K pop

■ Jennie နဲ့ V တို့ရဲ့ သတင်းကို YG တုံ့ပြန်

– – – အွန်လိုင်းမှာ စတင်ပျံ့နှံ့လာတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး YG ကတော့ …

BLACKPINK အဖွဲ့ဝင် Jennie နဲ့ BTS အဖွဲ့ဝင် V တို့ရဲ့ ကားပေါ်မှာ ဘေးချင်းကပ်ထိုင်နေတဲ့ ဓာတ်ပုံဟာ အွန်လိုင်းတွေမှာ ပျံ့နှံ့နေပြီး Netizens တွေအကြား အဲဒီဓာတ်ပုံဟာ အမှန်တကယ်လား၊ အတုလား
ဆိုတာကို အငြင်းပွားနေကြပါတယ်။

မေလ (၂၃) ရက်မှာ Jennie နဲ့ V တို့ရဲ့ ဓာတ်ပုံဟာ အွန်လိုင်းမှာ ပေါ်ပေါက်လာတာဖြစ်ပြီး အဲဒီဓာတ်ပုံအရ သူတို့နှစ်ဦးဟာ ဂျယ်ဂျူးကျွန်းကို သွားတာလို့ ဆိုပါတယ်။ တချို့က Edit လုပ်တာ၊ တချို့က တကယ်ဖြစ်မယ်ဆိုပြီး အွန်လိုင်းမှာ ပြောဆိုနေကြတာပါ။

V နဲ့ Jennie တို့ရဲ့ ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး နှစ်ဦးစလုံးရဲ့ အေဂျင်စီတွေကတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Chosun Ilbo သတင်းစာရဲ့ ဆက်သွယ်မေးမြန်းမှုကိုတော့ YG က “ဘာမှ ပြောစရာ မရှိဘူး”လို့ တုံ့ပြန်ခဲ့တယ်လို့ အဲဒီသတင်းစာက ဖော်ပြခဲ့ပါတယ်။

Chosun Ilbo သတင်းစာ အဲဒီ ကောလာဟလသတင်းတွေနဲ့ပတ်သက်လို့ အတည်ပြုဖို့ BigHit Music ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေကြားခြင်း မရှိဘူးလို့လည်း ဖြေကြားထားပါတယ်။

Source: Chosun Ilbo

-Zawgyi

■ Jennie နဲ႔ V တုိ႔ရဲ႕ သတင္းကုိ YG တုံ႔ျပန္

– – – အြန္လုိင္းမွာ စတင္ပ်ံ႕ႏွံ႔လာတဲ့ ေကာလာဟလနဲ႔ ပတ္သက္ၿပီး YG ကေတာ့ …

BLACKPINK အဖြဲ႕ဝင္ Jennie နဲ႔ BTS အဖြဲ႕ဝင္ V တို႔ရဲ႕ ကားေပၚမွာ ေဘးခ်င္းကပ္ထိုင္ေနတဲ့ ဓာတ္ပုံဟာ အြန္လိုင္းေတြမွာ ပ်ံ႕ႏွံ႔ေနၿပီး Netizens ေတြအၾကား အဲဒီဓာတ္ပုံဟာ အမွန္တကယ္လား၊ အတုလား
ဆိုတာကို အျငင္းပြားေနၾကပါတယ္။

ေမလ (၂၃) ရက္မွာ Jennie နဲ႔ V တို႔ရဲ႕ ဓာတ္ပုံဟာ အြန္လိုင္းမွာ ေပၚေပါက္လာတာျဖစ္ၿပီး အဲဒီဓာတ္ပုံအရ သူတို႔ႏွစ္ဦးဟာ ဂ်ယ္ဂ်ဴးကြၽန္းကို သြားတာလို႔ ဆိုပါတယ္။ တခ်ဳိ႕က Edit လုပ္တာ၊ တခ်ဳိ႕က တကယ္ျဖစ္မယ္ဆုိုၿပီး အြန္လုိင္းမွာ ေျပာဆုိေနၾကတာပါ။

V နဲ႔ Jennie တုိ႔ရဲ႕ ေကာလာဟလသတင္းေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ဦးစလုံးရဲ႕ ေအဂ်င္စီေတြကေတာ့ တရားဝင္ ထုတ္ျပန္ျခင္း မရွိေသးပါဘူး။ Chosun Ilbo သတင္းစာရဲ႕ ဆက္သြယ္ေမးျမန္းမႈကုိေတာ့ YG က “ဘာမွ ေျပာစရာ မရွိဘူး”လုိ႔ တုံ႔ျပန္ခဲ့တယ္လုိ႔ အဲဒီသတင္းစာက ေဖာ္ျပခဲ့ပါတယ္။

Chosun Ilbo သတင္းစာ အဲဒီ ေကာလာဟလသတင္းေတြနဲ႔ပတ္သက္လုိ႔ အတည္ျပဳဖုိ႔ BigHit Music ကုိ ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေျဖၾကားျခင္း မရွိဘူးလုိ႔လည္း ေျဖၾကားထားပါတယ္။

Source: Chosun Ilbo

 

 

You cannot copy content of this page