K pop
■ Solo Debut လုပ်မယ့် ပထမဆုံး TWICE အဖွဲ့ဝင်
– – – TWICE အဖွဲ့နဲ့ ပွဲထွက်ပြီး ၇ နှစ်အကြာလောက်မှာ Solo Debut လုပ်မယ့် ပထမဆုံး TWICE အဖွဲ့ဝင်ကတော့ …
ဒါက official ပါ။ TWICE အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Nayeon ဟာ နောက်ဆုံးမှာတော့ solo debut ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒါကို မေလ ၁၉ ရက်မှာ JYP Entertainment က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Nayeon ဟာ သူ့ရဲ့ အဆိုတော်ဘဝတစ်လျှောက် ပထမဆုံး mini album ဖြစ်တဲ့ “IM NAYEON” ကို လာမယ့် ဇွန်လ ၂၄ ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လယ် (၁) နာရီမှာ ထုတ်ဝေမှာဖြစ်ပြီး မေလ ၂၄ ရက်က စပြီး pre-orders တွေ လက်ခံမှာ ဖြစ်ပါတယ်။
Nayeon ဟာ သူ့ရဲ့ Solo Debut ပထမဆုံး teaser ကို ထုတ်ပြခဲ့ပြီး အဲဒီ teaser ဓာတ်ပုံမှာ Nayeon ရဲ့ ပုံရိပ် ပါဝင်ခြင်းမရှိပေမဲ့ သူ့ရဲ့ ပထမဆုံး mini album နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: JYP
-Zawgyi
Source: JYP
You cannot copy content of this page