—- အွန်စောအငယ်လေးရဲ့ ရပ်တည်မှုကို ဂျပန်ပရိသတ်တွေက မပျော်မရွှင် ဖြစ်ခဲ့ကြတာဖြစ်ပြီး ..
အွန်စောအငယ်လေးအဖြစ် လူသိများတဲ့ မင်းသမီး Moon Geun Young ဟာ “Do you know Dokdo?” စာသားပါဝင်တဲ့ Hoodie တစ်ထည်ကို ဝတ်ပြီး ပြုံးရွှင်နေတဲ့ ဓါတ်ပုံတစ်ပုံကို သူမရဲ့ Instagram မှာ တင်ခဲ့ပါတယ်။
အဲဒီ ဓါတ်ပုံနဲ့အတူ Moon Geun Young က “ရှင်တို့သိလား . . . Dokdo campaign! မှာ ကျွန်မ လည်းပါဝင်ပါတယ်။ Dokdo က ကျွန်မတို့ရဲ့ ကိုယ်ပိုင်မြေပါ” ဆိုတဲ့ စာသားကိုပါ ရေးတင်ခဲ့ပါတယ်။
အဲဒီပို့စ်တင်ပြီးနောက်မှာတော့ ဂျပန်ပရိသတ်တွေက Moon Geun Young ကိုစိတ်ပျက်ကြောင်း Comment တွေရေးခဲ့ကြပါတယ်။ အဲဒီထဲက Comment အချို့ကို ပြန်လည်ဖော်ပြရမယ်ဆိုရင် . . .
“ ငါ … မင်းကို အားပေးလာတာ နှစ်တွေအတော်ကြာခဲ့ပြီ။ ဒါပေမဲ့ ဒီနေ့မှာပဲ အဲဒီအားပေးမှုတွေကို အဆုံးသတ်လိုက်ပါပြီ” ၊ “ ငါမင်းကို အရမ်းနှစ်သက်ပါတယ်။ ဒါပေမဲ့ အခုတော့ မင်းကို နှစ်သက်ခဲ့တဲ့ အတွက် နာကျင်ရတယ်” ၊ “ ဒီအကြောင်းနဲ့ပတ်သက်ပြီး မင်းဘာမှမသိပါဘူး” စတဲ့ Comment တွေ ဖြစ်ပါတယ်။
Moon Geun Young ရဲ့ ပို့စ်ကို ဂျပန်ပရိသတ်တွေ စိတ်ပျက်ဒေါသထွက်ခဲ့ကြပေမယ့် ကိုရီးယားပရိ သတ်တွေကတော့ သူမကို ကာကွယ်ခဲ့ကြပြီး အချစ်ပိုခဲ့ကြပါတယ်။
Dokdo ဟာ ကျွန်းတစ်ခုဖြစ်ပြီး ဂျပန်နဲ့ တောင်ကိုရီးယားကြားမှာ တည်ရှိတာဖြစ်ပါတယ်။ အဲဒီကျွန်းကို ဂျပန်နဲ့ တောင်ကိုရီးယားတို့ သူတို့အပိုင်အဖြစ် အငြင်းပွားလာခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော် ကတည်းက ဖြစ်ပါတယ်။
Ref: Koreaboo