SPORTS

■ ၂၀၂၁-၂၂ ရာသီ စီရော်နယ်လ်ဒိုအတွက် အဆိုးဆုံးလား၊ မက်ဆီအတွက် အဆိုးဆုံးလား ?

၂၀၂၁-၂၂ ရာသီမှာ ခေတ်ပြိုင် GOAT တွေဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ အသင်းသစ်တွေနဲ့အတူ ဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးအတွက် ၂၀၂၁-၂၂ ရာသီဟာ အကောင်းဆုံးမဖြစ်ခဲ့တာတော့ သေချာပါတယ်။ ဒါဆို ဘယ်သူ့အတွက် ပိုဆိုးသလဲ ကြည့်ရအောင်ပါ။

ဂိုးပါဝင်ပတ်သက်မှု


မက်ဆီက PSG အသင်းအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ (၉) ဂိုး သွင်းပြီး ဂိုးဖန်တီးမှု (၁၃) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြောရရင်တော့ (၃၂) ပွဲမှာ ဂိုး ပါဝင်မှု (၂၂) ကြိမ် ဆိုပါတော့။ စီရော်နယ်လ်ဒိုကတော့ မန်ယူအသင်းမှာ (၂၄) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၃) ကြိမ် လုပ်ပေးခဲ့ပါတယ်။ ဂိုးပါဝင်ပတ်သက်မှုကို ကြည့်မယ်ဆိုရင် (၂၇) ကြိမ် ရှိပါတယ်။
Worse season: Messi

ဒဏ်ရာနဲ့ ပွဲမကစားနိုင်မှု


မက်ဆီက ၂၀၂၁-၂၂ ရာသီမှာ ဒဏ်ရာပြဿနာတွေ၊ ကိုဗစ်ကူးစက်ခံရတာတွေကြောင့် ပွဲတော်တော်များများ လွဲချော်ခဲ့တယ်။ သူဟာ ဒဏ်ရာနဲ့ ကိုဗစ်ကြောင့် (၅၈) ရက်နားခဲ့ရပြီး (၁၁) ပွဲ လွဲချော်ခဲ့တယ်။ စီရော်နယ်လ်ဒိုကတော့ ဒဏ်ရာကြောင့် (၁၂) ရက်သာ နားခဲ့ရပြီး စပါယ်အခွင့်အရေးနဲ့ နားခဲ့တာတွေတော့ ရှိတယ်။ ဒါပေမဲ့ ၂၀၂၁-၂၂ ရာသီမှာ စီရော်နယ်လ်ဒိုက (၃၉) ပွဲကစားနိုင်ပြီး မက်ဆီက (၃၂) ပွဲပဲ ကစားနိုင်ခဲ့တယ်။
Worse season: Messi

ဆုဖလား


ဂန္ထဝင် ကစားသမား နှစ်ယောက်လုံး ရုန်းကန်ခဲ့ရတယ်လို့ ဆိုရမယ်။ စီရော်နယ်လ်ဒိုကတော့ ၂၀၂၁-၂၂ ရာသီကို ဖလားတစ်လုံးမှာ မရဘဲ ကုန်ဆုံးခဲ့ရတယ်။ မက်ဆီကတော့ PSG အသင်းနဲ့ လီဂူး-၁ ချန်ပီယံဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့တာပါ။
Worse season: Ronaldo

အသင်းနဲ့ အံဝင်မှု


ဘာစီလိုနာက ထွက်ခွာခဲ့တဲ့ မက်ဆီဟာ PSG အသင်းမှာ ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းမှာ ရီးယဲလ်အသင်းကို ရှုံးပြီးနောက်မှာတော့ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ကိုတောင် မက်ဆီ ခံခဲ့ရတယ်။ စီရော်နယ်လ်ဒိုကတော့ မန်ယူအသင်းမှာ ဂိုးသွင်းအများဆုံး ဖြစ်ခဲ့သလို၊ ယူနိုက်တက်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း သိမ်းကြုံးရယူနိုင်ခဲ့တယ်။
Worse season: Messi

နောက်ဆုံးဆုံးဖြတ်ချက်


၂၀၂၁-၂၂ ရာသီမှာ အသင်းသစ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့အတွက် သူတို့ မျှော်လင့်ထားသလို ဖြစ်မလာတာတော့ ထင်ရှားပါတယ်။ စီရော်နယ်လ်ဒိုက မက်ဆီထက် ဂိုးပိုသွင်းနိုင်တာ မှန်ပေမဲ့ ဖလားတစ်လုံးမှ မရသလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့လို့ စီရော်နယ်လ်ဒိုအတွက် ၂၀၂၁-၂၂ ရာသီဟာ ပိုဆိုးတယ်လို့ ဆိုရမှာပါ။
Worse season: Ronaldo

You cannot copy content of this page