K pop

■ Kim Garam နဲ့ပတ်သက်လို့ လိမ်လည်တယ်လို့ HYBE စွပ်စွဲခံနေရ

– – – HYBE ဟာ အထောက်အထားတွေ ခိုင်လုံနေတာကြောင့် အခုအချိန် တရားဝင်ထုတ်ပြန်ချက်မှာ …

Netizens တွေဟာ LE SSERAFIM အဖွဲ့ဝင် Kim Garam ရဲ့ ေmျာင်းတော်က ကိစ္စတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ အေဂျင်စီတွေဖြစ်တဲ့ HYBE Labels/Source Music တို့ဟာ ပြည်သူတွေကို လူသိရှင်ကြား လိမ်နေတယ်လို့ စွပ်စွဲနေကြပါတယ်။

မေလ (၂၀) ရက်မှာ HYBE Labels နဲ့ Source Music တို့ ပူးပေါင်းပြီး အလယ်တန်းတက်တုန်းက Kim Garam ပါဝင်ပတ်သက်တဲ့ ေmျာင်းတော်က အရှုပ်တော်ပုံအကြောင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်မှာ Kim Garam အနေနဲ့ ကော်မတီရဲ့ အရေးယူမှုကို ခံရခဲ့တာမှန်ပေမဲ့ သူငယ်ချင်းတွေကို ကာကွယ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ပြီးတော့ Kim Garam အနေနဲ့ တခြားလူတွေကို ကိုယ်ထိလm်ရောက် လုပ်ခဲ့တာမျိုးမရှိသလို၊ တခြား အနုပညာရှင်တွေကို မကောင်းပြောတာမျိုးလည်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားတာဖြစ်ပြီး အခုနောက်ပိုင်းအထောက်အထားတွေ တခြား Kim Garam ရဲ့ ကျောင်းနေဖော်တွေက သူရဲ့ အကျင့်စရိတ်တွေကို ဖော်ပြလာပြီးနောက်မှာတော့ Netizens တွေရဲ့ အသံ ဆူညံလာတာ ဖြစ်ပါတယ်။

Kim Garam ဟာ အလယ်တန်းကျောင်းသူဘဝတုန်းက သူ့ရဲ့ဖုန်းမှာ BTS Sticker ကို ကပ်ထားခဲ့ပြီး BTS V နဲ့ သူဟာ ဘာလိုလိုညာလိုလိုဆိုခဲ့ပြီး အမြဲတမ်းပြောကြောင်း IVE အဖွဲ့ဝင် Wonyoung ကို အလွန်မုန်းပြီး မကောင်းပြောလေ့ရှိသလို၊ လက်ရှိ LE SSERAFIM အဖွဲ့မှာ သူ့ရဲ့ တစ်ဖွဲ့တည်း ဖြစ်လာတဲ့ Sakura ကိုလည်း ‘plastic monster’ လို့ ခေါ်ခဲ့ကြောင်း သိရပါတယ်။

အရှုပ်ထုပ်တွေ တစ်ခုပြီး တစ်ခု အထောက်အထားနဲ့ ပေါ်ပေါက်လာပြီးနောက်မှာတော့ HYBE Labels/Source Music တို့က လက်ရှိမှာ Kim Garam ကို LE SSERAFIM အဖွဲ့က ယာယီအနားယူခိုင်းထားကြောင်း ထုတ်ပြန်ထားတာပါ။

Source: Naver

 

-Zawgyi

■ Kim Garam နဲ႔ပတ္သက္လုိ႔ လိမ္လည္တယ္လုိ႔ HYBE စြပ္စဲြခံေနရ

– – – HYBE ဟာ အေထာက္အထားေတြ ခုိင္လုံေနတာေၾကာင့္ အခုအခ်ိန္ တရား၀င္ထုတ္ျပန္ခ်က္မွာ …

Netizens ေတြဟာ LE SSERAFIM အဖဲြ႕၀င္ Kim Garam ရဲ႕ ေm်ာင္းေတာ္က ကိစၥေတြနဲ႔ ပတ္သက္လုိ႔ သူ႕ရဲ႕ ေအဂ်င္စီေတြျဖစ္တဲ့ HYBE Labels/Source Music တုိ႔ဟာ ျပည္သူေတြကုိ လူသိရွင္ၾကား လိမ္ေနတယ္လုိ႔ စြပ္စဲြေနၾကပါတယ္။

ေမလ (၂၀) ရက္မွာ HYBE Labels နဲ႔ Source Music တုိ႔ ပူးေပါင္းၿပီး အလယ္တန္းတက္တုန္းက Kim Garam ပါ၀င္ပတ္သက္တဲ့ ေm်ာင္းေတာ္က အ႐ႈပ္ေတာ္ပုံအေၾကာင္းကုိ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ထုတ္ျပန္ခ်က္မွာ Kim Garam အေနနဲ႔ ေကာ္မတီရဲ႕ အေရးယူမႈကုိ ခံရခဲ့တာမွန္ေပမဲ့ သူငယ္ခ်င္းေတြကုိ ကာကြယ္ခဲ့တာလုိ႔ ေဖာ္ျပထားပါတယ္။

ၿပီးေတာ့ Kim Garam အေနနဲ႔ တျခားလူေတြကုိ ကုိယ္ထိလm္ေရာက္ လုပ္ခဲ့တာမ်ဳိးမရွိသလုိ၊ တျခား အႏုပညာရွင္ေတြကုိ မေကာင္းေျပာတာမ်ဳိးလည္း မရွိဘူးလုိ႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားတာျဖစ္ၿပီး အခုေနာက္ပုိင္းအေထာက္အထားေတြ တျခား Kim Garam ရဲ႕ ေက်ာင္းေနေဖာ္ေတြက သူရဲ႕ အက်င့္စရိတ္ေတြကို ေဖာ္ျပလာၿပီးေနာက္မွာေတာ့ Netizens ေတြရဲ႕ အသံ ဆူညံလာတာ ျဖစ္ပါတယ္။

Kim Garam ဟာ အလယ္တန္းေက်ာင္းသူဘ၀တုန္းက သူ႕ရဲ႕ဖုန္းမွာ BTS Sticker ကုိ ကပ္ထားခဲ့ၿပီး BTS V နဲ႔ သူဟာ ဘာလုိလုိညာလုိလုိဆုိခဲ့ၿပီး အၿမဲတမ္းေျပာေၾကာင္း IVE အဖဲြ႕၀င္ Wonyoung ကုိ အလြန္မုန္းၿပီး မေကာင္းေျပာေလ့ရွိသလုိ၊ လက္ရွိ LE SSERAFIM အဖဲြ႕မွာ သူ႕ရဲ႕ တစ္ဖဲြ႕တည္း ျဖစ္လာတဲ့ Sakura ကုိလည္း ‘plastic monster’ လုိ႔ ေခၚခဲ့ေၾကာင္း သိရပါတယ္။

အ႐ႈပ္ထုပ္ေတြ တစ္ခုၿပီး တစ္ခု အေထာက္အထားနဲ႔ ေပၚေပါက္လာၿပီးေနာက္မွာေတာ့ HYBE Labels/Source Music တုိ႔က လက္ရွိမွာ Kim Garam ကုိ LE SSERAFIM အဖဲြ႕က ယာယီအနားယူခုိင္းထားေၾကာင္း ထုတ္ျပန္ထားတာပါ။

Source: Naver

You cannot copy content of this page