ဘင်ဖီကာအသင်းသည် ဥရောပထိပ် တန်းအသင်းများ စိတ်ဝင်စားနေသည့် အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်အတွက် အ နည်းဆုံး ယူရိုသန်း ၁၀၀ ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးသည် ယခုရာသီတွင် နာမည်ရလာသူဖြစ်ပြီး ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲတွင် ၃၄ ဂိုး အထိ သွင်းယူထားသည်။
ထို့ကြောင့် ၎င်းကို ခေါ်ယူရန် မန်ယူ၊ အာဆင်နယ်၊ PSG၊ နယူး ကာဆယ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကလည်း ယခုနွေတွင် အသင်းမှထွက်ခွာလိုနေကြောင်း သိရသည်။
ဘင်ဖီကာအသင်းသည် အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဒါဝင်နူနက်ဇ်ကို အနည်းဆုံး ယူရိုသန်း ၁၀၀ ရမှသာ လက်လွှတ်ဖွယ်ရှိနေကြောင်း ပေါ်တူဂီမီဒီယာများက ဖော်ပြနေကြသည်။