K pop

■ V နဲ့ Jennie သတင်းအပေါ် HYBE နှုတ်ဆိတ်နေခြင်းအတွက် Netizens ဒေါသထွက်

– – – LE SSERAFIM Garam တုန်းက သောက်သောက်လဲ ကာကွယ်ခဲ့ပေမဲ့ ငွေတွေ နင်းကန်ရှာပေးတဲ့ BTS အဖွဲ့ဝင်အလှည့်မှာတော့ …(အခုမှ မဟုတ် Jimin တုန်းကလည်း …

BTS အဖွဲ့ဝင် V နဲ့ BLACKPINK အဖွဲ့ဝင် Jennie တို့ရဲ့ ဘယ်ကမှန်းမသိတဲ့ ဓတ်ပုံတစ်ပုံမှာ အွန်လိုင်းမှာ ပျံ့နှံ့လာပြီးနောက်မှာတော့ ကိုရီးယားအွန်လိုင်းကွန်မြူနတီတွေကြား သို့လော သို့လောနဲ့ အထင်လွဲမှု ဖြစ်ပေါ်နေတာပါ။

YG ကလည်း သူတို့ရဲ့ ထုံးစံအတိုင်း “ဘာမှ ပြောစရာမရှိဘူး”လို့ သတင်းစာရဲ့ မေးခွန်းကို တုံ့ပြန်ပြီးနောက်မှာတော့ ပရိသတ်တွေအကြား မကျေနပ် ပိုမြင့်တက်လာပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့ HYBE အပေါ် ဒေါသတွေ ထွက်နေကြပါတယ်။

နောက်ပိုင်းမှာတော့ Netizens တွေဟာ LE SSERAFIM အဖွဲ့ဝင် Garam ရဲ့ အရှုပ်တော်ပုံ ပေါ်ပေါက်လာတုန်းက တရားစွဲမယ်၊ ဘာညာနဲ့ ထုတ်ပြန်ချက်တွေ တစ်ခုပြီး တစ်ခု ထုတ်ပြန်ခဲ့တာနဲ့ နှိုင်းယှဉ်နဲ့ အေဂျင်စီအတွက် ငွေတွေ နင်းကန်ရှာပေးခဲ့တဲ့ BTS အဖွဲ့ လစ်လျူရှုထားကို ဒေါသထွက်နေကြတာပါ။

HYBE ဟာ Jimin ရဲ့ ဇိမ်ခံကိစ္စတုန်းက သူတို့ရဲ့ ပေါလျော့မှုကြောင့် Jimin ဟာ ခုအချိန်ထိ ကိုရီးယားပြည်သူတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အခုလည်း V ရဲ့ သတင်းနဲ့ ပတ်သက်လို့ ဘာမှ ဖြေရှင်းခြင်း မရှိသေးတာပါ။

လက်ရှိမှာ V နဲ့ Jennie သတင်းတို့ရဲ့ သတင်းအပေါ် YouTuber တွေကပါ တောပြော၊ တောင်ပြောတွေ ရှိလာပြီး စိတ်ဝင်စားမှု ပိုမြင့်တက်နေပြီး ပရိသတ်တွေ အထူးသဖြင့် BTS ပရိသတ်တွေက နှုတ်ဆိတ်နေတဲ့ HYBE ကို ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။

Source: Koreaboo

 

-Zawgyi

■ V နဲ႔ Jennie သတင္းအေပၚ HYBE ႏႈတ္ဆိတ္ေနျခင္းအတြက္ Netizens ေဒါသထြက္

– – – LE SSERAFIM Garam တုန္းက ေသာက္ေသာက္လဲ ကာကြယ္ခဲ့ေပမဲ့ ေငြေတြ နင္းကန္ရွာေပးတဲ့ BTS အဖဲြ႕၀င္အလွည့္မွာေတာ့ …(အခုမွ မဟုတ္ Jimin တုန္းကလည္း …

BTS အဖဲြ႕၀င္ V နဲ႔ BLACKPINK အဖဲြ႕၀င္ Jennie တုိ႔ရဲ႕ ဘယ္ကမွန္းမသိတဲ့ ဓတ္ပုံတစ္ပုံမွာ အြန္လုိင္းမွာ ပ်ံ႕ႏွံ႔လာၿပီးေနာက္မွာေတာ့ ကုိရီးယားအြန္လုိင္းကြန္ျမဴနတီေတြၾကား သုိ႔ေလာ သုိ႔ေလာနဲ႔ အထင္လဲြမႈ ျဖစ္ေပၚေနတာပါ။

YG ကလည္း သူတုိ႔ရဲ႕ ထုံးစံအတုိင္း “ဘာမွ ေျပာစရာမရွိဘူး”လုိ႔ သတင္းစာရဲ႕ ေမးခြန္းကုိ တု႔ံျပန္ၿပီးေနာက္မွာေတာ့ ပရိသတ္ေတြအၾကား မေက်နပ္ ပုိျမင့္တက္လာၿပီး ဒီကိစၥနဲ႔ ပတ္သက္လုိ႔ ႏႈတ္ဆိတ္ေနတဲ့ HYBE အေပၚ ေဒါသေတြ ထြက္ေနၾကပါတယ္။

ေနာက္ပုိင္းမွာေတာ့ Netizens ေတြဟာ LE SSERAFIM အဖဲြ႕၀င္ Garam ရဲ႕ အ႐ႈပ္ေတာ္ပုံ ေပၚေပါက္လာတုန္းက တရားစဲြမယ္၊ ဘာညာနဲ႔ ထုတ္ျပန္ခ်က္ေတြ တစ္ခုၿပီး တစ္ခု ထုတ္ျပန္ခဲ့တာနဲ႔ ႏႈိင္းယွဥ္နဲ႔ ေအဂ်င္စီအတြက္ ေငြေတြ နင္းကန္ရွာေပးခဲ့တဲ့ BTS အဖဲြ႕ လစ္လ်ဴ႐ႈထားကုိ ေဒါသထြက္ေနၾကတာပါ။

HYBE ဟာ Jimin ရဲ႕ ဇိမ္ခံကိစၥတုန္းက သူတုိ႔ရဲ႕ ေပါေလ်ာ့မႈေၾကာင့္ Jimin ဟာ ခုအခ်ိန္ထိ ကိုရီးယားျပည္သူေတြရဲ႕ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရတာျဖစ္ၿပီး အခုလည္း V ရဲ႕ သတင္းနဲ႔ ပတ္သက္လုိ႔ ဘာမွ ေျဖရွင္းျခင္း မရွိေသးတာပါ။

လက္ရွိမွာ V နဲ႔ Jennie သတင္းတုိ႔ရဲ႕ သတင္းအေပၚ YouTuber ေတြကပါ ေတာေျပာ၊ ေတာင္ေျပာေတြ ရွိလာၿပီး စိတ္၀င္စားမႈ ပုိျမင့္တက္ေနၿပီး ပရိသတ္ေတြ အထူးသျဖင့္ BTS ပရိသတ္ေတြက ႏႈတ္ဆိတ္ေနတဲ့ HYBE ကုိ ေ၀ဖန္မႈေတြ ျပဳလုပ္ေနၾကပါတယ္။

Source: Koreaboo

You cannot copy content of this page