K pop

■ သမီးအရင်းလိုချစ်ပေးတဲ့ ပထွေးကို ကျေးဇူးတင်ခဲ့တဲ့ Sunmi

— တစ်ကိုယ်တော်အဆိုတော် Sunmi က သားသမီးအရင်းလိုချစ်ပေးတဲ့ ပထွေးကို ကျေးဇူးတင်ပြီး မျက်ရည်တောင်ကျတဲ့အထိပါပဲ….

Mnet’s television show ‘Running Girls’ ဟာ အွန်လိုင်းမှာ ဗီဒီယိုအတိုလေး တင်ခဲ့ပါတယ်။ ဗီဒီယိုဟာ Sunmi အပါအဝင် Cast တွေဟာ ဧည့်ခန်းဆောင်မှာ အတူရှိနေကြတာဖြစ်ပါတယ်။

အဲဒီအချိန်မှာ သူတို့တွေဟာ ဘဲလ်မြည်သံကြားခဲ့ရပြီး Sunmi က ဘယ်သူလဲဆိုပြီး တံခါးသွားဖွင့်ခဲ့ပါ ခဲ့ပါတယ်။ အဲဒီအခါ သူမရဲ့ ပထွေးဟာ သူမနဲ့ အခြား Cast တွေအတွက် စားစရာတွေယူလာပေးခဲ့ တာဖြစ်ပါတယ်။

နောက်တော့ Sunmi ဟာ ထုတ်လုပ်ရေးအဖွဲ့နဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး ငိုနေတဲ့မျက်လုံးတွေနဲ့ အခုလို ပြောခဲ့ပါတယ်။

“ ကျွန်မရဲ့ အဖေဟာ Debut မလုပ်ခင်သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်း ပထွေးနဲ့နေခဲ့ရပါ တယ်။ ကျွန်မမှာ မောင်ငယ်နှစ်ယောက်ရှိပါတယ်။ ပထွေးဟာ ကျွန်မတို့နဲ့ သွေးသားမတော်စပ်ပေမယ့် သားသမီးအရင်းလို ပြုစုစောက်ရှောက်ခဲ့ပါတယ်။ ကျွန်မတို့အတွက် လုပ်ပေးခဲ့ဲအရာတွေအတွက် သူ့ ကိုကျေးဇူးတင်ပါတယ်။ သူ လုပ်ပေးခဲ့တာတွေ အများကြီးရှိပါတယ်”-Sunmi

-m2t
Ref: SBSstar

You cannot copy content of this page