K pop

■ BLACKPINK အဖွဲ့ဝင် တစ်ယောက်ချင်းစီကို Teddy ဘယ်လိုမြင်သလဲ

– -BLACKPINK ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလို့ ဆိုရမယ့် Teddy က အဖွဲ့ဝင်တစ်ယောက်ချင်းစီကို ဘယ်လိုမြင်သလဲဆိုတာ စိတ်ဝင်စားစရာကောင်းပြီး….

BLACKPINK ရဲ့ပထမဆုံး Documentary ရုပ်ရှင် ‘BLACKPINK: Light up the Sky’ ကိုတော့ Netflix က ထုတ်လွှင့်ခဲ့စဉ်မှာ Teddy က BLACKPINK အဖွဲ့ဝင်တွေအပေါ် အမြင်ကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

Rosé

Rose’ ကိုတော့ Teddy ဟာ ကြိုးစားလွန်းသူတစ်ယောက်အဖြစ် မြင်ခဲ့ပြီး သူမရဲ့ ကြိုးစားအားထုတ်မှုက Teddy ကိုယ်တိုင်တောင် လက်ဖျားခါခဲ့ပါသတဲ့။ “Rose’ က မနက် (၆) နာရီအထိ စတူဒီယိုထဲမှာ ရှိနေတတ်သူပါ။ ‘Wow..မင်း အခုအထိ စတူဒီယိုထဲမှာ ရှိနေတုန်းပဲလား”လို့ ကျွန်တော ်ပြောယူရတဲ့အထိပါပဲ”လို့ Teddy က ဖွင့်ဟခဲ့ပါတယ်။

Jisoo

Teddy ကတော့ Jisoo ရဲ့ ရင့်ကျက်မှု၊ သန်မာမှုကို ချီးကျူးသွားခဲ့ပါတယ်။ “Jisoo က ဒီအဖွဲ့ရဲ့အစ်မကြီးလိုပါပဲ။ သူမက ဘာမှမဖြစ်သလို ဟန်ဆောင်တတ်တဲ့သူ။ Jisoo ကို ကျွန်တော် သိလာတာ (၆) နှစ်လောက် ရှိပါပြီ။ အဲဒီကာလအတွင်း သူမငိုတာ တစ်ခါပဲ တွေ့ဖူးတယ်။ နောက်ပြီး သူမက စမတ်ကျတယ်။ တော်တော်များများက သူ့ကို စာအုပ်ကြီးအတိုင်းလို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို ရင့်ကျက်တယ်လို့ပဲ မြင်ပါတယ်”လို့ Jisoo နဲ့ ပတ်သက်ပြီး Teddy က ဆိုခဲ့ပါတယ်။

Lisa

Lisa က စိတ်သဘောထားဖြူစင်သူဖြစ်ကြောင်း၊ ခွန်အားပြည့်ဝသူဖြစ်ကြောင်း၊ အရာရာကို အပြုံးနဲ့ ရင်ဆိုင်တတ်သူဖြစ်ကြောင်း Teddy က ဆိုခဲ့ပါတယ်။ “Lisa က ထိုင်းကလာတာပါ။ သူ့ကို ကြည့်လိုက်ရင် အမြဲတမ်း အေးအေးဆေးဆေးပဲ”လို့ Teddy က ဆိုပါတယ်။

Jennie

Jennie က ရည်မှန်းချက်ကြီးပြီး ဖြောင့်မတ်သူတစ်ယောက်ဖြစ်တယ်လို့ Teddy က သုံးသပ်ခဲ့ပါတယ်။ “Jennie က ကိုရီးယားမှာ မွေးခဲ့ပေမဲ့ နယူးဇီလန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူမရဲ့ ထင်မြင်ချက်၊ စိတ်ခံစားချက်တွေက ရိုးရှင်းပြီး ပြီးပြည့်စုံသူတစ်ယောက်ပါ”လို့ Teddy က ဆိုပါတယ်။

Ref: Koreaboo

  • Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page