– – – IU က ဒီလိုထိပ်တန်းမင်းသားကို တွေ့ရင် ချောလွန်းလို့ သူ့ကိုကြည့်တာကို ရပ်လို့တောင် ဘယ်လိုမှ မရဘူးလို့ ဆိုခဲ့တာပါ။
KBS ရုပ်သံရဲ့ ‘Entertainment Weekly Live’ အစီအစဉ်မှာ ‘Broker’ ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းသားတွေဖြစ်တဲ့ Gang Dong Won နဲ့ Song Kang Ho၊ မင်းသမီးတွေဖြစ်တဲ့ Lee Joo-young နဲ့ IU တို့ ဧည့်သည်အဖြစ် ပါဝင်ခဲ့ဖူးတာပါ။
အဲဒီမှာ ဝါရင့်မင်းသား Song Kang Ho က ‘Broker’ ဟာ သူနဲ့ မင်းသားချော Gang Dong Won တို့ ဒုတိယအကြိမ်မြောက် ဆုံတဲ့ဇာတ်ကားဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး Gang Dong Won ကိုလည်း “မင်း အရပ်ပိုရှည်တာလား။ ငါထင်တာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်ကထက် မင်း အရပ်ပိုရှည်လာပြီး ပိုလည်း ချောလာတယ်လို့ ထင်တယ်”လို့ ဆိုခဲ့ပါတယ်။
IU ကတော့ သူ့အနေနဲ့ ဝါရင့်မင်းသားတွေဖြစ်တဲ့ Gang Dong Won, Song Kang Ho၊ မင်းသမီး Lee Joo-young တို့နဲ့ ပထမဆုံး ရိုက်ဖူးတာဖြစ်ပြီး သူတို့လို ထိပ်တန်းစီနီယာတွေနဲ့ ဆုံတွေ့ခွင့်ရတဲ့အတွက် အရမ်းကံကောင်း ပြောပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ IU က “Gang Dong Won နဲ့ ကျွန်မ အခန်းတွေ စရိုက်တော့ ကျွန်မအနေနဲ့ သူ့ကို ကြည့်တာ မရပ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သူက အရမ်းချောတာကို။ ကျွန်မရဲ့ မျက်လုံးတွေက ကျွန်မဆန္ဒကို ဆန့်ကျင်ပြီး သူ့ဆီပဲ ရောက်ရောက်သွားတာ။ ဘာဆေးမှာတောင် မကူနိုင်ပါဘူး”လို့ ပြောပြီး ရှက်ရယ်ရယ်နေခဲ့တာပါ။
နောက်ဆုံးမှာတော့ Song Kang Ho က “Gang Dong Won နဲ့ ပတ်သက်ပြီး လူတွေက ဘယ်လိုမြင်လဲလို့ မေးတဲ့အခါတိုင်း သူက အရမ်းနွေးထွေးသူလို့ ကျွန်တော် ဖြေလေ့ရှိပါတယ်။ သူ့ကို တွေ့ရတာ ကျွန်တော့်ညီလေးကို တွေ့ရသလို၊ အရမ်းကို သက်သောင့်သက်သာ ဖြစ်တယ်”လို့ ဆိုခဲ့တာပါ။
Source: SBS News