– – – သက်သေအထောက်အထားတွေ ဖုံးမရအောင် ပေါ်လာပြီးနောက်မှာ HYBE က တရားခံရဲ့ ရှေ့နေကို လာဘ်သိပ်ထိုးဖို့အထိ လုပ်လာတာ…
ေmျာင်းတော်က အရှုပ်တော်ပုံကြောင့် လက်ရှိမှာ LE SSERAFIM အဖွဲ့ကနေ အနားယူနေရတဲ့ Kim Garam ရဲ့ အတိတ်ကြောင်း မကောင်းသတင်းတွေက တစ်နေ့ထက် တစ်နေ့ တစ်ဦးထက် တစ်ဦး ပိုများလာပြီး အွန်လိုင်းမှာ သူ့နဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေက အတော်လေးကို ပွထနေတာပါ။
LE SSERAFIM အဖွဲ့အနေနဲ့ လက်ရှိမှာ အဖွဲ့ဝင် လှုပ်ရှားမှုတွေ ဆက်လုပ်နေပေမဲ့ သူတို့ရဲ့ အွန်လိုင်းအကောင့်တွေကတော့ အရင်လို ဘာလုပ်မယ်ဆိုတာကို ဖော်ပြခြင်းမရှိတာကြောင့် အဖွဲ့မှာ Kim Garam ပြန်လည်ပါဝင်လာဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ကိုရီးယား နာမည်ကျော် သတင်းစာ Joongang Daily ကတော့ HYBE အနေနဲ့ Kim Garam ကို LE SSERAFIM အဖွဲ့ကနေ ဖယ်ထုတ်ဖို့ အစီအစဉ်မရှိဘူးလို့ အေဂျင်စီကိုယ်စားလှယ်ရဲ့ ပြောကြားချက်ကို ကိုးကားကာ ဖော်ပြခဲ့တာပါ။
ဒါ့ပြင် ပိုဆိုးတာက HYBE က တာဝန်ရှိသူတွေဟာ Kim Garam ရဲ့ အနိုင်mျင့်ခြင်းကို ခံခဲ့ရတဲ့ သားေmာင်ဖြစ်သူ Yoo Eunseo အတွက် ဆောင်ရွက်ပေးနေတဲ့ Daeryun Law တွေ့ဆုံပြီး အမှုအတွက် ကျေးအေးမှု ရဖို့ ကြိုးစားနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
Source: Joongang Daily