K pop

■ ကိုရီးယားအွန်လိုင်းမှာ နာမည်ကြီးနေတဲ့ Jennie နဲ့ V တို့ရဲ့ ဓာတ်ပုံ

– – – ကားပေါ်မှာ နှစ်ယောက်သား အနက်ရောင် မျက်မှန်တွေကို တပ်ကာ ဘေးချင်းကပ်ထိုင်နေတဲ့ Jennie နဲ့ V တို့ရဲ့ ဓာတ်ပုံဟာ …

BLACKPINK အဖွဲ့ဝင် Jennie နဲ့ BTS အဖွဲ့ဝင် V တို့ရဲ့ ကားပေါ်မှာ ဘေးချင်းကပ်ထိုင်နေတဲ့ ဓာတ်ပုံဟာ အွန်လိုင်းတွေမှာ ပျံ့နှံ့နေပြီး Netizens တွေအကြား အဲဒီဓာတ်ပုံဟာ အမှန်တကယ်လား၊ အတုလား ဆိုတာကို အငြင်းပွားနေကြပါတယ်။

မေလ (၂၂) ရက်မှာ G-Dragon နဲ့ Jennie တို့ လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီးနောက်မှာ Jennie နဲ့ V တို့ရဲ့ ဓာတ်ပုံဟာ အွန်လိုင်းမှာ ပေါ်ပေါက်လာတာဖြစ်ပြီး အဲဒီဓာတ်ပုံအရ သူတို့နှစ်ဦးဟာ ဂျယ်ဂျူးကျွန်းကို သွားတာလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ အဲဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး Netizens တွေအကြား အငြင်းပွားခဲ့တာဖြစ်ပြီး တချို့ကတော့ ဒါဟာ BTS ရဲ့ ‘In The Soop’ မှာတဲ့ V နဲ့ J-hope တို့ရဲ့ အခန်းကို Edit လုပ်ထားတာ ဖြစ်တယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

ဒါပေမဲ့ တချို့ကတော့ အဲဒီပုံဟာ တကယ်ဖြစ်ကြောင်း၊ သူတို့ဟာ မတူညီတဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားကြောင်း၊ ပုံမှာပါတဲ့ မျက်မှန်ဟာ Jennie ရဲ့ကိုယ်ပိုင် မျက်မှန်ဖြစ်ကြောင်း၊ Jennie ရဲ့ မျက်မှန်မှာ ပေါ်နေတဲ့ ပတ်ဝန်းကျင်အရိပ်ကို Edit လုပ်ဖို့ မဖြစ်နိုင်ကြောင်း စသဖြင့် မှတ်ချက်တွေ ရေးသားခဲ့တာပါ။

Source: AKP

 

-Zawgyi

■ ကုိရီးယားအြန္လုိင္းမွာ နာမည္ႀကီးေနတဲ့ Jennie နဲ႔ V တုိ႔ရဲ႕ ဓာတ္ပုံ

– – – ကားေပၚမွာ ႏွစ္ေယာက္သား အနက္ေရာင္ မ်က္မွန္ေတြကုိ တပ္ကာ ေဘးခ်င္းကပ္ထုိင္ေနတဲ့ Jennie နဲ႔ V တုိ႔ရဲ႕ ဓာတ္ပုံဟာ …

BLACKPINK အဖဲြ႕၀င္ Jennie နဲ႔ BTS အဖဲြ႕၀င္ V တုိ႔ရဲ႕ ကားေပၚမွာ ေဘးခ်င္းကပ္ထုိင္ေနတဲ့ ဓာတ္ပုံဟာ အြန္လုိင္းေတြမွာ ပ်ံ႕ႏွံ႔ေနၿပီး Netizens ေတြအၾကား အဲဒီဓာတ္ပုံဟာ အမွန္တကယ္လား၊ အတုလား ဆုိတာကုိ အျငင္းပြားေနၾကပါတယ္။

ေမလ (၂၂) ရက္မွာ G-Dragon နဲ႔ Jennie တုိ႔ လမ္းခဲြလုိက္ၿပီဆုိတဲ့ ေကာလာဟလေတြ ထြက္လာၿပီးေနာက္မွာ Jennie နဲ႔ V တုိ႔ရဲ႕ ဓာတ္ပုံဟာ အြန္လုိင္းမွာ ေပၚေပါက္လာတာျဖစ္ၿပီး အဲဒီဓာတ္ပုံအရ သူတုိ႔ႏွစ္ဦးဟာ ဂ်ယ္ဂ်ဴးကၽြန္းကုိ သြားတာလုိ႔ ဆုိပါတယ္။

အဲဒီေနာက္မွာေတာ့ အဲဒီဓာတ္ပုံနဲ႔ ပတ္သက္ၿပီး Netizens ေတြအၾကား အျငင္းပြားခဲ့တာျဖစ္ၿပီး တခ်ဳိ႕ကေတာ့ ဒါဟာ BTS ရဲ႕ ‘In The Soop’ မွာတဲ့ V နဲ႔ J-hope တုိ႔ရဲ႕ အခန္းကို Edit လုပ္ထားတာ ျဖစ္တယ္လုိ႔ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

ဒါေပမဲ့ တခ်ဳိ႕ကေတာ့ အဲဒီပုံဟာ တကယ္ျဖစ္ေၾကာင္း၊ သူတုိ႔ဟာ မတူညီတဲ့ ၀တ္စုံေတြ ၀တ္ဆင္ထားေၾကာင္း၊ ပုံမွာပါတဲ့ မ်က္မွန္ဟာ Jennie ရဲ႕ကုိယ္ပုိင္ မ်က္မွန္ျဖစ္ေၾကာင္း၊ Jennie ရဲ႕ မ်က္မွန္မွာ ေပၚေနတဲ့ ပတ္၀န္းက်င္အရိပ္ကုိ Edit လုပ္ဖုိ႔ မျဖစ္ႏုိင္ေၾကာင္း စသျဖင့္ မွတ္ခ်က္ေတြ ေရးသားခဲ့တာပါ။

Source: AKP

You cannot copy content of this page