– – – သီချင်းသစ်မထုတ်တာ တစ်နှစ်ခွဲကျော်ကြာပြီဖြစ်သလို၊ ၂၀၂၃ ခုနှစ်မှာ အေဂျင်စီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် BLACKPINK အဖွဲ့ဟာ …
BLACKPINK အဖွဲ့အနေနဲ့ ၂၀၂၀ အောက်တိုဘာမှာ Lovesick Girls သီချင်းကို ထုတ်ဝေပြီးနောက် သီချင်းသစ် မထုတ်တာ တစ်နှစ်ခွဲကျော်လို့ နှစ်နှစ်နီးပါးကို ကပ်လာပြီဖြစ်ပါတယ်။ ဒါ့ပြင် BLACKPINK အဖွဲ့ဝင်တွေအနေနဲ့ အခုကတည်းက တစ်ကိုယ်တော် အလုပ်တွေ များနေတာလည်း တွေ့ရပါတယ်။
၂၀၁၆ မှာ ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ ၂၀၂၃ မှာ YG နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး BLACKPINK အဖွဲ့ဝင်တွေအနေနဲ့ အေဂျင်စီနဲ့ စာချုပ်သက်တမ်းမတိုးဘဲ တစ်ဦးချင်းစီ လမ်းကြောင်းတစ်ခုစီ လျှောက်ကြမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
Rolling Stone နဲ့ အင်တာဗျူးမှာ တစ်နေ့ BLACKPINK အဖွဲ့ ဖျက်သိမ်းတဲ့အခါ ဘယ်လိုဖြစ်လာမယ်လို့ မင်း ထင်သလဲဆိုပြီး Lisa ကို မေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီမေးခွန်းကို Lisa က “အဖွဲ့ ဖျက်သိမ်းမယ်ဆိုတာနဲ့ ကျွန်မ တစ်ခါမှတောင် မပြောဖူးဘူးလို့ ထင်ပါတယ်။ တစ်ခါတလေတော ရယ်စရာ မောစရာတွေအနေနဲ့ Jisoo unnie က ဟာဝိုင်ယီကို သွား၊ Lisa က ထိုင်းကို ပြန်လိမ့်မယ်ဆိုတာမျိုးလောက်ပဲ ပြောဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
ဆက်ပြီးတော့ Lisa က သူ့အနေနဲ့ အဖွဲ့ဖျက်သိမ်းမယ်ဆိုတဲ့ အတွေးကို မတွေးချင်ကြောင်းနဲ့ အဲဒါက အရမ်းကို ဝမ်းနည်းစရာကောင်းလိမ့်မယ်လို့လည်း ပြောကြားခဲ့တာပါ။
Source: Rolling Stone