K pop

■ Garam ကို ဇွတ်ကာကွယ်နေလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့ HYBE

– – – ခံရသူဘက်က ထရော်မာတွေကြောင့် ရှေ့နေဖြစ်သူ တင်ပြလာချိန်မှာ ရေရာမှုမရှိဘဲ ကာကွယ်ခဲ့တဲ့ အကျိုးဆက်ကို …

Garam ရဲ့ အနိုင်mျင့်ခံရမှုကို ဖွင့်ဟထားတဲ့ ခံရသူ Yoo Eunseo (နာမည်လွဲ)ရဲ့ ခံစားခဲ့ရတဲ့ ထရော်မာတွေအကြောင်း ရှေ့နေဖြစ်သူ တင်ပြလာတာကို ဘာမဆိုင် ညာမဆိုင်ထုတ်ပြန်ချက်ထုတ်ပြီး ကာကွယ်ခဲ့တဲ့ HYBE ဟာ Netizens တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ခံရသူ Yoo Eunseo ရဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ Daeryun law firm က “Yoo Eunseo ဟာ ၂၀၁၈ ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ Kim Garam နဲ့ အပေါင်းအပါတွေရဲ့ ကျောင်းတွင်းအနိုင်mျင့်ခံရမှုကို ခံခဲ့ရတာပါ။ အဲဒီဖြစ်ရပ်ပေါ်ပေါက်ပြီး နှစ်ပတ်အကြာမှာ Yoo Eunseo ဟာ အနိုင်mျင့်မှုတွေကို သည်းမခံနိုင်တော့လို့ ကျောင်းပြောင်းပြေးခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ Yoo Eunseo ရဲ့ စိတ်ခံစားချက်ဟာ ပုံမှန်မဟုတ်တော့ဘဲ အဲဒီလိုထပ်ဖြစ်မှာကို တွေးပူနေခဲ့ပြီး -တ်ေ-ဖို့အထိတောင် ကြံစည်ခဲ့လို့ သူ့ရဲ့မိဘတွေက သမီးဖြစ်သူကို ကျောင်းထုတ်ခဲ့ရပါတယ်။ သူ့အနေနဲ့ စိတ်ကုဆရာဝန်တွေနဲ့တောင် ပြသခဲ့ရပြီး မိခင်ဖြစ်သူဟာလည်း သမီးဖြစ်သူကို စောင့်ရှောက်ဖို့ အတွက် အလုပ်တွေအားလုံးကို နားခဲ့ရတာပါ”လို့ ဆိုပါတယ်။

အဲဒီလို Yoo Eunseo ရဲ့ ကိုယ်စားလှယ်အဖွဲ့ ထုတ်ပြန်ချက်ထွက်လာပြီးနောက်မှာ မီဒီယာတွေက အကျယ်တဝင့်ဖော်ပြခဲ့ကြပြီး HYBE က Garam ကာကွယ်တဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာပါ။ HYBE ရဲ့ ထုတ်ပြန်ချက်မှာ Daeryun law firm ရဲ့ တစ်ဖက်သတ်ထုတ်ပြန်ချက်ဖြစ်ကြောင်း၊ Garam နဲ့ပတ်သက်ပြီး သတင်းမှား ဖြန့်သူတွေကို အရေးယူဦးမှာဖြစ်ကြောင်း ဖော်ပြထားတာပါ။

HYBE ရဲ့ ထုတ်ပြန်ချက်ထွက်လာပြီးနောက်တော့ Netizens တွေဟာ ဒေါသပေါက်ကွဲခဲ့ကြပြီး HYBE ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဝေဖန်မှုတွေကို ပုံတွေမှာ ကြည့်ရင် သိနိုင်ပါတယ်။

Source: Koreaboo

 

-Zawgyi

■ Garam ကုိ ဇြတ္ကာကြယ္ေနလုိ႔ ျပင္းျပင္းထန္ထန္ေ၀ဖန္ခံေနရတဲ့ HYBE

– – – ခံရသူဘက္က ထေရာ္မာေတြေၾကာင့္ ေရွ႕ေနျဖစ္သူ တင္ျပလာခ်ိန္မွာ ေရရာမႈမရွိဘဲ ကာကြယ္ခဲ့တဲ့ အက်ဳိးဆက္ကုိ …

