K pop

■ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ မရိုက်ခင် Rosé လုပ်လေ့ရှိတဲ့အရာ

– – – ဒါကို သာမန်လူတွေ မလုပ်နိုင်ပါဘူး။ ပရော်ဖက်ရှင်နယ်တွေ လုပ်လေ့ရှိတဲ့အရာ ဖြစ်ပြီး Rosé ခံရတဲ့ ဒုက္ခလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

နာမည်ကျော် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ၊ မော်ဒယ်လ်ရဲ့ ဘဝကို ကြည့်လိုက်ရင် ဝတ်ကောင်းစားလှတွေ ဝတ်ပြီး အမြဲတမ်းစမတ်ကျနေတာပဲလို့ သာမန်လူတွေ မြင်ကြပါလိမ့်မယ်။ အမှန်တကယ်မှာတော့ အဲဒီလို မဟုတ်ပါဘူ။

ရုပ်ပိုင်းကို ဦးစားပေးတဲ့ အနုပညာလောကမှာ နာမည်ကျော်တွေဟာ ရုပ်ကလေး ချောနေဖို့၊ ခန္ဓာကိုယ် အချိုးကျပြေပြစ်နေဖို့၊ ဝိတ်မတက်ဖို့ အစွမ်းကုန်ကြိုးစားပြီး နေ့တိုင်း Gym တွေ ပင်ပန်းခံကစားတာ၊ အစာငတ်ခံပြီး Diet လုပ်တွေ ရှိနေတာပါ။

အဲဒီထဲမှာ ကမ္ဘာကျော် BLACKPINK အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Rosé လည်း ပါဝင်ပြီး သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားက Slim ဖြစ်ပေမဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ရိုက်တဲ့အခါ လုပ်ဆောင်ရတဲ့အရာတွေရှိကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့တာပါ။

Rosé က “ကျွန်မရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်က အလွယ်ကလေး ဖောရောင်တတ်တာပါ။ ဒါကြောင့် ဗီဒီယိုရိုက်ကွင်းတွေ၊ ဓာတ်ပုံရိုက်ကွင်းတဲ့ ရှိတဲ့အခါမျိုးမှာ အစပ်တွေ၊ အငန်တွေ မစားမိဖို့ ကျွန်မ ကြိုးစားလေ့ရှိပါတာယ်။

တစ်ခါတလေ ဗိုက်အရမ်းဆာနေပေမဲ့ ဘာမှ မစားဘဲ နေတဲ့အခါမျိုးတွေတောင် ရှိပါတယ်။ အလုပ်လုပ်တဲ့အခါမှာတော့ တော့ပုကီ စားလေ့ရှိပါတယ်။ ဒါပေမဲ့ အမြဲတမ်းစားလေ့ရှိတာကတော့ ဆလပ်တွေပါပဲ။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ဖောရောင်မှာကို ကြောက်လို့ပါ”လို့ ဆိုခဲ့ပါတယ်။

Source: SBS News

You cannot copy content of this page