K pop

■ Stanford University ပွဲကို တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့တဲ့ EXO အဖွဲ့ခေါင်းဆောင်

– – – Stanford University မှာ ကျင်းပတဲ့ Korean Studies conference မှာ Suho တက်ရောက် မိန့်ခွန်းပြောခဲ့ပြီး ဘယ်လောက်အထိ မိမိုက်နေတယ်ဆိုတာကို …

မေ ၁၉ နဲ့ ၂၀ ရက်တွေက Stanford University မှာ ကျင်းပတဲ့ Korean Studies conference ပွဲကို EXO အဖွဲ့ခေါင်းဆောင် Suho ပထမနေ့တစ်ရက် တက်ရောက်ခဲ့ပြီး CJ ENM America ရဲ့ CEO Angela Killoren၊ Stanford University ရဲ့ ပရော်ဖက်ဆာတွေနဲ့အတူ မိန့်ခွန်းပြောခဲ့တာပါ။

Suho က Hallyu wave (Korean wave) အကြောင်းကို ပြောပြခဲ့ပြီး K-pop artist တစ်ဦးအနေနဲ့ သူဖြတ်သန်းတဲ့ ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည်ဝေမျှခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးတော့ Suho က အနာဂတ်မျှော်မှန်းချက်တွေကိုလည်း မိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။

Suho က “Hallyu wave ရဲ့ လွှမ်းမိုးမှုကို ကျွန်တော်တို့အနေနဲ့ စတိတ်မှာပဲ မဟုတ်ဘဲ နေစဉ် လူနေမှု ဘဝတွေမှာလည်း ခံစားရမှာပါ။ လူမှုကွန်ရက်တွေမှာ Dance cover videos တွေ ပြန့်နေတာက Hallyu နဲ့ K-pop ရဲ့ အောင်မြင်မှုပါပဲ

ကျွန်တော်တို့ရဲ့ producer ဖြစ်တဲ့ Lee Soo-man ဆိုရင် အမြဲတမ်း ပြောပါတယ်။ Hallyu က ဖန်တီးရတဲ့ အရာဖြစ်ပြီး လူတိုင်းခံစားနိုင်တဲ့၊ လူတိုင်း ပါဝင်ဆင်နွှဲနိုင်တဲ့ အရာဆိုတာကိုပေါ့”လို့ ပြောကြားခဲ့ပါတယ်။

Source: SBS News

You cannot copy content of this page