Garam ရဲ႕ အႏုိင္m်င့္ခံရမႈကုိ ဖြင့္ဟထားတဲ့ ခံရသူ Yoo Eunseo (နာမည္လဲြ)ရဲ႕ ခံစားခဲ့ရတဲ့ ထေရာ္မာေတြအေၾကာင္း ေရွ႕ေနျဖစ္သူ တင္ျပလာတာကုိ ဘာမဆုိင္ ညာမဆုိင္ထုတ္ျပန္ခ်က္ထုတ္ၿပီး ကာကြယ္ခဲ့တဲ့ HYBE ဟာ Netizens ေတြရဲ႕ ျပင္းထန္တဲ့ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။

ခံရသူ Yoo Eunseo ရဲ႕ ကုိယ္စားလွယ္အဖဲြ႕ျဖစ္တဲ့ Daeryun law firm က “Yoo Eunseo ဟာ ၂၀၁၈ ဧၿပီလကုန္ပုိင္းနဲ႔ ေမလဆန္းပုိင္းမွာ ေပၚေပါက္ခဲ့တဲ့ Kim Garam နဲ႔ အေပါင္းအပါေတြရဲ႕ ေက်ာင္းတြင္းအႏုိင္m်င့္ခံရမႈကုိ ခံခဲ့ရတာပါ။ အဲဒီျဖစ္ရပ္ေပၚေပါက္ၿပီး ႏွစ္ပတ္အၾကာမွာ Yoo Eunseo ဟာ အႏုိင္m်င့္မႈေတြကုိ သည္းမခံႏုိင္ေတာ့လုိ႔ ေက်ာင္းေျပာင္းေျပးခဲ့ရပါတယ္။

ဒါေပမဲ့ အဲဒီေနာက္ပုိင္းမွာ Yoo Eunseo ရဲ႕ စိတ္ခံစားခ်က္ဟာ ပုံမွန္မဟုတ္ေတာ့ဘဲ အဲဒီလုိထပ္ျဖစ္မွာကုိ ေတြးပူေနခဲ့ၿပီး -တ္ေ-ဖုိ႔အထိေတာင္ ႀကံစည္ခဲ့လုိ႔ သူ႕ရဲ႕မိဘေတြက သမီးျဖစ္သူကုိ ေက်ာင္းထုတ္ခဲ့ရပါတယ္။ သူ႔အေနနဲ႔ စိတ္ကုဆရာ၀န္ေတြနဲ႔ေတာင္ ျပသခဲ့ရၿပီး မိခင္ျဖစ္သူဟာလည္း သမီးျဖစ္သူကုိ ေစာင့္ေရွာက္ဖုိ႔ အတြက္ အလုပ္ေတြအားလုံးကို နားခဲ့ရတာပါ”လုိ႔ ဆုိပါတယ္။

အဲဒီလုိ Yoo Eunseo ရဲ႕ ကုိယ္စားလွယ္အဖဲြ႕ ထုတ္ျပန္ခ်က္ထြက္လာၿပီးေနာက္မွာ မီဒီယာေတြက အက်ယ္တ၀င့္ေဖာ္ျပခဲ့ၾကၿပီး HYBE က Garam ကာကြယ္တဲ့ ထုတ္ျပန္ခ်က္ ထုတ္ျပန္ခဲ့တာပါ။ HYBE ရဲ႕ ထုတ္ျပန္ခ်က္မွာ Daeryun law firm ရဲ႕ တစ္ဖက္သတ္ထုတ္ျပန္ခ်က္ျဖစ္ေၾကာင္း၊ Garam နဲ႔ပတ္သက္ၿပီး သတင္းမွား ျဖန္႔သူေတြကုိ အေရးယူဦးမွာျဖစ္ေၾကာင္း ေဖာ္ျပထားတာပါ။

HYBE ရဲ႕ ထုတ္ျပန္ခ်က္ထြက္လာၿပီးေနာက္ေတာ့ Netizens ေတြဟာ ေဒါသေပါက္ကဲြခဲ့ၾကၿပီး HYBE ေ၀ဖန္မႈေတြ ျပဳလုပ္ခဲ့တာပါ။ ေ၀ဖန္မႈေတြကို ပုံေတြမွာ ၾကည့္ရင္ သိႏုိင္ပါတယ္။

Source: Koreaboo

You cannot copy content of this page