– – – Kai ရဲ့ ရွေးချယ်မှုဟာ ပရိသတ်တွေ ထင်မှတ်ထားတာနဲ့ တော်တော် ကွာခြားပြီး သူ့ရဲ့ အကောင်းဆုံး Performance (၅) ခုက ဘာတွေ ဖြစ်မလဲဆိုတာက ကိုယ်တိုင်သာ ကြည့်လိုက်ပါ။
EXO အဖွဲ့ဝင် Kai ဟာ စတိတ်စင်ပေါ်မှာ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား K-Pop Idol တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး သူ့ရဲ့ စတိတ်ပေါ်က Performance ဟာ ပရိသတ်တွေကို ဆွဲဆောင်နိုင်လေ့ရှိပါတယ်။
“Love Shot” က အနီရောင်ဝတ်စုံနဲ့ ဖျော်ဖြေမှု၊ “Obsession” အဝါရောင် leather crop jacket နဲ့ ဖျော်ဖြေမှုတွေဟာ Kai ရဲ့ ထင်ရှားတဲ့ ဖျော်ဖြေမှုတွေဖြစ်ပြီး Rolling Stone က သူ့ကို လက်ရှိ “The 25 Most Stylish Musicians” အဖြစ် ရွေးချယ်ထားတာပါ။
EXO အဖွဲ့ဝင် Kai ဟာ Rolling Stone နဲ့ တွေ့ဆုံရာမှာ သူ့ရဲ့ အကောင်းဆုံး Performance (၅) ခုကို ပြောပြခဲ့ပါတယ်။ Kai ရွေးချယ်တဲ့ သူ့ရဲ့ အကောင်းဆုံး Performance (၅) ခုက ဘာတွေ ဖြစ်မလဲဆိုတာကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
Source: Koreaboo