဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ Jisoo ကိုလည်း အချစ်ပိုခဲ့ကြပါတယ်။
– ဃဲ
Ref: Koreaboo
-Zawgyi
■ မသိဘူး … ဓာတ္ပုံတင္ရင္ေတာ့ တို႔က Tag မွာပဲ
– – – Jisoo ရဲ႕ ထူးဆန္းမႈႀကီးကို ရွာေတြ႕သြားတဲ့အခါ ပရိသတ္ေတြ ခြီ႐ုံကလြဲလို႔ ဘာမ်ားတတ္ႏိုင္ဦးမွာလဲ ….
BLACKPINK အဖြဲ႕ဝင္ Jisoo တစ္ေယာက္ Instagram မွာ ပုံတင္ၿပီးဆိုတာနဲ႔ တစ္ခုခုထူးေတာ့မယ္ဆိုတာကို BLINK ေတြက ေျပာစရာမလိုဘဲ သိၿပီးသားပါ။
Jisoo ဟာ Instagram မွာ အၿမဲလိုလို ပရိသတ္ေတြ အသက္ရႈမွားေစမယ့္ပုံေတြ၊ Selca ေတြ တင္ေလ့ရွိပါတယ္။ အဲဒီလို ပုံေတြ တင္တဲ့အခါ Jisoo လုပ္တာတစ္ခုကိုလည္း ပရိသတ္ေတြ သိၾကပါတယ္။
BLACKPINK အဖြဲ႕မွာ Lisa က အဖြဲ႕ဝင္ေတြကို ဝါသနာအေလွ်ာက္ ဓာတ္ပုံ႐ိုက္ေပးေလ့ရွိၿပီး သူမ႐ိုက္ေပးတဲ့ ဓာတ္ပုံေတြကို တင္တဲ့အခါ သူမနာမည္ကို Tag တြဲဖို႔ စည္းကမ္းသတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။ ဒီစည္းကမ္းကို BLACKPINK အဖြဲ႕ဝင္ေတြ လိုက္နာၾကၿပီး Jisoo ကေတာ့ Lisa ရဲ႕ စည္းကမ္းကို Lisa ႐ိုက္ေပးတဲ့ ပုံေတြမွာ လိုက္နာတာ မဟုတ္ပါဘူး။
တေလာက Jisoo ဟာ သူမကိုယ္တိုင္႐ိုက္ထားတဲ့ Selca တစ္ပုံကို Instagram တင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ႏွလုံးသားကို အရည္ေပ်ာ္ေစခဲ့ပါတယ္။ ဒါေပမဲ့ အရည္ေပ်ာ္လို႔ မၿပီးခင္မွာပဲ BLINK ေတြဟာ ခြီစရာတစ္ခုကို ရွာေတြ႕သြားတာပါ။ အဲဒါက တျခားေတာ့ မဟုတ္ပါဘူး။
Lisa ကို တေသြမတိမ္းလိုက္နာတဲ့ Jisoo ဟာ သူမကိုယ္တိုင္႐ိုက္ထားတဲ့ သူမရဲ႕ ဓာတ္ပုံမွာ Jisoo ဆိုၿပီး သူမနာမည္ Tag တြဲထားတာျဖစ္ပါတယ္။
အဲဒါကို ျမင္ၿပီးေနာက္မွာေတာ့ BLINK ေတြဟာ ခြီခဲ့ၾကတာျဖစ္ၿပီး ခ်စ္စရာေကာင္းလြန္းတဲ့ Jisoo ကိုလည္း အခ်စ္ပိုခဲ့ၾကပါတယ္။
Ref: Koreaboo