K pop

■ Kris Wu ရဲ့ SNS accounts အကောင့် ပို့စ်တင်ပြီးနောက် သူ ထောင်က လွတ်ပြီးလား သိချင်နေကြ

– – – အနုပညာလှုပ်ရှားမှုသစ်တွေအကြောင်း ပို့စ်တင်ခဲ့တဲ့ Kris Wu ရဲ့ SNS accounts အကောင့်ကြောင့် ပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်လာ …

မေလ ၂၁ ရက်မှာ Kris Wu ရဲ့ SNS accounts မှာ အနုပညာလှုပ်ရှားမှုအသစ်တွေကြောင်းကို ပို့စ်တင်ထားတာကြောင့် Netizens တွေ အံ့သြတုန်လှုပ်ခဲ့ကြတယ်လို့ တရုတ်နဲ့ ကိုရီးယားမီဒီယာတွေက ဖော်ပြနေကြပါတယ်။

Kris Wu ဟာ ကောင်မလေးတွေရဲ့ စွပ်စွဲမှု ခံရပြီးကတည်းက ထောင်ထဲမှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး အခုလို့ SNS accounts မှာ ပို့စ်အသစ် တက်လာဟာ သူ လွတ်လာလို့လား၊ ဒါမှမဟုတ် ထောင်ထဲမှာ သူ့ကို ဖုန်းသုံးခွင့် ပြုထားလို့လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

တချို့ကတော့ Kris Wu အနေနဲ့ စွဲချက်တွေ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေကို ထောက်ပြပြီး အခု သူရဲ့ SNS accounts မှာ ပို့စ်တင်တာ Kris Wu ရဲ့ အေဂျင်စီက လူတွေ ဖြစ်နိုင်တယ်လို့လည်း မှတ်ချက်တွေ ပေးခဲ့ကြတာကို တွေ့ရပါတယ်။

၂၀၂၁ ဇူလိုင်လမှာ Kris Wu ဟာ အသm်မပြည့်သေးတဲ့ ေmာင်မလေးတွေနဲ့ ငြိစွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တင်ခံခဲ့ရပြီး အဲဒီသတင်းက Chinese entertainment industry တစ်ခုလုံးကိုသာမက ကမ္ဘာ့အနှံ့က ပရိသတ်တွေကို တုန်လှုပ်စေခဲ့တာပါ။

၂၀၂၁ သြဂုတ်လလယ်ပိုင်းမှာတော့ Kris Wu ကို Chaoyang ရဲစခန်းက ဖမ်းဆီးခဲ့ပြီး အဲဒီကတည်းက တရားရင်ဆိုင်နေရပြီး စွပ်စွဲမှုတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် Kris Wu အနေနဲ့ ထောင်ဒဏ် (၁၀) နှစ်အထိ ကျခံရနိုင်တယ်လို့ ရှေ့နေတွေက သုံးသပ်ထားတာပါ။

Source: KBZ

 

-Zawgyi








Source: KBZ

You cannot copy content of this page