Celebrity

■ တစ်ပူပေါ် တစ်ပေါ်ဆင့်ရဖွယ်ရှိနေတဲ့ မင်းသမီး Kim Sae Ron

– – – DUI နဲ့ ကားမောင်းလို့ ကားအက်စီးဒန့်ဖြစ်ခဲ့တဲ့ မင်းသမီးလေးရဲ့ Kim Sae Ron ရဲ့ ဆုံးရှုံးမှုတွေက တောက်လျှောက် လိုက်လာပြီး အခုလည်း …

မေလ (၁၈) ရက်မှာ သောm်ပြီး ကားမောင်းလို့ ကားအက်စီးဒန့်ဖြစ်ခဲ့တဲ့ မင်းသမီး Kim Sae Ron မှာ မေလ (၁၉) ရက်မှာတော့ သူ့ရဲ့ အေဂျင်စီက တောင်းပန်စာထုတ်ပြန်ခဲ့ပြီး Trolley ဇာတ်လမ်းတွဲကပါ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့ပြင် Kim Sae Ron လက်ရှိရိုက်ကူးနေတဲ့ Netflix ဇာတ်လမ်းတွဲ Bloodhounds ထုတ်လုပ်ရေးအဖွဲ့အနေနဲ့ Kim Sae Ron ပါဝင်ထားတဲ့ အခန်းတွေကို ပြန်လည်ရိုက်ကူးရမယ်ဆိုရင် သူ့ကို တရားစွဲဆိုသွားဖွယ်ရှိနေတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြနေကြတာပါ။

Bloodhounds က နာမည်ကျော် webtoon ကို အသက်သွင်းရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး အဲဒီဇာတ်လမ်းတွဲမှာ Kim Sae Ron ဟာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားကာ အတော်လေး ရိုက်ပြီးနေပြီဖြစ်ပါတယ်။

တကယ်လို့ အဲဒီဇာတ်လမ်းတွဲမှာ Kim Sae Ron ပါဝင်ထားတဲ့ အခန်းတွေကို လူစားလဲပြီး ပြန်ရိုက်ရမယ်ဆိုရင် ထုတ်လုပ်ရေးအဖွဲ့အနေနဲ့ ကုန်ကျစရိတ်အတွက် မင်းသမီး Kim Sae Ron ကို တရားစွဲဖွယ်ရှိနေတာပါ။

K-Drama လောကမှာ အရင်တုန်းကလည်း ဒီလိုအဖြစ်အပျက်တွေ ရှိခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်မှာ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့တဲ့ မင်းသား Jisoo ဟာ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဝမ် (၃) ဘီလီယံရလိုမှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရတာပါ။ အခုလည်း Kim Sae Ron ရဲ့သတင်းတွေကို စောင့်ကြည့်နေကြပြီး သူ့ရဲ့ပရိသတ်တွေကတော့ စိတ်ပူနေကြပါတယ်။

Source: Koreaboo

 

-Zawgyi

■ တစ္ပူေပၚ တစ္ေပၚဆင့္ရဖြယ္ရွိေနတဲ့ မင္းသမီး Kim Sae Ron

– – – DUI နဲ႔ ကားေမာင္းလုိ႔ ကားအက္စီးဒန္႔ျဖစ္ခဲ့တဲ့ မင္းသမီးေလးရဲ႕ Kim Sae Ron ရဲ႕ ဆုံး႐ႈံးမႈေတြက ေတာက္ေလွ်ာက္ လုိက္လာၿပီး အခုလည္း …

ေမလ (၁၈) ရက္မွာ ေသာm္ၿပီး ကားေမာင္းလုိ႔ ကားအက္စီးဒန္႔ျဖစ္ခဲ့တဲ့ မင္းသမီး Kim Sae Ron မွာ ေမလ (၁၉) ရက္မွာေတာ့ သူ႕ရဲ႕ ေအဂ်င္စီက ေတာင္းပန္စာထုတ္ျပန္ခဲ့ၿပီး Trolley ဇာတ္လမ္းတဲြကပါ ႏုတ္ထြက္ခဲ့ေၾကာင္း သိရပါတယ္။

ဒါ့ျပင္ Kim Sae Ron လက္ရွိ႐ုိက္ကူးေနတဲ့ Netflix ဇာတ္လမ္းတဲြ Bloodhounds ထုတ္လုပ္ေရးအဖဲြ႕အေနနဲ႔ Kim Sae Ron ပါ၀င္ထားတဲ့ အခန္းေတြကုိ ျပန္လည္႐ုိက္ကူးရမယ္ဆုိရင္ သူ႕ကုိ တရားစဲြဆုိသြားဖြယ္ရွိေနတယ္လုိ႔ ကိုရီးယားမီဒီယာေတြက ေဖာ္ျပေနၾကတာပါ။

Bloodhounds က နာမည္ေက်ာ္ webtoon ကုိ အသက္သြင္း႐ုိက္ကူးေနတဲ့ ဇာတ္လမ္းတဲြျဖစ္ၿပီး အဲဒီဇာတ္လမ္းတဲြမွာ Kim Sae Ron ဟာ အဓိကသ႐ုပ္ေဆာင္အျဖစ္ ပါ၀င္ထားကာ အေတာ္ေလး ႐ုိက္ၿပီးေနၿပီျဖစ္ပါတယ္။

တကယ္လုိ႔ အဲဒီဇာတ္လမ္းတဲြမွာ Kim Sae Ron ပါ၀င္ထားတဲ့ အခန္းေတြကုိ လူစားလဲၿပီး ျပန္႐ုိက္ရမယ္ဆုိရင္ ထုတ္လုပ္ေရးအဖဲြ႕အေနနဲ႔ ကုန္က်စရိတ္အတြက္ မင္းသမီး Kim Sae Ron ကုိ တရားစဲြဖြယ္ရွိေနတာပါ။

K-Drama ေလာကမွာ အရင္တုန္းကလည္း ဒီလုိအျဖစ္အပ်က္ေတြ ရွိခဲ့ဖူးၿပီး ၂၀၂၁ ခုႏွစ္မွာ အ႐ႈပ္ေတာ္ပုံ ေပၚေပါက္ခဲ့တဲ့ မင္းသား Jisoo ဟာ ထုတ္လုပ္ေရးအဖဲြ႕ရဲ႕ ၀မ္ (၃) ဘီလီယံရလုိမႈနဲ႔ တရားစဲြဆုိျခင္း ခံခဲ့ရတာပါ။ အခုလည္း Kim Sae Ron ရဲ႕သတင္းေတြကုိ ေစာင့္ၾကည့္ေနၾကၿပီး သူ႕ရဲ႕ပရိသတ္ေတြကေတာ့ စိတ္ပူေနၾကပါတယ္။

Source: Koreaboo

You cannot copy content of this page