K pop

■ Kim Garam အတွက် အသုံးချခံလိုက်ရတဲ့ Jennie နဲ့ V

– – – Kim Garam ရဲ့ အရှုပ်တော်ပုံ လူတွေ တအား စိတ်ဝင်စားနေချိန် အချိန် ထွက်လာတဲ့ V နဲ့ Jennie တို့ရဲ့ သတင်းက …

မေလ (၂၃) ရက်မှာ BLACKPINK အဖွဲ့ဝင် Jennie နဲ့ BTS အဖွဲ့ဝင် V တို့ရဲ့ ကားပေါ်မှာ ဘေးချင်းကပ်ထိုင်နေတဲ့ ဓာတ်ပုံဟာ အွန်လိုင်းတွေမှာ ပျံ့နှံ့နေပြီး သူတို့နှစ်ဦးဟာ ဂျယ်ဂျူးကျွန်းကို သွားတုန်းကပုံလို ဆိုပါတယ်။ အဲဒီဓာတ်ပုံက Netizen တွေကြား အငြင်းပွားနေတာပါ။

V နဲ့ Jennie တို့ရဲ့ ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး နှစ်ဦးစလုံးရဲ့ အေဂျင်စီတွေကတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Chosun Ilbo သတင်းစာရဲ့ ဆက်သွယ်မေးမြန်းမှုကိုတော့ YG က “ဘာမှ ပြောစရာ မရှိဘူး”လို့ တုံ့ပြန်ခဲ့တယ်လို့ အဲဒီသတင်းစာက ဖော်ပြခဲ့ပါတယ်။

LE SSERAFIM အဖွဲ့ဝင် Garam ရဲ့ အရှုပ်သတင်း ပေါ်ပေါက်နေချိန်မှာ V နဲ့ Jennie တို့ရဲ့ သတင်းထွက်လာတာက Garam ရဲ့ သတင်းကို စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ပြည်သူတွေကို အာရုံလွဲတာလို့ Netizen တွေ သံသယရှိနေကြပါတယ်။

Garam ရဲ့ အရှုပ်ထုပ်တွေက HYBE နဲ့ Source Music တို့ ဖုံးရင်း ဖုံးရင်း တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အခု Garam ကို အဖွဲ့လှုပ်ရှားမှုတွေ အနားပေးထားရတဲ့အထိ ပါပဲ။ ဒါတောင် HYBE က Garam အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားလို့ အနားယူခိုင်းထားတာလို့တောင် ဆိုခဲ့သေးတာပါ။

အခုလို Garam ရဲ့ သတင်းတွေ ကိုရီးယားပြည်သူတွေ စိတ်ဝင်စားနေချိန်မှာ မီဂါစတားတွေဖြစ်တဲ့ Jennie နဲ့ V တို့ရဲ့ သတင်းအချိန်ကိုက် ထွက်ပေါ်လာတာကြောင့် ပရိသတ်တွေက “LEAVE JENNIE ALONE”၊ “LEAVE V ALONE” စတဲ့ မှတ်ချက်တွေကို အွန်လိုင်းမှာ ရေးသားခဲ့ကြပြီး သူတို့နှစ်ယောက်ဟာ ကိုရီးယားရဲ့ ထုံးစံအတိုင်း အသုံးချခံလိုက်ရတာကို ပြောဆိုနေကြပါတယ်။

Source: Koreaboo

 

-Zawgyi

■ Kim Garam အတြက္ အသုံးခ်ခံလုိက္ရတဲ့ Jennie နဲ႔ V

– – – Kim Garam ရဲ႕ အ႐ွုပ္ေတာ္ပုံ လူေတြ တအား စိတ္ဝင္စားေနခ်ိန္ အခ်ိန္ ထြက္လာတဲ့ V နဲ႔ Jennie တုိ႔ရဲ႕ သတင္းက …

ေမလ (၂၃) ရက္မွာ BLACKPINK အဖြဲ႕ဝင္ Jennie နဲ႔ BTS အဖြဲ႕ဝင္ V တို႔ရဲ႕ ကားေပၚမွာ ေဘးခ်င္းကပ္ထိုင္ေနတဲ့ ဓာတ္ပုံဟာ အြန္လိုင္းေတြမွာ ပ်ံ႕ႏွံ႔ေနၿပီး သူတို႔ႏွစ္ဦးဟာ ဂ်ယ္ဂ်ဴးကြၽန္းကို သြားတုန္းကပုံလုိ ဆိုပါတယ္။ အဲဒီဓာတ္ပုံက Netizen ေတြၾကား အျငင္းပြားေနတာပါ။

V နဲ႔ Jennie တုိ႔ရဲ႕ ေကာလာဟလသတင္းေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ဦးစလုံးရဲ႕ ေအဂ်င္စီေတြကေတာ့ တရားဝင္ ထုတ္ျပန္ျခင္း မရွိေသးပါဘူး။ Chosun Ilbo သတင္းစာရဲ႕ ဆက္သြယ္ေမးျမန္းမႈကုိေတာ့ YG က “ဘာမွ ေျပာစရာ မရွိဘူး”လုိ႔ တုံ႔ျပန္ခဲ့တယ္လုိ႔ အဲဒီသတင္းစာက ေဖာ္ျပခဲ့ပါတယ္။

LE SSERAFIM အဖဲြ႕၀င္ Garam ရဲ႕ အ႐ႈပ္သတင္း ေပၚေပါက္ေနခ်ိန္မွာ V နဲ႔ Jennie တုိ႔ရဲ႕ သတင္းထြက္လာတာက Garam ရဲ႕ သတင္းကုိ စိတ္၀င္စားမႈ ျမင့္တက္ေနတဲ့ ျပည္သူေတြကို အာ႐ုံလဲြတာလုိ႔ Netizen ေတြ သံသယရွိေနၾကပါတယ္။

Garam ရဲ႕ အ႐ႈပ္ထုပ္ေတြက HYBE နဲ႔ Source Music တုိ႔ ဖုံးရင္း ဖုံးရင္း တစ္ခုၿပီး တစ္ခု ေပၚေပါက္လာခဲ့တာျဖစ္ၿပီး အခု Garam ကို အဖဲြ႕လႈပ္ရွားမႈေတြ အနားေပးထားရတဲ့အထိ ပါပဲ။ ဒါေတာင္ HYBE က Garam အေနနဲ႔ စိတ္ပုိင္းဆုိင္ရာ ထိခုိက္သြားလုိ႔ အနားယူခုိင္းထားတာလုိ႔ေတာင္ ဆုိခဲ့ေသးတာပါ။

အခုလုိ Garam ရဲ႕ သတင္းေတြ ကုိရီးယားျပည္သူေတြ စိတ္၀င္စားေနခ်ိန္မွာ မီဂါစတားေတြျဖစ္တဲ့ Jennie နဲ႔ V တုိ႔ရဲ႕ သတင္းအခ်ိန္ကုိက္ ထြက္ေပၚလာတာေၾကာင့္ ပရိသတ္ေတြက “LEAVE JENNIE ALONE”၊ “LEAVE V ALONE” စတဲ့ မွတ္ခ်က္ေတြကုိ အြန္လုိင္းမွာ ေရးသားခဲ့ၾကၿပီး သူတုိ႔ႏွစ္ေယာက္ဟာ ကုိရီးယားရဲ႕ ထုံးစံအတုိင္း အသုံးခ်ခံလုိက္ရတာကုိ ေျပာဆုိေနၾကပါတယ္။

Source: Koreaboo

You cannot copy content of this page