K pop

■ အမျိုးသားနဲ့ ကွာရှင်းလုနီးပါးဖြစ်နေပြီလို့ ဖွင့်ဟခဲ့တဲ့ T-ara အဖွဲ့ဝင်ဟောင်း

– – – ၂၀၁၉ မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အိမ်ထောင်သက် သုံးနှစ်လောက်အတွင်းမှာပဲ အခုလို အခြေအနေနဲ့ …

T-ara အဖွဲ့ဝင်ဟောင်း Han AreumTVING ရဲ့ Between Marriage And Divorce မှာ အမျိုးသားဖြစ်သူနဲ့ ပါဝင်ခဲ့ပြီး သူ့အနေနဲ့ အမျိုးသားဖြစ်သူနဲ့ ကွာရှင်းဖို့ အလေးအနက်ထား စဉ်းစားနေကြောင်း ပြောကြားခဲ့လို့ ပရိသတ်တွေ တုန်လှုပ်ခဲ့ကြပါတယ်။

Areum ဟာ အဲဒီအစီအစဉ်မှာ အမျိုးသားဖြစ်သူ Kim Young Gul နဲ့ ကတောက်ကဆဖြစ်ခဲ့ပြီး အဲဒီအငြင်းပွားမှုမှာ အမျိုးသားဖြစ်သူက သူတို့အနေနဲ့ ကွာရှင်းဖို့ စဉ်းစားနေကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့တာပါ။

Kim Young Gul က “တကယ်လို့ ငါတို့ ကွာရှင်းပြီးရင် မင်း ဘာလုပ်မှာလဲ။ မင်း အိမ်မှာ လဲလှောင်ပြီး ဇာတ်လမ်းတွဲ ကြည့်မယ်။ ပြီးတော့ ဖိအားတွေ ခံစားနေရတယ်ဆိုပြီး ညည်းနေမှာ မဟုတ်လား”လို့ ဇနီးဖြစ်သူကို မေးမြန်းခဲ့ပါတယ်။

အဲဒီမှာ Areum က “ရှင် ဒီလိုတွေ ပြောလို့ ကျွန်မ ရှင့်ကို ကွာရှင်းချင်တာ”လို့ ခပ်ပြတ်ပြတ် ပြန်ပြောခဲ့တာပါ။ Areum နဲ့ စီးပွားရေးလုပ်ငန်းရှင် Kim Young Gul တို့ဟာ ၂၀၁၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သူတို့မှာ ကလေးတစ်ယောက် ရှိပါတယ်။

၁၉၉၄ မှာ မွေးဖွားတဲ့ Areum ဟာ ၂၀၁၂ ခုနှစ်မှာ T-ara အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်အဖြစ် ပွဲထွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ တစ်ကိုယ်တော်ဘဝကို တည်ဆောက်ဖို့အတွက် အဖွဲ့နဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

Source: Wikitree

 

-Zawgyi

■ အမ်ဳိးသားနဲ႔ ကြာရွင္းလုနီးပါးျဖစ္ေနၿပီလုိ႔ ဖြင့္ဟခဲ့တဲ့ T-ara အဖဲြ႕၀င္ေဟာင္း

– – – ၂၀၁၉ မွာ လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး အိမ္ေထာင္သက္ သုံးႏွစ္ေလာက္အတြင္းမွာပဲ အခုလုိ အေျခအေနနဲ႔ …

T-ara အဖဲြ႕၀င္ေဟာင္း Han AreumTVING ရဲ႕ Between Marriage And Divorce မွာ အမ်ဳိးသားျဖစ္သူနဲ႔ ပါ၀င္ခဲ့ၿပီး သူ႕အေနနဲ႔ အမ်ဳိးသားျဖစ္သူနဲ႔ ကြာရွင္းဖုိ႔ အေလးအနက္ထား စဥ္းစားေနေၾကာင္း ေျပာၾကားခဲ့လုိ႔ ပရိသတ္ေတြ တုန္လႈပ္ခဲ့ၾကပါတယ္။

Areum ဟာ အဲဒီအစီအစဥ္မွာ အမ်ဳိးသားျဖစ္သူ Kim Young Gul နဲ႔ ကေတာက္ကဆျဖစ္ခဲ့ၿပီး အဲဒီအျငင္းပြားမႈမွာ အမ်ဳိးသားျဖစ္သူက သူတုိ႔အေနနဲ႔ ကြာရွင္းဖုိ႔ စဥ္းစားေနေၾကာင္း အရိပ္အျမြက္ ဖြင့္ဟခဲ့တာပါ။

Kim Young Gul က “တကယ္လုိ႔ ငါတုိ႔ ကြာရွင္းၿပီးရင္ မင္း ဘာလုပ္မွာလဲ။ မင္း အိမ္မွာ လဲေလွာင္ၿပီး ဇာတ္လမ္းတဲြ ၾကည့္မယ္။ ၿပီးေတာ့ ဖိအားေတြ ခံစားေနရတယ္ဆုိၿပီး ညည္းေနမွာ မဟုတ္လား”လုိ႔ ဇနီးျဖစ္သူကုိ ေမးျမန္းခဲ့ပါတယ္။

အဲဒီမွာ Areum က “ရွင္ ဒီလုိေတြ ေျပာလုိ႔ ကၽြန္မ ရွင့္ကုိ ကြာရွင္းခ်င္တာ”လုိ႔ ခပ္ျပတ္ျပတ္ ျပန္ေျပာခဲ့တာပါ။ Areum နဲ႔ စီးပြားေရးလုပ္ငန္းရွင္ Kim Young Gul တုိ႔ဟာ ၂၀၁၉ ခုႏွစ္မွာ လက္ထပ္ခဲ့ၿပီး သူတုိ႔မွာ ကေလးတစ္ေယာက္ ရွိပါတယ္။

၁၉၉၄ မွာ ေမြးဖြားတဲ့ Areum ဟာ ၂၀၁၂ ခုႏွစ္မွာ T-ara အဖဲြ႕ရဲ႕ အဖဲြ႕၀င္သစ္အျဖစ္ ပဲြထြက္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာေတာ့ တစ္ကုိယ္ေတာ္ဘ၀ကုိ တည္ေဆာက္ဖုိ႔အတြက္ အဖဲြ႕နဲ႔ လမ္းခဲြခဲ့တာျဖစ္ပါတယ္။

Source: Wikitree

You cannot copy content of this page