– – – ၂၀၂၃ မှာ YG Entertainment နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် BLACKPINK အဖွဲ့အနေနဲ့ K-Pop လောကမှာ ဘယ်အချိန်အထိ …
BLACKPINK အဖွဲ့အနေနဲ့ ၂၀၂၀ အောက်တိုဘာမှာ Lovesick Girls သီချင်းကို ထုတ်ဝေပြီးနောက် သီချင်းသစ် မထုတ်တာ တစ်နှစ်ခွဲကျော်လို့ နှစ်နှစ်နီးပါးကို ကပ်လာပြီဖြစ်ပါတယ်။
၂၀၁၆ မှာ ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ ၂၀၂၃ မှာ YG နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အဖွဲ့ဝင်တွေဟာ အေဂျင်စီနဲ့ စာချုပ်သက်တမ်းမတိုးဘဲ တစ်ဦးချင်းစီ လမ်းကြောင်းတစ်ခုစီ လျှောက်ကြမယ်လို့ ကောလာဟလတွေ ထွက်နေတာပါ။
Rolling Stone နဲ့ အင်တာဗျူးမှာ တစ်နေ့ BLACKPINK အဖွဲ့ ဖျက်သိမ်းတဲ့အခါ ဘယ်လိုဖြစ်လာမယ်လို့ မင်း ထင်သလဲဆိုပြီး မေးမြန်းခဲ့ရာမှာတော့ Lisa က တစ်ခါမှာတောင် မစဉ်းစားဖူးဘူးလို့ ပြန်ဖြေခဲ့ပြီး BLACKPINK အဖွဲ့အနေနဲ့ နောက်ထပ် အနည်းဆုံး ၁၀ နှစ်လောက်အထိ ဆက်ရှိစေချင်တယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီမေးခွန်းကို Lisa က “BLACKPINK အနေနဲ့ အနည်းဆုံး နောက်ထပ် ၁၀ နှစ်လောက်အထိ ဆက်မရှိနိုင်ဘူးလား။ အဲဒီအချိန်ဆိုရင် ကျွန်မတို့ အသက် ၄၀ တန်းလောက်ကို ရောက်ပြီပေါ့။ အသက် ၄၀ တန်းလောက်ကို ရောက်ရင် ကျွန်မ ဘာလုပ်မနေလဲတော့ မပြောတတ်ပါဘူး။ အခုလိုပဲ ရှိနေဦးမလား။ တခြားဟာတွေကို လုပ်နေမလား”လို့ ဆိုခဲ့ပါတယ်။
Source: Rolling Stone