SPORTS

■ မဖြစ်လောက်ဘူး၊ ဖြစ်နိုင်တယ် နှစ်လုံးတည်းနဲ့ ဘောင်းဘီကျပ်နေတဲ့ ဆရာ ကလော့ပ်

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းကို တစ်မှတ်အကွာဖြင့် ဖိအားပေးနေသည့် လီဗာပူးလ်အသင်း၏နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ရာသီပိတ်ပွဲစဉ်အဖြစ်ကစားမည့် အက်စတွန်ဗီလာနှင့်ပွဲတွင် မန်စီးတီးအသင်းအနေဖြင့် အမှတ်လျော့ဖွယ်မရှိသော်လည်း ဘောလုံးတွင် ဘာမဆိုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆောက်သမ်တန်အသင်းကို အဝေးကွင်းတွင် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ မန်စီးတီးအသင်း (၉၀ မှတ်)ကို တစ်မှတ်အကွာဖြင့် ဖိအားပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ နောက်ဆုံးပွဲစဉ်မှ အဖြေပေါ်တော့မည်ဖြစ်သည်။

ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်တွင် မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ် ကိုင်တွယ်နေသည့် အက်စတွန်ဗီလာအသင်းကို လက်ခံကစားရမည်ဖြစ်ပြီး လီဗာပူးလ်အသင်းသည် အိမ်ကွင်းတွင် ဝုလ်ဗ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

ယင်းရာသီပိတ်ပွဲစဉ်တွင် မန်စီးတီးအသင်း အမှတ်လျော့ခဲ့မည်ဆိုပါက လီဗာပူးလ်အနေဖြင့် ချန်ပီယံဆုကို ရယူနိုင်မည့် အခွင့်အရေးရှိနေသော်လည်း လီဗာပူးလ်နည်းပြ ကလော့ပ်ကမူ မန်စီးတီးအသင်း အမှတ်လျော့ဖွယ်မရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က ”ကျွန်တော့်အမြင်ကို ပြောရရင်တော့ ခင်ဗျားတို့ ထင်နေသလိုပဲ နောက်ဆုံးပွဲမှာ မန်စီးတီးအသင်း အနိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ဘောလုံးပါ။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရင်ဆုံး ဝုလ်ဗ်အသင်းကို အနိုင်ကစားရမယ်။ မန်စီးတီးကို ကျော်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်လားဆိုတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာကိုတော့ ထည့်တွက်ရမယ်။ ဒီလောက်ပါပဲ။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး။ အိမ်ကွင်းမှာ ကစားရမယ့် ရာသီပိတ်ပွဲစဉ်မှာ ကျွန်တော်တို့အနေနဲ့ အရင်အတိုင်းပဲ ကိုယ်လုပ်နေကျ အလုပ်ကို အကောင်းဆုံးလုပ်ဆောင်သွားမှာပါ”ဟု ဆိုခဲ့သည်။

 

 

You cannot copy content of this page