SPORTS

■ မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်၊ မချုပ် ပြောပြခဲ့တဲ့ ပတ်ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ နှုတ်ဆက်ရာကနေ အခုတော့ အသင်းနဲ့ စာချုပ်သစ် ချုပ်၊ မချုပ်ကို ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ ဂွါဒီယိုလာရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၂-၂၃ ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ပြိုင်ဘက် လီဗာပူးလ်အသင်းက ကလော့ပ်ကို ၂၀၂၆ အထိ စာချုပ်သက်တမ်းတိုးထားတာကြောင့် မန်စီးတီးကလည်း ဂွါဒီယိုလာကို ဆက်ထိန်းဖို့ ကြိုးစားနေတာပါ။

အခု ဂွါဒီယိုလာက “တကယ်လို့ ကျွန်တော် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ်ဆိုရင်လည်း နောက်ရာသီကုန်မှာပဲ ဖြစ်လိမ့်မယ်။ အဲဒီမတိုင်ခင်ထိတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီမှာ ရှိနေတာ နှစ်တော်တော်ကြာပါပြီ။

ကျွန်တော့်အနေနဲ့ အသင်းနဲ့ တစ်သားတည်းဖြစ်တယ်လို့ ခံစားရလားဆိုတာကို ကြည့်ရမှာပါ။ ကျွန်တော် မန်စီးတီးအသင်းမှာ နောက် (၁၀) ကျော်လောက် နေချင်သေးတာပါ။ ဒါပေမဲ့ အချိန်လိုပါတယ်။ ကျွန်တော်တို့ အချိန်ယူရမယ်။ အခုက စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ့်အချိန်မဟုတ်သေးဘူး”လို့ ဆိုပါတယ်။

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၆ မှာ စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်အပါအဝင် ပြည်တွင်းဖလားတွေ အကုန်ယူပေးထားပေမဲ့ ချန်ပီယံလိဂ်ကိုတော့ ရယူပေးနိုင်ခြင်း မရှိသေးပါဘူး။

 

-Zawgyi

■ မန္စီးတီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္၊ မခ်ဳပ္ ေျပာျပခဲ့တဲ့ ပတ္ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ပတ္ဂြါဒီယုိလာက သူ႕ရဲ႕ အနာဂတ္နဲ႔ ပတ္သက္လုိ႔ ႏႈတ္ဆက္ရာကေန အခုေတာ့ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္၊ မခ်ဳပ္ကုိ ေျပာဆုိလုိက္ၿပီ ျဖစ္ပါတယ္။

မန္စီးတီးအသင္းနဲ႔ ခ်ဳပ္ဆုိထားတဲ့ ဂြါဒီယုိလာရဲ႕ လက္ရွိစာခ်ဳပ္ဟာ ၂၀၂၂-၂၃ ရာသီကုန္မွာ ကုန္ဆုံးမွာ ျဖစ္ၿပီး ၿပိဳင္ဘက္ လီဗာပူးလ္အသင္းက ကေလာ့ပ္ကုိ ၂၀၂၆ အထိ စာခ်ဳပ္သက္တမ္းတုိးထားတာေၾကာင့္ မန္စီးတီးကလည္း ဂြါဒီယုိလာကို ဆက္ထိန္းဖုိ႔ ႀကိဳးစားေနတာပါ။

အခု ဂြါဒီယုိလာက “တကယ္လို႔ ကၽြန္ေတာ္ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးမယ္ဆုိရင္လည္း ေနာက္ရာသီကုန္မွာပဲ ျဖစ္လိမ့္မယ္။ အဲဒီမတုိင္ခင္ထိေတာ့ ဘာမွ ျဖစ္လာမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္ ဒီမွာ ရွိေနတာ ႏွစ္ေတာ္ေတာ္ၾကာပါၿပီ။

ကၽြန္ေတာ့္အေနနဲ႔ အသင္းနဲ႔ တစ္သားတည္းျဖစ္တယ္လုိ႔ ခံစားရလားဆုိတာကုိ ၾကည့္ရမွာပါ။ ကၽြန္ေတာ္ မန္စီးတီးအသင္းမွာ ေနာက္ (၁၀) ေက်ာ္ေလာက္ ေနခ်င္ေသးတာပါ။ ဒါေပမဲ့ အခ်ိန္လုိပါတယ္။ ကၽြန္ေတာ္တုိ႔ အခ်ိန္ယူရမယ္။ အခုက စာခ်ဳပ္ကိစၥနဲ႔ပတ္သက္ၿပီး ေျပာရမယ့္အခ်ိန္မဟုတ္ေသးဘူး”လုိ႔ ဆုိပါတယ္။

စပိန္လူမ်ဳိးနည္းျပ ဂြါဒီယုိလာဟာ မန္စီးတီးအသင္းကုိ ၂၀၁၆ မွာ စတင္ကုိင္တြယ္ခဲ့ၿပီး အသင္းကုိ ပရီးမီးယားလိဂ္အပါအ၀င္ ျပည္တြင္းဖလားေတြ အကုန္ယူေပးထားေပမဲ့ ခ်န္ပီယံလိဂ္ကုိေတာ့ ရယူေပးႏုိင္ျခင္း မရွိေသးပါဘူး။

You cannot copy content of this page