K pop

■ Golden Child အဖွဲ့ဝင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရဆိုတဲ့သတင်းကို အေဂျင်စီ ရှင်းလင်း

– – – Golden Child အဖွဲ့ဝင် TAG ဟာ အသည်းပုံမှန်အလုပ်မလုပ်မှုကြောင့် အသm်အန္တရာယ် စိုးရိမ်နေရပြီး အသည်းအသန် အစားထိုးဖို့ …

Woollim Entertainment က Golden Child အဖွဲ့ဝင် TAG အနေနဲ့ အသည်းပုံမှန်အလုပ်မလုပ်မှုကြောင့် ဆေးရုံအရေးပေါ်တက်ရောက်ခဲ့ပြီး လက်ရှိမှာ အသm်အန္တရာယ်နဲ့ ရင်ဆိုင်နေတယ်ဆိုတဲ့ သတင်းတွေကို ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

မေ (၁၈) ရက်မှာ Kukmin Ilbo သတင်းဌာနက TAG ဟာ အသည်းပုံမှန်မလုပ်မှုကြောင့် အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ရပြီး အသည်းအစားထိုး ခွဲစိတ်မှု အလျင်အမြန်မပြုလုပ်ဘူးဆိုရင် အသm်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အခု အဲဒီသတင်းက Woollim Entertainment က ရှင်းလင်းခဲ့ပြီး TAG အနေနဲ့ ဆေးရုံတက်ရောက်ခဲ့ရတယ်ဆိုတာ မှန်ပေမဲ့ Kukmin Ilbo သတင်းဌာနက ဖော်ပြသလို၊ အရေးပေါ် အခြေအနေတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

Woollim Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “TAG က အခု အရေးပေါ် အခြေအနေ မဟုတ်ပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်က ကျန်းမာရေးအခြေအနေ ဆိုးရွားလာလို့ ဆေးရုံတက်ရောက်ပြီး ဆေးစစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။ အခုအချိန်မှာ အဖြေတွေကို စောင့်ဆိုင်းနေဆဲပါ”လို့ ထုတ်ပြန်ခဲ့တာပါ။

Source: Woollim Entertainment

 

-Zawgyi

■ Golden Child အဖဲြ႕၀င္ အသက္အႏၱရာယ္နဲ႔ ရင္ဆုိင္ေနရဆုိတဲ့သတင္းကုိ ေအဂ်င္စီ ရွင္းလင္း

– – – Golden Child အဖဲြ႕၀င္ TAG ဟာ အသည္းပုံမွန္အလုပ္မလုပ္မႈေၾကာင့္ အသm္အႏၱရာယ္ စုိးရိမ္ေနရၿပီး အသည္းအသန္ အစားထုိးဖုိ႔ …

Woollim Entertainment က Golden Child အဖဲြ႕၀င္ TAG အေနနဲ႔ အသည္းပုံမွန္အလုပ္မလုပ္မႈေၾကာင့္ ေဆး႐ုံအေရးေပၚတက္ေရာက္ခဲ့ၿပီး လက္ရွိမွာ အသm္အႏၱရာယ္နဲ႔ ရင္ဆုိင္ေနတယ္ဆုိတဲ့ သတင္းေတြကုိ ရွင္းလင္းခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ေမ (၁၈) ရက္မွာ Kukmin Ilbo သတင္းဌာနက TAG ဟာ အသည္းပုံမွန္မလုပ္မႈေၾကာင့္ အေရးေပၚ ေဆး႐ုံတက္ေရာက္ခဲ့ရၿပီး အသည္းအစားထုိး ခဲြစိတ္မႈ အလ်င္အျမန္မျပဳလုပ္ဘူးဆုိရင္ အသm္အႏၱရာယ္ စုိးရိမ္ရတဲ့ အေနအထားမ်ဳိး ျဖစ္တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

အခု အဲဒီသတင္းက Woollim Entertainment က ရွင္းလင္းခဲ့ၿပီး TAG အေနနဲ႔ ေဆး႐ုံတက္ေရာက္ခဲ့ရတယ္ဆုိတာ မွန္ေပမဲ့ Kukmin Ilbo သတင္းဌာနက ေဖာ္ျပသလုိ၊ အေရးေပၚ အေျခအေနေတာ့ မဟုတ္ဘူးလုိ႔ ဆုိပါတယ္။

Woollim Entertainment ရဲ႕ ထုတ္ျပန္ခ်က္မွာ “TAG က အခု အေရးေပၚ အေျခအေန မဟုတ္ပါဘူး။ ဒါေပမဲ့ သိပ္မၾကာခင္က က်န္းမာေရးအေျခအေန ဆုိးရြားလာလုိ႔ ေဆး႐ုံတက္ေရာက္ၿပီး ေဆးစစ္ေဆးမႈေတြ ျပဳလုပ္ထားပါတယ္။ အခုအခ်ိန္မွာ အေျဖေတြကုိ ေစာင့္ဆုိင္းေနဆဲပါ”လုိ႔ ထုတ္ျပန္ခဲ့တာပါ။

Source: Woollim Entertainment

You cannot copy content of this page