K pop

■ ခန္ဓာကိုယ်ဖွံဖြိုးမှုအတွက် ကလေးတွေ သောက်လေ့ရှိတဲ့နို့ သောက်လို့ ဝေဖန်ခံရတဲ့ CLASS:y အဖွဲ့ဝင်

– – – ကလေးတွေ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သောက်လေ့ရှိတဲ့ Forluma အတိုင်း ဖော်စပ်ထားတဲ့ နို့ကို သောက်နေတဲ့ CLASS:y အဖွဲ့ဝင်ကတော့ …

MBC ရဲ့ ‘The Manager (Omniscient Interfering View)’ အစီအစဉ်မှာ CLASS:y အဖွဲ့နဲ့ သူတို့ရဲ့ မန်နေဂျာ Cho Yi Hyun တို့ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး CLASS:y အဖွဲ့အနေနဲ့ ပွဲထွက်ဖို့ ဘယ်လို ပြင်ဆင်ခဲ့ရတယ်ဆိုတာကို ပြောပြခဲ့ကြပါတယ်။

Survival audition show ‘My Teen Girl’ က ထွက်ပေါ်လာတဲ့ CLASS:y အဖွဲ့ဟာ မေ ၅ ရက်က ပွဲထွက်ခဲ့ပြီး သူတို့ ပွဲထွက်ဖို့အတွက် မန်နေဂျာဖြစ်သူ Cho Yi Hyun ဟာ အဖွဲ့ဝင်တွေအတွက် အစားအသောက်တွေက အစ ပြင်ဆင်ပေးခဲ့တာပါ။

CLASS:y အဖွဲ့ဝင်တွေဟာ ပွဲထွက်ဖို့အတွက် စည်းကမ်းတင်းကြပ်တဲ့ diet အစီအစဉ်တွေကို လိုက်နာရပြီး အဲဒီအစီအစဉ်မှာ အသက် ၁၄ နှစ်အရွယ် CLASS:y အဖွဲ့ဝင် Park Boeun တစ်ယောက် အရပ်ဖို့အတွက် ကလေးအတွက် ဖျော်စပ်ထားတဲ့ နို့သောက်တာကို မြင်တဲ့အခါမှာတော့ ပရိသတ်တွေ အတော်လေး အံ့သြခဲ့ကြပါတယ်။

အဲဒီအပိုင်း ထုတ်လွှင့်ပြီးနောက်မှာတော့ ကြည့်ရှုသူတွေက သူတို့အနေနဲ့ အခုလိုမြင်ရတာ မသက်မသာ ဖြစ်ရကြောင်း၊ အခုလို diet လုပ်တာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကြည့်ရတာ အဆင်မပြေကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

Source: SBS News

You cannot copy content of this page