Drama

■ Our Blues အတွက် သီဆိုထားတဲ့ aespa အဖွဲ့ဝင် (၂) ဦးရဲ့ သီချင်းကို ခံစားနိုင်ပြီ

– – – ဂျယ်ဂျူးမှာ အခြေတည်ရိုက်ကူးထားတဲ့ မင်းသားကြီး Lee Byung Hyun ရဲ့ ဇာတ်လမ်းတွဲမှာ aespa အဖွဲ့ဝင် (၂) ဦးရဲ့ သီချင်းကို ခံစားနိုင်ပြီ ဖြစ်ပါတယ်။

ဧပြီလ (၉) ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တဲ့ “Our Blues” ဇာတ်လမ်းတွဲမှာ aespa အဖွဲ့ဝင်တွေဖြစ်တဲ့ Winter နဲ့ Ningning တို့ဟာ Once Again လို့ အမည်ရတဲ့ OST သီဆိုသွားမယ်လို့ သိရပါတယ်။

Lee Byung Hyun, Shin Min Ah, Cha Seung Won, Lee Jung Eun, Han Ji Min, Kim Woo Bin နဲ့ Kim Hye Ja တို့ ပါဝင်ထားတဲ့ “Our Blues” ဇာတ်လမ်းတွဲဟာ လက်ရှိ ကိုရီးယားမှာရော၊ နိုင်ငံတကာမှာ Hit ဖြစ်နေတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

“Our Blues” ဇာတ်လမ်းတွဲက ဂယ်ဂျူးကျွန်းမှာ နေထိုင်ကြတဲ့ လူတွေရဲ့ ဘဝအခက်အခဲ၊ ဘဝရဲ့ ချိုမြိန်မှုတွေ၊ ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ aespa အဖွဲ့ဝင်တွေဖြစ်တဲ့ Winter နဲ့ Ningning တို့က ဇာတ်ဝင်တေး သီဆိုထားတာပါ။

ဒါဟာ aespa အဖွဲ့ဝင်တွေအတွက် ပထမဆုံးဇာတ်ဝင်တေးဖြစ်ပြီး Once Again ကို အောက်က ဗီဒီယိုမှာ နားဆင်နိုင်ပါတယ်။

Source: KBZ

You cannot copy content of this page