– – – Garam ရဲ့ ပြဿနာပေါ်ပေါက်လာပြီးနောက် အမည်ထုတ်ဖော်ခြင်းမရှိတဲ့ ဝန်ထမ်းအချို့က ကုမ္ပဏီနဲ့ ပတ်သက်လို့ …
LE SSERAFIM အဖွဲ့ဝင် Kim Garam ရဲ့ ကျောင်းတော်က ဇာတ်လမ်းဟာ တစ်စထက် တစ်စ ကျယ်လောင်လာပြီး HYBE နဲ့ Source Music တို့ ကာရင်း ကာရင်းကနေ နောက်ဆုံး ဘယ်လိုမှ မကာနိုင်တော့ဘဲ လက်ရှိမှာ အနားပေးထားရတဲ့အထိ အခြေအနေဆိုးရွားပြီး ဒီထက်ပိုပြီးလည်း အထောက်အထားတွေ တစ်နေ့ထက် တစ်နေ့ ထွက်လာနေသေးတာပါ။
အဲဒီအနေအထား ရောက်နေတာတောင် HYBE နဲ့ Source Music တို့ဟာ Kim Garam ကို ကာကွယ်နေတုန်း ဖြစ်ပြီး ဒါကို ကိုရီးယားတွေ စိတ်ပျက်နေကြသလို၊ HYBE မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအချို့လည်း စိတ်ပျက်ရုံတင်မက အရှက်ပါ ရနေကြတာ ဖြစ်ပါတယ်။
ဝန်ထမ်းတစ်ဦးက “သူတို့ ကျေးဇူးကြောင့် ကုမ္ပဏီလည်း တံတွေးကွက်ထဲ မျောနေပြီ။ Source Music ရဲ့ အားနည်းမှုက တိုင်ပတ်တာပဲ။ ခံရသူကို တောင်းပန်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လောက်တောင် ခံရခက်မလဲ။ ဒီကုမ္ပဏီမှာ လုပ်နေတာ ကိုယ့်ကိုယ်ကို ရှက်မိတယ်”လို့ ရေးသားခဲ့တာပါ။
တခြား ဝန်ထမ်းတစ်ဦးကလည်း “အလုပ်ထွက်ချင်နေပြီ။ ဘယ်လောက်ပဲ ကုမ္ပဏီမှာ အခက်အခဲတွေ ကြုံခဲ့ရ၊ ကြုံခဲ့ရ ဒီအတိုင်း ကျော်လွှားခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ ဒီလို ရှက်စရာကောင်းတဲ့ ကုမ္ပဏီမှာ အလုပ်ဆက် မလုပ်ချင်တော့ဘူး”လို့ ဆိုပါတယ်။
အဲဒီနောက်မှာလည်း ဝန်ထမ်းတော်တော်များများက Kim Garam ကိစ္စနဲ့ပတ်သက်ပြီး အရှက်ရကြောင်း၊ ဒီကိစ္စကို ကိုင်တွယ်တဲ့ ကုမ္ပဏီရဲ့ လုပ်ရပ်တွေဟာ မှားယွင်းနေကြောင်း၊ HYBE မှာ အလုပ်ဆက်မလုပ်တော့ကြောင်းတွေ များစွာ ရေးသားခဲ့ပြီးနောက်မှာတော့ Netizens တွေက ဒါဟာ ထိပ်ပိုင်းက လူတွေရဲ့ အားနည်းမှုကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
Source: KBZ
-Zawgyi
■ HYBE မွာ အလုပ္လုပ္ရတာ ရွက္ေၾကာင္း ၀န္ထမ္းအခ်ဳိ႕ ထုတ္ေဖာ္
– – – Garam ရဲ႕ ျပႆနာေပၚေပါက္လာၿပီးေနာက္ အမည္ထုတ္ေဖာ္ျခင္းမရွိတဲ့ ၀န္ထမ္းအခ်ဳိ႕က ကုမၸဏီနဲ႔ ပတ္သက္လုိ႔ …
LE SSERAFIM အဖဲြ႕၀င္ Kim Garam ရဲ႕ ေက်ာင္းေတာ္က ဇာတ္လမ္းဟာ တစ္စထက္ တစ္စ က်ယ္ေလာင္လာၿပီး HYBE နဲ႔ Source Music တုိ႔ ကာရင္း ကာရင္းကေန ေနာက္ဆုံး ဘယ္လုိမွ မကာႏုိင္ေတာ့ဘဲ လက္ရွိမွာ အနားေပးထားရတဲ့အထိ အေျခအေနဆုိးရြားၿပီး ဒီထက္ပုိၿပီးလည္း အေထာက္အထားေတြ တစ္ေန႔ထက္ တစ္ေန႔ ထြက္လာေနေသးတာပါ။
အဲဒီအေနအထား ေရာက္ေနတာေတာင္ HYBE နဲ႔ Source Music တုိ႔ဟာ Kim Garam ကုိ ကာကြယ္ေနတုန္း ျဖစ္ၿပီး ဒါကုိ ကုိရီးယားေတြ စိတ္ပ်က္ေနၾကသလုိ၊ HYBE မွာ အလုပ္လုပ္ေနတဲ့ ၀န္ထမ္းအခ်ဳိ႕လည္း စိတ္ပ်က္႐ုံတင္မက အရွက္ပါ ရေနၾကတာ ျဖစ္ပါတယ္။
၀န္ထမ္းတစ္ဦးက “သူတုိ႔ ေက်းဇူးေၾကာင့္ ကုမၸဏီလည္း တံေတြးကြက္ထဲ ေမ်ာေနၿပီ။ Source Music ရဲ႕ အားနည္းမႈက တုိင္ပတ္တာပဲ။ ခံရသူကုိ ေတာင္းပန္ပါတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘယ္ေလာက္ေတာင္ ခံရခက္မလဲ။ ဒီကုမၸဏီမွာ လုပ္ေနတာ ကုိယ့္ကုိယ္ကုိ ရွက္မိတယ္”လုိ႔ ေရးသားခဲ့တာပါ။
တျခား ၀န္ထမ္းတစ္ဦးကလည္း “အလုပ္ထြက္ခ်င္ေနၿပီ။ ဘယ္ေလာက္ပဲ ကုမၸဏီမွာ အခက္အခဲေတြ ႀကံဳခဲ့ရ၊ ႀကံဳခဲ့ရ ဒီအတုိင္း ေက်ာ္လႊားခဲ့တာပဲ။ ဒါေပမဲ့ အခုေတာ့ ဒီလုိ ရွက္စရာေကာင္းတဲ့ ကုမၸဏီမွာ အလုပ္ဆက္ မလုပ္ခ်င္ေတာ့ဘူး”လုိ႔ ဆုိပါတယ္။
အဲဒီေနာက္မွာလည္း ၀န္ထမ္းေတာ္ေတာ္မ်ားမ်ားက Kim Garam ကိစၥနဲ႔ပတ္သက္ၿပီး အရွက္ရေၾကာင္း၊ ဒီကိစၥကုိ ကုိင္တြယ္တဲ့ ကုမၸဏီရဲ႕ လုပ္ရပ္ေတြဟာ မွားယြင္းေနေၾကာင္း၊ HYBE မွာ အလုပ္ဆက္မလုပ္ေတာ့ေၾကာင္းေတြ မ်ားစြာ ေရးသားခဲ့ၿပီးေနာက္မွာေတာ့ Netizens ေတြက ဒါဟာ ထိပ္ပုိင္းက လူေတြရဲ႕ အားနည္းမႈေၾကာင့္ ျဖစ္တယ္လုိ႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။
Source: KBZ