Celebrity

■ Kim Sae Ron ကားအက်စီးဒန့်ဖြစ်တဲ့ CCTV Footage တွေ ထွက်ပေါ်လာပြီး Netizens တုန်လှုပ်

– – – ပထမတစ်ကြိမ် ဖြစ်ပြီးမှာ ရပ်လိုက်သင့်ပေမဲ့ ဆက်မောင်းခဲ့တာကြောင့် ပိုဆိုးခဲ့ပြီး အခု CCTV Footage တွေက …

မေ (၁၈) ရက်မှာ မင်းသမီး Kim Sae Ron ကားအက်စီးဒန့်ဖြစ်တဲ့ CCTV Footage တွေ ထွက်ပေါ်လာပြီး သတင်း Channel တစ်ခုဖြစ်တဲ့ YTN က သတင်းတင်ဆက်ရာမှာ အဲဒီ CCTV Footage ကို ပြသခဲ့တာ ဖြစ်ပါတယ်။

CCTV Footage တွေမှာ မင်းသမီး Kim Sae Ron ဟာ အနက်ရောင် SUV အမျိုးအစားကားကို မောင်းလာခဲ့ပြီး လမ်းမကျယ်ကြီးမှာ သူက ဘယ်ဘက်ကပ်ပြီး မောင်းနှင်ခဲ့တာပါ။ အဲဒီလို မောင်းနေတုန်းမှာ Kim Sae Ron ရဲ့ ကားဟာ လမ်းလျှောက်သူတွေအတွက် တားထားတဲ့ အတားအဆီးတွေကို ဝင်တိုက်ခဲ့တာပါ။

ဒါပေမဲ့ Kim Sae Ron ဟာ ကားကို နောက်ပြန်ဆုတ်ပြီး လမ်းမပေါ် ဆက်မောင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်အပြီးမှာ ကားဆက်မောင်းခဲ့တဲ့ Kim Sae Ron ကို Netizens တွေက အပြစ်တင်ခဲ့ကြပါတယ်။

အဲဒီနောက် ကားဆက်မောင်းခဲ့တဲ့ Kim Sae Ron ဟာ transformer ကို သွားတိုက်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် အဲဒီပတ်ဝန်းကျင်အတွင်း လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး လျှပ်စစ်ရထား နောက်ကျမှုတွေ ရှိခဲ့ကာ ပိုကြီးကျယ်သွားခဲ့တာ ဖြစ်ပါတယ်။

Kim Sae Ron အနေနဲ့ 6သာက်ပြီး ကားမောင်းခဲ့တာကြောင့် အခုလိုဖြစ်ရပ်တွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး စစ်ဆေးမှုကိုလည်း ခံယူခဲ့ဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ Kim Sae Ron ဟာ အဲဒီဖြစ်ရပ်ကြောင့် ဇာတ်လမ်းတွဲက နုတ်ထွက်ခဲ့ပြီး အမှုရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

Source: YTN

 

-Zawgyi








Source: YTN

You cannot copy content of this page