SPORTS

■ ဂျူဗင်တပ်စ်ဆီမှာ မိအေးနှစ်ခါနာ ခံရတော့မယ့် မန်ယူ

စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းသည် မန်ယူအသင်း၏ ကွင်းလယ်လူ ပေါ့ဘာအား ဒုတိယအကြိမ်မြောက် အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ခေါ်ယူရန် ဆွေးနွေးမှုများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ပေါ့ဘာအား မန်ယူအသင်းအကယ်ဒမီမှ အသင်းကြီးထံသို့ မပြောင်းရွှေ့မီအချိန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ဖူးပြီး နောက်ပိုင်းတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀)ဖြင့် ပြန်လည်ရောင်းထုတ်ခဲ့ သည်။

ယခုအချိန်တွင်လည်း မန်ယူအသင်းထံမှပင် ပြန်လည်ခေါ်ယူရန် စီစဉ်နေရာတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဒုတိယအကြိမ်မြောက်ခေါ်ယူရန် ဆွေးနွေးနေခြင်းလည်း ဖြစ်သည်။

ပေါ့ဘာသည် မန်ယူအသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ကစားသမားဖြစ်ပြီး အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုများကို ငြင်းဆန်ပယ်ချခဲ့သူ ဖြစ်သည်။

သူ၏အေးဂျင့် မီနိုရိုင်ယိုလာ ကွယ်လွန်ခဲ့ပြီးဖြစ်သော်လည်း သူ၏အပြောင်းအရွှေ့ကို ဘရာဇီးလ်ရှေ့နေ ရာဖယ်လာပီမန်တာက ဆက်လက်ကိုင်တွယ်နေသည်။

 

-Zawgyi

■ ဂ်ဴဗင္တပ္စ္ဆီမွာ မိေအးႏွစ္ခါနာ ခံရေတာ့မယ့္ မန္ယူ

စီးရီးေအထိပ္သီးကလပ္ ဂ်ဴဗင္တပ္စ္အသင္းသည္ မန္ယူအသင္း၏ ကြင္းလယ္လူ ေပါ့ဘာအား ဒုတိယအႀကိမ္ေျမာက္ အလြတ္ေျပာင္းေ႐ႊ႕ေၾကး ျဖင့္ေခၚယူရန္ ေဆြးေႏြးမႈမ်ားကို စတင္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

ဂ်ဴဗင္တပ္စ္အသင္းသည္ ေပါ့ဘာအား မန္ယူအသင္းအကယ္ဒမီမွ အသင္းႀကီးထံသို႔ မေျပာင္းေ႐ႊ႕မီအခ်ိန္တြင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူခဲ့ဖူးၿပီး ေနာက္ပိုင္းတြင္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း (၉၀)ျဖင့္ ျပန္လည္ေရာင္းထုတ္ခဲ့ သည္။

ယခုအခ်ိန္တြင္လည္း မန္ယူအသင္းထံမွပင္ ျပန္လည္ေခၚယူရန္ စီစဥ္ေနရာတြင္ ေျပာင္းေ႐ႊ႕ေၾကးအလြတ္ျဖင့္ ဒုတိယအႀကိမ္ေျမာက္ေခၚယူရန္ ေဆြးေႏြးေနျခင္းလည္း ျဖစ္သည္။

ေပါ့ဘာသည္ မန္ယူအသင္းႏွင့္ ယခုရာသီကုန္တြင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မည့္ ကစားသမားျဖစ္ၿပီး အသင္းႏွင့္ စာခ်ဳပ္သက္တမ္းတိုးရန္ ေဆြးေႏြးမႈမ်ားကို ျငင္းဆန္ပယ္ခ်ခဲ့သူ ျဖစ္သည္။

သူ၏ေအးဂ်င့္ မီႏို႐ိုင္ယိုလာ ကြယ္လြန္ခဲ့ၿပီးျဖစ္ေသာ္လည္း သူ၏အေျပာင္းအေ႐ႊ႕ကို ဘရာဇီးလ္ေရွ႕ေန ရာဖယ္လာပီမန္တာက ဆက္လက္ကိုင္တြယ္ေနသည္။

You cannot copy content of this page