—- Kai ဟာ ရေဒီယိုအစီအစဉ်တစ်ခုမှာ မိသားစုအကြောင်းနဲ့ ဆောင်းရာသီ သူအကြိုက်နှစ်သက်ဆုံး EXO သီချင်းတစ်ပုဒ်ကို ပြောပြခဲ့…
Kai ဟာ SBS power FM ရေဒီယိုပရိုဂရမ် ‘Choi Hwa Jung’s Power Time’ အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။ အစီအစဉ်အတွင်းမှာ DJ Choi Hwa Jung ဟာ Kai ကို ‘I Live Alone’ အစီအစဉ်မှာ ပြောခဲ့တာနဲ့ပတ်သက်ပြီး “ မင်းမှာ အစ်မနဲ့ ဆက်သွယ်ဖို့ တူရှိတယ်။ မင်းအမြဲ တမ်းပြောခဲ့တာက ‘ကျေးဇူးတင်တယ်နဲ့ စေားရီး’ ဆို။ မင်းရဲ့မိသားစုကို ဒီလိုပဲအမြဲတမ်းပြောနေတာ လား” လို့ မေးမြန်းခဲ့ပါတယ်။
Kai က “ ကျွန်တော်ဟာ မိသားစုနဲ့ အမြဲတမ်းအချိန်ကုန်ဆုံးလေ့ရှိတာကြောင့် ဒီလိုပဲပြောဖြစ်ပါတယ်။ အရင်တုန်းကတော့ ကျွန်တော့်အမေဟာ ကျွန်တော်နေတဲ့နေရာဆီလာလေ့ရှိပါတယ်။ ဒါပေမဲ့ သူမက ကျွန်တော့်ရဲ့ သီချင်းတွေကို Streaming လုပ်ဖို့ အလုပ်တွေရှုပ်နေတဲ့သူပါ(ရယ်လျက်)။ အမေဟာ ကျွန်တော့်အတွက် စိုးရိမ်နေပေမယ့် ‘အရမ်းကြီးမကြောက်နဲ့။ လုပ်လိုက်အဆင်ပြေသွားမှာပါ’ ဒီလိုပဲ ပြောတာပါ” လို့ ပြောခဲ့ပါတယ်။
ထပ်ပြီးတော့ Kai က ရေဒီယိုနားထောင်သူတွေကို “ အခုချိန်မှာ ကိုရီးယားဆောင်းရာသီ အေးနေပြီ ဖြစ်တာကြောင့် EXO ရဲ့ ‘First Snow’ သီချင်းကို စဉ်းစားမိခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့သီချင်းဖြစ် ပါတယ်။ အခုနှစ်အတွင်း ကျွန်တော် အကောင်းဆုံးလုပ်ခဲ့တဲ့အရာကတော့ ကျွန်တော့်ရဲ့ Solo Album ထွက်သွားတာပဲဖြစ်ပါတယ်။ အချိန် 8လလောက်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာ ထွက်သွားလို့ ပျော် ရွှင်မိပါတယ်” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: Allkpop